ရှစ်လေးလုံးဒီမိုကရေစီ ပြည်သူ့အရေးတော်ပုံကြီး နှစ် ၃၀ ပြည့်ပြီ ကိုဂျော်လီရေ

ကိုဂျော်လီရေ . . .
တစ်ပါတီ အာဏာရှင် စနစ်ဆိုးအောက်မှာ ပြည်သူတွေ ဒုက်္ခရောက်နေရတာကို မခံစားနိုင် လွန်းလို့ တစ်နိုင်ငံလုံးက ကြီးငယ်ရွယ်လတ်၊ ရဟန်း ရှင်လူပြည်သူတွေ တစ်စိတ်တစ်ဝမ်းတည်းတော်လှန်အုံ ကြွဆင်နွှဲခဲ့ကြတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးက တော့ နှစ် ၃၀ ပြည့်ခဲ့ပြီဗျ။ ဒီနေ့အချိန်အခါမှာအစ် ကိုသာ သက်ရှိထင်ရှားရှိနေသေးမယ်ဆိုရင် ရှစ်လေး လုံးအရေးတော်ပုံတုန်းက တစ်ပါတီအာဏာရှင်စနစ် ကြီး ပြုတ်ကျသွားစေရေးအတွက် မိမိမြို့သူမြို့သား တွေကို ဘယ်လိုစည်းရုံးပြီး ခေါင်းဆောင်လှုပ်ရှားခဲ့ တယ်ဆိုတာကို စင်မြင့်ကနေ အာပေါင်အာရင်းသန် သန်နဲ့ ပြောဆိုမယ်ဆိုတာကို မြင်ယောင်နေမိတယ်။
အင်းစိန်အာအိုင်တီကျောင်းသားအချို့နဲ့ အရပ် သားအချို့တို့ လက်ဖက်ရည်ဆိုင်မှာ ဖြစ်ပျက်ခဲ့တဲ့ ပြဿနာက အစပြုလို့ တရားဝင်သုံးစွဲနေတဲ့ ငွေစက်္ကူ တွေကို တရားဝင်သိမ်းဆည်းခဲ့တဲ့ ကိစ္စ၊ တစ်ပါတီ အာဏာရှင်စနစ်ဆိုးရဲ့ မတရားဖိနှိပ်မှုတွေကို ကျောင်းသားတွေနဲ့ ပြည်သူပြည်သားအပေါင်းတို့က မခံမရပ်နိုင်ဖြစ်ပြီး ၈.၈.၈၈ နေ့မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးကို တစ်ညီတစ်ညွတ်တည်း ပါဝင် ဆင်နွှဲခဲ့ကြတယ်။ တစ်နိုင်ငံလုံးက ပါဝင်ဆင်နွှဲခဲ့တဲ့ အရေးတော်ပုံကြီးဖြစ်လို့ မြန်မာ့သမိုင်းမှာ အကြီးမား ဆုံးနဲ့ အပြင်းထန်ဆုံးအရေးတော်ပုံကြီးလို့ ဆိုရပါ မယ်။
မြန်မာနိုင်ငံအရပ်ရပ်က နေရာတိုင်းမှာ သပိတ်စခန်းတွေ ဖွင့်ပြီး နိုင်ငံရေးတရားပွဲတွေ လုပ် ခဲ့ကြတယ်။ သပိတ်ခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေ ဟာ တိုင်းပြည်နဲ့ပြည်သူပြည်သားတွေအတွက် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြတယ်။ သက်ဆိုင်ရာ အာဏာပိုင်တွေက သပိတ်ခေါင်းဆောင်တွေကို လူစုခွဲဖို့ မေတ်္တာရပ်ခံခဲ့ပေမယ့် ဘယ်သူမှ လက်မခံဘဲ တစ်ပါတီအာဏာရှင်စနစ်နဲ့ ဦးနေ၀င်းအစိုးရ ပြုတ် ကျရေးအတွက် ဆက်လက်တိုက်ပွဲဝင်ခဲ့ကြတယ်။
သပိတ်တပ်ဖွဲ့ဝင်တွေကို မြို့ခံလူချမ်းသာတွေ က စားနပ်ရိက်္ခာတွေ ထောက်ပံ့ပြီး အားပေးခဲ့ကြ တယ်။ အဲဒီ့လူချမ်းသာတွေထဲမှာ ဒီမိုကရေစီအရေး တော်ပုံကြီးကို အောင်မြင်စေချင်လို့ ရိုးသားတဲ့ စိတ် ရင်းနဲ့ အကူအညီပေးခဲ့တဲ့ သူတွေပါသလို၊ သူတို့ စည်းစိမ်ကို ပိုမိုတိုးတက်စေလို၊ ကာကွယ်ပေးစေလို တဲ့ သူတွေလည်း ပါတာပေါ့။
အစ်ကိုက ဒီမိုကရေစီပြည်သူ့အရေးတော်ပုံကြီး မှာ မဟာဗျူဟာသပိတ်ခေါင်းဆောင်အဖြစ် ပါဝင် ဆင်နွှဲခဲ့လို့ နိုင်ငံရေးပုဒ်မအပါအ၀င် ပုဒ်မပေါင်းစုံနဲ့ အရေးယူခံရပြီး စစ်အစိုးရရဲ့ စစ်ခုံရုံးက ထောင်ဒဏ် ၅၃ နှစ် အပြစ်ပေးခံခဲ့ရတယ်။ ၂၀၁၂ ခုနှစ်မှာတော့ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်လာခဲ့တယ်။ သာယာဝတီအကျဉ်းထောင်နဲ့ သရက်အကျဉ်းထောင် ထဲမှာ ၂၃ နှစ်ပြည့်ဖို့ ၂ ရက်အလို နေခဲ့ရပြီးမှ လွတ် မြောက်လာခဲ့ရတာနော်။ အာဏာရှင်အစိုးရကို သပိတ်မှောက်ခဲ့သူတို့တော့ ခြေလက်တွေ သံခြေ ကျင်းခတ်ခံရပြီးတိုက်ပိတ်ခံရတာတွေကအကြိမ်ကြိမ်၊ သံခြေကျင်းနဲ့ နေခဲ့ရတာက ၁၁ နှစ်ကျော်။ ဖမ်းဆီး ခံရတော့ စစ်ကြောရေးစခန်းမှာ ညဉ်းပန်းနှိပ်စက်ခံရ တာတွေကို ကျွန်တော့်ကို အသေးစိပ်ပြောပြခဲ့ဖူး တယ်နော်။ အစ်ကိုက တကယ့်နိုင်ငံရေးသမားစစ်စစ် ကြီးပါ။
၂၀၁၃ ခုနှစ် ရှစ်လေးလုံးဒီမိုကရေစီ ပြည်သူ့ အရေးတော်ပုံ ၂၅ နှစ်ပြည့် ငွေရတုအခမ်းအနား၊ ရှစ်လေးလုံးဒီမိုကရေစီပြည်သူ့အရေးတော်ပုံ ၂၆ နှစ် ပြည့်၊ ၂၀၁၅ ခုနှစ် ရှစ်လေးလုံး ဒီမိုကရေစီပြည်သူ့ အရေးတော်ပုံ ၂၇ နှစ်ပြည့်တွေမှာ နိုင်ငံရေးအကျဉ်း သားဟောင်းတွေနဲ့အတူ အစ်ကိုပါဝင်ဆင်နွှဲနိုင်ခဲ့ပေမဲ့ ၂၈ နှစ်ပြည့်၊ ၂၉ နှစ်ပြည့်၊ ဒီနှစ် နှစ် ၃၀ ပြည့် ရှစ် လေးလုံးဒီမိုကရေစီပြည်သူ့အရေးတော်ပုံအခမ်းအနား တွေမှာ အစ်ကိုပါဝင်မဆင်နွှဲနိုင်တော့တာကို သိရ တော့ စိတ်မကောင်းဖြစ်မိတယ်။
သာယာဝတီအကျဉ်းထောင်နဲ့ သရက်အကျဉ်း ထောင်တွေမှာ ကျနေတဲ့ ကာလအတွင်း အပြင်မှာ ကျန်ခဲ့တဲ့ ဇနီးနဲ့သားသမီးနှစ်ယောက်(အဲဒီတုန်းက အစ်ကို့သမီးကြီးက ၇ နှစ်သမီး၊ သားငယ်က ၂ နှစ် သားထင်ပါရဲ့) ဒုက်္ခရောက်နေမှာကို တွေးပြီး ငါလုပ် ခဲ့တာ ငါပေးဆပ်ရဲတယ်ဆိုတဲ့ သံမဏိနှလုံးသားရှိ ပေမယ့် အသွေးအသားနဲ့ တည်ဆောက်ထားတဲ့ နှလုံးသားက ခံစားမှုတော့ရှိတာပေါ့။ အစ်ကို ဘယ် လိုခံစားနေရမယ်ဆိုတာကို ကိုယ်ချင်းစာမိပါတယ်။ ရှစ်လေးလုံးအရေးတော်ပုံမှာ ပါဝင်ဆင်နွှဲခဲ့လို့ ထောင်ကျခံရတဲ့ အစ်ကိုအပါအ၀င် မဟာဗျူဟာ သပိတ်တပ်သားတွေဖြစ်တဲ့ ကိုစိုးလှိုင်၊ နတ်မြင်းပျံ ကိုစိုးသိန်း၊ ရီမြင့်၊ အေးကိုကြီး၊ အေးကိုလေး၊ ဇီးပွဲ ကိုမြ၀င်း၊ အံ့ကူလေး၊ ကိုရဲ၊ ကိုသန်းရွှေ (တချို့ နာမည်တွေ မမှတ်မိတော့လို့ ခွင့်လွှတ်ပေးပါ) စတဲ့ သူတွေ ထောင်ကျနေချိန်မှာ သူတို့ရဲ့ မိဘတွေ၊ ဇနီး မယားသားသမီးတွေဒုက်္ခရောက်နေတာကိုကျွန်တော် ကိုယ်တိုင် မြင်တွေ့နေရလို့ပါပဲ။
 
အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်
ဝင်းဇော်(သုံးဆယ်)