ကျည်သင့်ဝင်သော ဥယျာဉ်မှူးမှ . . .

ရှေးရှုမေတ္တာ၊ ကရုဏာနှင့်

နာနာကြင်ကြင်၊ အပြစ်မြင်တိုင်း

ဝမ်းတွင်မသို၊ ဟုတ်တိုင်းဆို၍

ကျိုးလိုစိတ်က၊ ဆုံးမတတ်သူ

ဆရာဟူ၏။

ဆရာ့စိတ်နေသဘောထားကို ပေါ်လွင်ထင် ဟပ်စေသည့် လင်္ကာတစ်ပုဒ်ကို မန်လည်ဆရာတော် ဘုရားကြီးက မဃဒေ၀ တွင် ရေးသားထားသည်ကို ကျွန်တော်လေ့လာမှတ်သားဖူးပါသည်။ ဆရာတိုင်း ၏နှလုံးသားတွင် မေတ္တာ၊ ကရုဏာတို့အား ရှေ့တန်း ပြကာ မိမိတို့စိတ်ထဲတွင် တပည့်များမှ မကောင်းမှု စိတ်ထားများကိုတွေ့ရှိရ၍ ဘ၀င်မကျသောအခါ စိတ်ထဲ၊ ၀မ်းထဲတွင် မထားရှိဘဲ ဘွေဘွေဘွင်းဘွင်း ပြောဆိုဆုံးမတတ်ကြသည်။  ထိုသို့ဆရာက ဆုံးမ လိုက်သည့်အခါတိုင်း အသိတရားနုနယ်သေးသော တပည့်ကလေးများစိတ်တွင် စိတ်ဆိုးဒေါသထွက် လေ့ရှိကြသည်။သို့သော် အချိန်တန် လူလားမြောက် ကာ မိမိခြေထောက်ပေါ် စုံရပ်ကြရသည့်အခါ ကိုယ့် ဘ၀ရည်မှန်းချက်ပန်းတိုင်သို့ ရောက်ရှိသောအခါမှ ငယ်စဉ်ခါ ဆရာများကဆူခဲ့၊ ရိုက်နှက်ဆုံးမခဲ့မှုကိုပြန် ပြောင်းအောက်မေ့သတိရကာ ကျေးဇူးတရားများနှင့် ဆရာများကို နားလည်လာကြသည်။ တပည့်များ အား ဘ၀ပန်းတိုင်မြင့်မြင့်မားမားရောက်ရှိစေဖို့ဆန္ဒ ဒေါသောဖြင့် အမှတ်မထင်ပြောဆိုဆုံးမမိလိုက်သည့် စကားတစ်ခွန်းကြောင့် ဆရာတစ်ဦး၏ အသက်တစ် ချောင်းကို လွယ်လွယ်ကူကူပင် ခေါ်ငင်နုတ်ယူခဲ့ကြ သည်။ သည်ဖြစ်ရပ်လေးကို ကျွန်တော်လူမှုစာ မျက်နှာကွန်ရက်ပေါ်တွင် ဆို့နင့်မွန်းကျပ်မှုများနှင့် အတူ မြင်တွေ့ဖတ်ရှုမိခဲ့ပါသည်။

၂၀၁၇ ခုနှစ်၊ ဇန်န၀ါရီ ၁၈ရက်က ဖြစ်ပွားခဲ့ သော ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နမ့်မဖြစ်ရွာ မှ အလယ်တန်းပြကျောင်းဆရာလေး ကိုအောင်ဇင် ထွန်း၏ ဖြစ်ရပ်ဖြစ်သည်။ နိုင်ငံတော်အတွက် ရှား ပါးသော အရွယ်ကောင်း၊ ပညာတတ်ကျောင်းဆရာ တစ်ဦးကို နစ်နာဆုံးရှုံးလိုက်ရသကဲ့သို့ မိဘ၊ ညီ အစ်ကို မောင်နှမ၊ ဆွေမျိုးအသိုင်းအ၀န်းများအတွက် ရင်ထုမနာ ခံစားစေရမည်မှာ အမှန်ပင်ဖြစ်သည်။ ထိုဖြစ်စဉ်သည် မြန်မာ့ပညာရေးလောကနှင့် အနာ ဂတ်သားကောင်းရတနာများကိုလမ်းပြပြုစုပျိုးထောင် ပေးမည့် ဥယျာဉ်မှူးကောင်းတစ်ယောက် လက်လွှတ် ဆုံးရှုံးရခြင်းပင်။ ဆရာလေးပြောထွက် ဆုံးမလိုက် သော စကားသည် သတ်ပစ်လောက်အောင်ပင် နာ ကြည်းမုန်းတီးစရာကောင်းနေ၏လော။နှုတ်ဖြင့်ပြော သည်ကို နှုတ်ဖြင့်သာ ပြန်လည်ရှင်းဖို့လိုပါသည်။ အခု တော့ အငြိုးအတေးစုကာ လက်ညှိုးကွေးပြု ဖြေရှင်း လိုက်ခြင်းကား လူမဆန်သောလုပ်ရပ်ဟု ဆိုချင် သည်။ မြေဖြူသာကိုင်သော ဆရာတစ်ယောက်ကို လက်နက်ကိုင်သူတွေက အနိုင်ကျင့်သတ်ဖြတ်ရဲပြ ခြင်းသည် သရဲဘောကြောင်လမ်းစဉ်ပင်ဖြစ်သည်။ မိမိတို့ရွာအား တကူးတက လာရောက်ပြီး အနေ အစားပင်ပန်းဆင်းရဲစွာ နေထိုင်ကြသည့် ဆရာ၊ ဆရာမများဆိုသည်မှာ မိမိတို့ရင်သွေးများကိုပင် ပညာသင်ကြားပေးနေသူများဖြစ်ကြောင်းတော့  အသိတရားထားရှိသင့်သည်။

နိုင်ငံ၏ နယ်စွန်၊နယ်ဖျား ဥပဒေနှင့်လည်း အလှမ်းဝေးသောအရပ်၊ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသောကျေးရွာများရှိ ကလေးငယ်များကို သွား ရောက်ပညာသင်ကြားပေးနေသော အစိုးရခန့်ပညာ ရေးဝန်ထမ်း ဆရာ၊ ဆရာမများအတွက် ထိတ်လန့် တုန်လှုပ်ဖွယ် ဖြစ်စဉ်ဖြစ်သည်။ နာသုံးနာဖြင့် မွန် မြတ်ခံယူစိတ်ထားကာ   တပည့်ကလေးများအား ပညာတတ်မြောက်အောင် မခိုမကပ်အမှန်သင်ကြား ပေးရာတွင် အဆိုပါသတ်ဖြတ်ခံရသူ ကျောင်းဆရာ လေးကဲ့သို့ ပြဿနာဖြင့် မလွဲမသွေမကြုံကြိုက်ပါဟု မည်သူကမျှ အာမခံချက်မပေးနိုင်ချေ။

ကျောင်းဟူသည်ကား စည်းကမ်းကိုအခြေပြု ကာ ပညာသင်ကြားပေးရာနေရာဖြစ်သည်။ အချို့ ဖွံ့ဖြိုးမှုအားနည်းသောဒေသများတွင်  စည်းကမ်း မလိုက်နာချင်သော ကျောင်းသားများနောက်တွင် သည်းသည်းလှုပ်မိဘများ ရှိနေသည်ဆိုတော့ ဆရာ၊ ဆရာမများ၏ သင်ကြားပေးမှုအပိုင်းတွင် ခက်တော့ ခက်ချေပါသည်။လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဝေးသီခေါင်ဒေသရှိ ကျေးရွာများ၏ ပညာရေးသည် တကယ့်မဟာအကျပ်အတည်းပင်။

ကျွန်တော်နှင့် ခင်မင်ရင်းနှီးသော မူလတန်းပြ ကျောင်းဆရာမလေးတစ်ဦးက ပြောဖူးသည်။

““ငါတို့ကလေးကို မရိုက်နဲ့။ မကြိုက်ဘူး။ မင်းတို့ စာမတတ်လည်း ငါတို့ဘာမှ ဖြစ်မသွားဘူး”” ဟူ၍ ကျောင်းသားမိဘကကျောင်းသို့ကိုယ်တိုင်လာရောက် ပြောဖူးခဲ့ကြောင်း သူစာသင်ကြားပေးရာတွင် ကြုံ တွေ့လာသည်ကို ပြောပြပါသည်။ တစ်ဆက်တည်း ဆရာမက သူဘယ်လိုဖြေရှင်းရသည်ကို ပြောပြပါ သေးသည်။

““အဲဒီတော့ ကျွန်မကလည်း ဒီကလေးကိုပထမ ပြောဆို ဆုံးမကြည့်တယ်။ မရဘူး။ ရိုက်နှက်ဆုံးမ လို့ သူ့မိဘက မကြိုက်ဘူးဆိုတော့လည်း သူ့ဘာသာ တတ်တတ်၊ မတတ်တတ် ကျွန်မဘာမှမပြောတော့ ဘူး။ ဒီကလေးကိုကြည့်ပြီးတော့ ကျွန်မသနားစိတ် ၀င်မိပါတယ်။ ဒါပေမဲ့ ဘာမှ မတတ်နိုင်ဘူးလေ””

ဆရာမလေး၏ ဖြေရှင်းနည်းပင်။ သည်တော့ ကျွန်တော်ပြောချင်တာက တတ်အောင်သင်ကြား ပေးမည့် ဆရာ၊ ဆရာမက ဘာမျှဖြစ်မသွား။ တတ် အောင်မသင်လိုက်ရသည့် ကျောင်းသားသည်သာ နစ်နာသည်ဟု ကျွန်တော်ထင်မြင်ပါသည်။ သည် အဖြစ်အပျက်ကို ပြန်လည်ကောက်နုတ် သုံးသပ် ကြည့်ဦးမည်ဆိုပါက ဆရာမလေးသည်အခြေအနေ အပေါ်မူတည်ပြီး လိမ်္မာပါးနပ်၍သာ နောက်ထပ် ထိုကျောင်းသား၏မိဘနှင့် ပြဿနာမဖြစ်တော့။ ထို သို့မဟုတ်ဘဲ စေတနာ၊ မေတ္တာ၊ ကရုဏာမထားအပ် သော၊ နားမလည်သောသူအပေါ် ဆရာဆိုသည့် စိတ်ရင်းစွဲဖြင့် တတ်အောင်သင်ပေးမည်ဆုံးဖြတ်ကာ ဆက်လက်ရိုက်နှက်သင်ကြားပေးမည်ဆိုပေက ဆရာမ လေး၏ နောက်ဆက်တွဲကံကြမ်္မာသည် ကိုယ်ကျိုး နည်းရှာမည်ဖြစ်သည်။

““ဆရာတစ်ယောက်ဖြစ်ဖို့မလွယ်ပါဘူး။ကျောင်း ဆရာတစ်ယောက်ရဲ့ ဘ၀ရပ်တည်မှုမှာ အသက် အာမခံချက်ပါ လိုအပ်လာပြီ။ ကျောင်းဆရာတစ် ယောက်အနေနဲ့ မွန်မွန်မြတ်မြတ် ဘ၀ရပ်တည်နေ တဲ့အချိန် အသက်တစ်ချောင်းကို လွယ်လွယ်လေး ပေးလိုက်ရတာ ရင်နာစရာကောင်းတယ်။ အခုလို ဆရာတစ်ယောက်ကို အသက်အန်္တရာယ်ပြုလာတဲ့ အထိ သာဓကလည်းရှိလာပြီဆိုတော့ ကျွန်တော်တို့ လည်း တပည့်တွေအပေါ်မှာ ဆုံးမတဲ့အပိုင်းမှာဆရာ့ ဂုဏ်အင်္ဂါနဲ့အညီ ပြောဝံ့တော့မှာ၊ ပြောရဲတော့မှာ မဟုတ်ကြတော့ဘူး။ ဆရာက အမုန်းခံပြောတယ်။ အခုဆိုရင် အမုန်းတင်မကဘဲ အသက်ပါပေးလိုက် ရတယ်။ ဆရာတစ်ယောက်အနေနဲ့ တပည့်တစ် ယောက်အပေါ် ဆုံးမတယ်ဆိုတာ သူတို့လေးတွေ ဘ၀ကို အစွန်းအထင်း၊ အမည်းစက်ဖြစ်အောင်ဆုံးမ တဲ့  ဆရာရယ်လို့ မရှိပါဘူး။ ကရုဏာဒေါမောနဲ့ ကိုယ်၊ စိတ် အမူအရာတွေ ဆုံးမလွန်တာ ရှိကောင်း ရှိပါလိမ့်မယ်။ ဒါပေမဲ့ ဆရာတိုင်းရဲ့ရင်ထဲမှာတော့ အဲဒီလိုဆုံးမပြီးတဲ့အခါတိုင်း  စိတ်မကောင်းဖြစ်ရ တယ်။ လူမျိုး၊ ဘာသာမခွဲခြားဘဲ ပညာကိုမျှဝေပေး နေတာပဲ။ အခုဆို ဖေ့စ်ဘုတ်ပေါ်မှာ ဆရာတစ် ယောက် ဒီလိုဖြစ်ပျက်သွားတာ မြင်ရ၊တွေ့ရတော့ တော်တော်လေးကို စိတ်ထိခိုက်မိတယ်”” ကျောင်း ဆရာကြီးဆရာသောင်းထွန်းဦးက ၀မ်းနည်းပုံရိပ်ဖြင့် ကျွန်တော့်အားရင်ဖွင့်ပြောပြပါသည်။

လူ ၅,၀၀၀ကျော် လိုက်ပါပို့ဆောင်ကြသော ကျောင်းဆရာလေး၏ ဈာပနနေ့ကမူ သူတို့၏ဆရာ ကို ဆုံးရှုံးလိုက်ရသဖြင့်ပုံရိပ်များ၊ တစ်ကျောင်းတည်း လိုက်ရသဖြင့်  တသပူဆွေး  ငိုကြွေးနေကြသော ကျောင်းသူ၊ ကျောင်းသားများ၏ ပုံရိပ်များ၊ တစ် ကျောင်းတည်းပညာရေးတာဝန်ထမ်းဆောင်နေကြ သော တာဝန်ထမ်းဆောင်ဖော် ဆရာ၊ ဆရာမများ ၏  ဖြေမဆည်  နှမြောဝမ်းနည်းမှုပုံရိပ်များသည် မြန်မာပြည်တစ်ဝန်း သိန်းသန်းမက လူမှုကွန်ရက် ပေါ် တက်ကြည့်သူ လူထုများထံ ကူးစက်ပျံ့နှံ့မျှဝေ ခံစားခဲ့ကြသည်။ ယခုကဲ့သို့ ဝေးလံသီခေါင်သော နယ်စွန်နယ်ဖျားကျသည့် ကျေးလက်တောရွာဒေသ များတွင်  ကျရောက်တာဝန်ထမ်းဆောင်နေကြရ သော ဆရာ၊ ဆရာမများအား အသက်အိုးအိမ်လုံခြုံ မှုမပေးနိုင်ခဲ့ခြင်းကား တရားဥပဒေစိုးမိုးမှုအပြည့်အ၀ မရှိသော ဒေသများကြောင့် ဖြစ်ပွားရသည်။ မည် သည့်နေရာ၌ပင် ဖြစ်ပျက်သည်ဖြစ်စေ တိုးတက်နေ သော ဆက်သွယ်ရေးလိုင်းအားကောင်းသောခေတ် ဖြစ်သဖြင့် လူသိထင်ရှား သိရှိကြရခြင်းပင်ဖြစ်သည်။ ယခင်ဆက်သွယ်ရေးမတိုးတက်သော ခေတ်အချိန် က ယခုကဲ့သို့ဖြစ်ပျက်ပြီး လူမသိထင်ရှား ဖြစ်ရပ်များ မည်မျှပင် ဖြစ်ပွားခဲ့ပြီးပေလော။

ယခုဆိုလျှင် ကျောင်းဆရာ၊ ဆရာမများကပင် ဆန်္ဒထုတ်ဖော်နေကြပေပြီ။ အမှုမှန်အမြန်ဆုံးပေါ် ပေါက်ကာ တရားခံများအား ဖော်ထုတ်အရေးယူ ပေးကြရန်  လိုအပ်ပါသည်။  သို့မဟုတ်ဘဲေ၀၀ါး၊ ကြန့်ကြာ၊တုံ့ဆိုင်းနေမည်ဆိုပေက ပညာရေးဝန်ထမ်း ဆရာ/ဆရာမများသည် တာဝန်ကျရာဒေသများသို့ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် ဥပဒေစိုးမိုး မှုမရှိသော  ကျေးရွာဒေသများအဖြစ်  အစွဲထား ကြောက်ရွံ့ကာ မည်သူ့ကိုမျှ စေလွှတ်တာဝန်ပေးမရ သည့် အခြေအနေသို့ ကိန်းဆိုက်လာပါလိမ့်မည်။ ထိုသို့အခြေအနေ ကိန်းဆိုက်လာပြီဆိုပေက အမှန် တကယ်နစ်နာရမည့်သူများမှာ ကျေးလက်တွင် မွေး ဖွားကာ ကျေးလက်တွင် ကြီးပြင်းခဲ့ရရှာသောကလေး ငယ်လေးများ၏ အနာဂတ်ပညာရေးသည်ကား ပို၍ ပင် ရင်လေးစရာ ကောင်းပေတော့သည်။

 

အောင်ဘညို(ကွတ်ခိုင်)