ကူရာမဲ့နေဦးမယ့် ရေမဆေးတို့ ရဲ့ ဘဝ

ဇူလိုင် ၁၅ ရက်၊ တနင်္ဂနွေနေ့ထုတ် ပုဂ္ဂလိက သတင်းစာတွေရဲ့ မျက်နှာဖုံးမှာခေါင်းကြီးသတင်း အဖြစ်ဖော်ပြထားတဲ့သတင်းကတော့ ငြိမ်ချမ်းရေး သတင်းမဟုတ်ဘဲ မငြိမ်းချမ်းတဲ့သတင်းဖြစ်နေတာ ကို စိတ်မကောင်းစွာနဲ့တွေ့လိုက်ရပါတယ်။ 
အမင်္ဂလာသတင်းလို့ပြောရမယ့် အဲဒီသတင်း ကတော့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်း  ကျေးရွာအုပ်စု၊ ဆန်ခါကျေးရွာအနီးရှိမဟာအစ ပထမကျောက်မျက်တူးဖော်ရေးလုပ်ကွက်မှာ ဇူလိုင် ၁၄ ရက်၊ မွန်းလွဲ ၂ နာရီလောက်က မြေပြိုကျမှုဖြစ် ပွားပြီး သေဆုံး၊ ပျောက်ဆုံးနဲ့ဒဏ်ရာရသူတွေ အများအပြားဖြစ်ပေါ်ခဲ့တာပဲဖြစ်ပါတယ်။
သတင်းစာတွေမှာ ဖော်ပြထားချက်အရတော့ အမြင့်ပေ ၃၀၀ လောက်၊ အလျားပေ ၇၀၀ လောက် ကနေ မြေပြိုကျလာတာဖြစ်ပြီး အောက်ဘက်မှာရှိ တဲ့ ရေမဆေးကျောက်ရှာသူတွေ၊ ဈေးသည်တွေ၊ ကျင်းတူးသူတွေအပေါ်ဖုံးလွှမ်းသွားတာလို့သိရပါ တယ်။ လောလောဆယ်အနေနဲ့ အလောင်း ၁၅ လောင်းနဲ့ ဒဏ်ရာရသူ ၄၆ ယောက်တို့ကိုတူးဖော် ကယ်ဆယ်ပြီး ထပ်ခါထပ်ခါပြိုကျနေတာကြောင့် ကယ်ဆယ်ရေးကိုရပ်နားထားရတယ်လို့သိရပါတယ်။ မျက်မြင်တွေ့သူတွေရဲ့ ပြောပြချက်အရ မြေအောက် မှာ လူအယောက်တစ်ရာကျော်လောက်ရှိနိုင်တယ် လို့သိရပါတယ်။
ဖြစ်ရတဲ့အကြောင်းရင်းကို ပြောပြသူကတော့ လုပ်ကွက်နဲ့ကပ်လျက်ကုမ်္ပဏီတစ်ခုက ထမင်းစားနား ချိန်မှာ မိုင်းခွဲတယ်။ မိုင်းနဲ့တုန်ခါအားကြောင့်ပြိုကျ တယ်။ ဒီဘက်ကမ်းပါးပြိုတော့ ရေတွေက ဟိုဘက် ကမ်းပါးကိုပါရိုက်တယ်။ ရေလှိုင်းကဆွဲချသွားတယ်။ နားချိန်မို့လို့ဒီလောက်ပဲသေတာ။ ညနေပိုင်းအလုပ် ၀င်ချိန်ဆိုရင် ထောင်ကျော်သေနိုင်တယ်လို့မြင်တွေ့ ခဲ့ရတာကိုပြောပါတယ်။
တကယ်တော့ သဘာဝသယံဇာတကျိန်စာသင့် နေတဲ့ ဖားကန့်လိုနေရာမျိုးမှာ မြေစာပုံပြိုကျတယ် ဆိုတာ အဆန်းမဟုတ်သလို ရေမဆေးကျောက်ရှာ ဖွေသူတွေ မြေစာပုံပိပြီးဆုံးတာလည်း အထူးအဆန်း တော့မဟုတ်ပါဘူး။ ရန်ကုန်မှာသွားရင်းလာရင်း ဓာတ်လိုက်သေသလို ဖြစ်ရိုးဖြစ်စဉ်နေကြမထူးဆန်း တဲ့အကြောင်းအရာလို့ပဲပြောရမှာပါ။ ဒါပေမဲ့ ဒီလို ဖြစ်စဉ်တွေဟာဖြစ်နေကြပဲဆိုပြီး ပေါ့ပေါ့တန်တန် သဘောထားလို့တော့ မသင့်လျော်ပါဘူး။ ဘာလို့လဲ ဆိုတော့ သေဆုံးခဲ့ရသူတွေဟာ နိုင်ငံသားတွေဖြစ် နေလို့ပါပဲ။
တစ်ခါလည်းမဟုတ်၊  နှစ်ခါလည်း မဟုတ် အကြိမ်ကြိမ်အခါခါဖြစ်ပေါ်နေတဲ့ကိစ်္စရပ်ကိုတာဝန် ရှိသူတွေက မသိကျိုးကျွံပြုပြီးနေမယ်ဆိုရင် ရက်စက် ရာကျလွန်းပါတယ်လို့ပြောရမှာပါ။ ကုမ်္ပဏီတွေအနေ နဲ့ စွန့်ပစ်မြေစာတွေကို ဥရုချောင်းနဲ့မြစ်လက်တက် တွေ၊ စိမ့်စမ်းတွေအပေါ်မှာမပုံဖို့၊ ၄၅ ဒီဂရီလောက် ရှိတဲ့ ဆင်ခြေလျှောပုံဖို့၊ စည်းကမ်းမဲ့မိုင်းမခွဲဖို့စတဲ့ အန်္တရာယ်ရှိနိုင်တဲ့အပြုအမူမျိုးတွေမလုပ်စေဖို့ကြပ် မတ်ထိန်းသိမ်းရမှာဖြစ်ပါတယ်။ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မလိုက်နာရင်ထိရောက်စွာ အရေးယူရမယ်။ လုပ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံ့ဝန်ထမ်းတွေ ဟာလည်း တိတိကျကျလုပ်မယ်။ မျက်နှာကြီးငယ် မရွေးအရေးယူမယ်ဆိုရင်၊ ကုမ်္ပဏီတွေကိုမျက်နှာသာ မပေးဘူးဆိုရင် ဆိုးဆိုးရွားရွားဖြစ်စရာလည်းသိပ်ရှိ မယ်မထင်ပါဘူး။
 
အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News journal တွင်ဆက်လက်ဖတ်ရှုပါရန်.........
 
ရွှေလှဟန်