တရားဥပဒေစိုးမိုးရေးကို စိန်ခေါ်လိုက်တဲ့ ရန်ကုန်ဆေးရုံကြီးထဲက လူတန်းစားတစ်ရပ်

“ဘကြီးရေ ...အခုရက်ပိုင်းမှာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးထဲ ပွဲကြမ်းနေကြတဲ့ ဗီဒီယိုဖိုင် တချို့ဖေစ့်ဘုတ်မှာ ပလူပျံနေတာပဲ”
“ဘာတွေများပွဲကြမ်းနေတာလဲကွ။ ပွဲကြမ်းနေ ပြီဆိုကတည်းက မစည်ကားသင့်တဲ့အရပ်မှာ စည် ကားနေလို့ပဲဖြစ်မယ်”
“မှန်လိုက်လေဘကြီးရယ်။ အခုဖြစ်နေတဲ့ကိစ်္စ က စည်းကမ်းမဲ့ဈေးသည်တွေ အုပ်စုဖွဲ့ရန်ဖြစ်ကြတာ ဆိုပဲ။ တစ်ဖက်နဲ့ တစ်ဖက်တုတ်တွေ၊ ခဲတွေကိုင်ဖြစ် ဖြစ်နေလိုက်ကြတာဘကြီးရယ်။ ဘယ်လိုမှ မြင်မ ကောင်းတဲ့မြင်ကွင်းပဲ”
“အဲဒါက မဆန်းပါဘူးကွာ။ ရန်ကုန်ဆေးရုံကြီး ဆိုတာ ဟိုတုန်းကတည်းက လူပေါင်းစုံလာရောက် နေထိုင်ကြတဲ့နေရာကြီးပဲ။ ၂၄ နာရီဝင်ထွက်သွား လာနေလို့ရနေတော့ သာလယံဇရပ်ကြီးလိုတောင် ဖြစ်နေတာကွ။ အခုဒီဘက်ခေတ်ကျမှ နည်းနည်း တော်သွားတာ”
“နည်းနည်းတော်လို့ပဲဘကြီးရေ။ စည်းကမ်းမဲ့ ဈေးသည်တွေက တာဝန်ရှိတဲ့ ဆေးရုံဝန်ထမ်းတွေ ကိုလည်း ဂရုမစိုက်ဘူး။ လာရောက်ပြောဆိုတားမြစ် တဲ့ ဆရာဝန်ကြီးတွေကိုလည်း ပြန်ရန်တွေ့ပြီးဆဲဆို တာတွေလုပ်နေကြတာဗျ”
“ဟ ... ဆရာဝန်ဆိုတာလမ်းဘေးဈေးသည် နဲ့ ရန်ဖြစ်ရမယ့် လူတန်းစားမဟုတ်ဘူးလေ။ သက် ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းကို စာနဲ့အကြောင်း ကြားလိုက်ရင်လာရှင်းပေးမှာပေါ့။ ကိုယ်တိုင်သွား ပြောစရာမလိုပါဘူးကွာ”
“သက်ဆိုင်ရာစည်ပင်တို့၊ ရဲတို့ ထွေအုပ်တို့က လာမရှင်းလို့ ဆရာဝန်တွေ ကိုယ်တိုင်သွားရှင်းနေရ တယ်နဲ့တူပါတယ်ဘကြီးရယ်။ ဆေးရုံထဲမှာကလည်း ပုဂ်္ဂလိက လုံခြုံရေးဝန်ထမ်းက အယောက် ၆၀ လောက်ပဲရှိတော့ ဘယ်လိုလုပ်ရှင်းမလဲ။ အဲဒီဝန်ထမ်း ကလည်း ဈေးသည်တွေကို ဘယ်ရှင်းရဲမလဲ။ သူတို့ က လူနာလာတွေ့တဲ့ သူတွေကို လောက်သာပြောရဲ၊ ဆိုရဲ၊ ဟောက်ရဲတာဗျ”
“ဆေးရုံကြီးကတော့ ဟိုတုန်းကတည်းက နာမည်ကောင်းသိပ်မထွက်ဘူးကွ။ ဈေးသည်တွေရဲ့ အော်ဟစ်ရောင်းချသံတွေ၊ စခန်းချနေထိုင်တာတွေ၊ အမှိုက်တွေ၊ ကွမ်းတံတွေးတွေနဲ့ ကမ်္ဘာပေါ်မှာအညစ် ပတ်ဆုံးဆေးရုံစာရင်းထဲတောင်ဝင်နေမလားမသိဘူး”
“အခုလည်း အဲဒီလိုပါပဲဘကြီးရာ။ ဆေးရုံလာ တက်တဲ့ သူတွေအဆင်ပြေအောင်ဆိုပြီး နှလုံးကုသ ဆောင်ဘေးနားမှာ ဆိုင်ခန်းပေါင်း ၇၀ ချထားပေး ပြီး စည်းကမ်းချက် ၂၁ ချက်နဲ့ ရောင်းခိုင်းတာတစ် ချက်မှ မလိုက်နာကြဘူးလေ။ အခုအဲဒီနားမှာ အော် ဟစ်ပြီး ရန်ဖြစ်ကြတော့ နှလုံးရောဂါလာကုတဲ့ လူနာတွေခမျာလန့်ပြီး အသက်မထွက်ကြတာ ကံကောင်းတယ်လို့ပြောရမယ်”
အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင် ဆက်လက်ဖတ်ရှုပါရန် . . . . . 
 
ဘုန်းစစ်အိမ်