လူရမ်းကားတွေဝိုင်းသတ်နေတဲ့ ရန်ကုန်

ရန်ကုန်ပြည်သူ့ဆေးရုံ အတွင်းအပြင် လွတ် သမျှ မြေလပ်နေရာတွေမှာရှိတဲ့ ဈေးသည်တွေကို လက်ရှိဆေးရုံမှာ တာဝန်ကျနေတဲ့ ဆရာဝန်ကြီးတွေ အနေနဲ့ ဘယ်လိုမှ ရှင်းလို့မနိုင်တော့ဘူးတဲ့ဗျ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က နယ်စပ် လုံခြုံရေး တာဝန်ထမ်းဆောင်နေရလို့ ဈေးသည် ကိစ်္စကို လှည့်မကြည့်အားဘူးလားတော့ မသိ။ ဒါမှ မဟုတ် သူတို့အမျိုးတွေပါနေလို့ ရှင်းရခက်နေလား မသိ။ ကျုပ်တို့လို စာရေးငနာတွေကပဲ အမုန်းခံ ရေးသားပြီး အပြေးအလွှားတီးနေရတယ်ဗျ။
ရန်ကုန်တိုင်းအစိုးရအဖွဲ့အနေနဲ့ မျက်မမြင် အုပ်စုအယောင်ဆောင်ပြီး မျက်မှန်အမည်းကြီးတွေ တပ်လို့ မြို့နယ်စုံအောင် ကွင်းဆင်းကြည့်ပါဦး။ လမ်းမအများစုမှာ ဈေးသည်တွေဆိုတာ မြင်မကောင်း၊ ရှုမကောင်းအောင်ပါပဲဗျာ။
ကျုပ် စိုးရိမ်မိတာက ရန်ကုန်ဆေးရုံဝင်းအတွင်း မှာတောင် အတင့်ရဲလာပြီဆိုတော့ အဲဒီကနေတစ် ဆင့် အထူးကြပ်မတ်ဆောင်ထဲ ဈေးဝင်ရောင်းရင် ဘယ်လိုရှင်းကြမလဲ။ ဒီမိုကရေစီဆိုတာ သူများနိုင်ငံ တွေ ဘယ်ပုံဘယ်နည်းနဲ့ အဓိပ်္ပာယ်ဖွင့်ဖွင့် ကျုပ်တို့ ဆီမှာတော့ (ဆင်ခြေပေးပြီး စိတ်ကြိုက်ဥပဒေချိုး ဖောက်ခွင့်ရှိတဲ့လမ်းစဉ်)လို့ ခံယူနေကြတာက များ တယ်ဗျ။ ဒါကြောင့် လမ်းဘေးဈေးသည်ကလည်း သမ်္မတကိုဆဲဖို့ ၀န်မလေးတော့တာပေါ့။
ရန်ကုန်ကို ၀န်ကြီးချုပ်ဦးနုတို့လက်ထက်က (အာရှမင်းသမီး)လို့ နိုင်ငံတကာအသိုင်းအ၀ိုင်းက ခေါ်ဆိုကြသတဲ့။ ဒီဘက်ခေတ်ရောက်တော့ ဗွက် လူးအိုင်ထဲက မျောက်မကြီးလို ဖြစ်နေသပေါ့။ လူကူး ခုံးကျော်တံတားပေါ် ဈေးရောင်း၊ ဘုန်းကြီးကျောင်း အပေါက်ဝရှေ့ပိတ်ပြီး ဈေးရောင်း၊ မဟာဗန်္ဓုလလမ်း ပန်းခြံလမ်းကို မျက်နှာပြောင်တိုက်ပြီး လမ်းပိတ် ဈေးရောင်း၊ မြို့ထဲက လမ်းမှန်သမျှ ဈေးသည်တွေရဲ့ အနုကြမ်းစီးတာကို ခံနေရလေရဲ့။
မြေညီထပ်ဆိုင်ခန်းရှင်တွေကလည်း လမ်းမ အထိ နယ်နိမိတ်ခိုးပြီး ခင်းကျင်း၊ ရွှေဆိုင်၊ ထီဆိုင် မျိုးစုံကလည်း ရေနုတ်မြောင်းဖုံးပေါ်အထိ ပွေရှုပ် ကောင်းလုံး ဆော်နေကြတော့ မြို့တော်ရန်ကုန် ငရဲ ဘုံ ဖြစ်နေပြီပေါ့။
ကန်ထရိုက်တွေက ဆောက်လုပ်ရေးတွေ ရပ် ဆိုင်းနေတယ်လို့ အယုံသွင်း ညည်းညူနေကြပေမဲ့ မရမ်းကုန်း ၂ ရပ်ကွက်တစ်ခုတည်းကိုပဲ ကွင်းဆင်း စစ်ဆေးကြည့်လိုက်ပါဦး။ ကျူးကျော်နဲ့ ပူးဆော်တဲ့ အထပ်မြင့်တွေ ကျုပ်တောင်မှ မျက်စိလည်သဗျ။ လည်တာ ကျုပ်အပြစ်မဟုတ်ဘူး။ လေးပေပတ် လည် မြေကွက်ကလည်း ရှစ်ထပ်တိုက်ဖြစ်လိုဖြစ်၊ မီးတားမြေမှန်းမသိ၊ ပြည်သူပိုင်မှန်းမသိတဲ့နေရာတွေ ကလည်း တြိဂံပုံ၊ ဆဋ္ဌဂံပုံ၊ ထောင့်မှန်စတုဂံပုံ စုံနေ အောင်ကို ဆောက်လုပ်ထားတာဗျ။ ခိုးဝင်တဲ့ ကောင်တွေက အရှိန်ကောင်းနေတော့ သူတို့အတွက် နေစရာလိုအပ်တယ်လေ။
နာမည်ကြီး သမိုင်းလမ်းဆုံနားမှာလည်း ဈေး သည်တွေပြည့်၊ သင်္ဃန်းကျွန်း၊ စံပြဈေးရှေ့မှာဆိုရင် ဈေးသည်တွေက ပလက်ဖောင်းပေါ်တောင် မရောင်း တော့ဘူး။ ပလက်ဖောင်းရဲ့အကျယ်က ရှစ်ပေ လောက်ပဲရှိတော့ အားမရဘူး။ ကားလမ်းက ပေ လေးဆယ်လောက်ရှိတယ်မဟုတ်ဘူး။ စိတ်ကြိုက် လမ်းပိတ်ဆိုခွင့်၊ စိတ်ကြိုက်ဈေးသည်ဦးရေ ထပ်တိုး ခွင့်၊ စိတ်ကြိုက်နေရာမှန်သမျှ ရာသက်ပန် ဈေးတက် ရောင်း ထင်ရာစိုင်းခွင့်ရနေတဲ့ နိုင်ငံတော်ဆိုတော့ ရန်ကုန်ဟာ (သုံးနှစ်သမီးလေးမဖွယ်မရာကြံစည်ခံရ) ဆိုတဲ့ သတင်းဆိုးကြီးတစ်ပုဒ်လို ကျက်သရေမရှိ၊ မင်္ဂလာမဲ့နေတာ ကြာပေါ့။
ဈေးသည်တွေဟာ မင်းမဲ့တိုင်းပြည်ထင်ပြီးတွေ့ တဲ့နေရာမှာ မီးဖိုလုပ်၊ အိုးခွက်ပန်းကန်ထည့်တဲ့ ပလတ်စတစ်ခြင်းကြီး၊ ခြင်းသေး၊ ခြင်းလတ်တွေချ၊ စားပွဲခုံတွေခင်း၊ ထီးကြီးတွေဖွင့်ပြီး မဟာရန်ကုန် လမ်းမအားလုံးမှာ ကျူးကျော်နယ်ချဲ့ရင်း ဂရန်တွေ ဘာတွေပိုင်သွားပြီလားတော့ မသိ။ လမ်းဘေးနေရာ အများစုကလည်း စည်ပင်ပိုင်မြေ တီထွင်နိုင်စေဆိုပြီး အစိုးရအဆက်ဆက်က လက်ပိုက်ကြည့်နေတော့ ဈေးသည်လက်ထဲ ရောက်သပေါ့။ အစိုးရကတစ်ဖွဲ့၊ စည်ပင်ကတစ်ဖွဲ့၊ ဈေးသည်ကတစ်ဖွဲ့၊ ပြည်သူက တစ်ဖွဲ့၊ ကျုပ်တို့စာရေး ငနာအုပ်စုကတစ်ဖွဲ့ဆိုတော့ စည်ပင်မြေအစိုးရနဲ့ ဘာဆိုင်လို့လဲ။ ပြည်သူနဲ့ဘာ ဆိုင်လို့လဲလို့ ဈေးသည်တွေက မေးလာခဲ့ရင် ခက်ရ ချည်ရဲ့ဗျာ။
အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင် ဆက်လက်ဖတ်ရှုပါရန်.......
 
သန်းထိုက်လူ