အရင်လိုပါပဲ ဗိုလ်ချုပ်ရေ

၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်မှာ ဗိုလ်ချုပ် အောင်ဆန်း (လွတ်လပ်ရေးဖခင်ကြီး)က ပြည်သူလူ ထုစည်းကမ်းရှိဖို့၊ အလုပ်ကို ကြိုးစားဖို့၊ ဟိုလူလာ မျက်နှာချိုသွေးရ၊ ဒီလူလာ မျက်နှာချိုသွေးရ မဖြစ် ရဖို့မိန့်ခွန်းထဲစုံစုံစေ့စေ့မှာကြားသွားရှာတယ်။

အဲဒီလို ဗိုလ်ချုပ်က မှာကြားခဲ့ပေမဲ့ ရန်ကုန် လူတန်းစားတွေတော်တော်များများလိုက်နာကျင့်ကြံ မှုကင်းဝေးနေပြီး အနယ်နယ်အရပ်ရပ်မှာတော့ ဦး တဲ့လူထင်ရာစိုင်းလာတယ်ဗျ။ စင်ကာပူကို မီတော့ မယ်နော်။ ကျုပ် ၂၀၁၄ မှာ ရေးခဲ့ဖူးတယ်။ (ဗိုလ်ချုပ် ကို မျက်နှာပူတယ်) Satire  (သရော်စာ) ပေါ့။ အခု ထိလည်း မအေးသေးပါဘူး။ မျက်နှာမကဘဲ ခြေဖ၀ါး  အထိပူနေပါတယ်ဗျ။

ဗိုလ်ချုပ်ဆိုတာ အခွင့်အထူးခံပုဂ်္ဂိုလ်မဟုတ်ဘူး။ နိုင်ငံတော်ကပေးထားတဲ့ RC- 2874  (အင်္ဂလန်နိုင်ငံ ထုတ်ကား)နဲ့ ဆီလိမ်မထုတ်ဘူး။ တချို့အရာရှိကား တွေမသမာတဲ့နည်းနဲ့ ဆီစားကြမ်းတယ်ဆိုလို့ အဲဒါ လေးကြုံတုန်းရှင်းပြတာနော်။

ကျုပ်ရဲ့ စာတွေဟာ မြေပြင်ကွင်းဆင်းစစ်ဆေး ပြီး လူထုသိအောင်အစီရင်ခံတာမို့လိပ်ပြာမသန့်သူ များအတွက် လက်ရွှေးစင်ရန်သူဖြစ်နိုင်ပါတယ်ဗျ။ လွန်ခဲ့တဲ့ လေးနှစ်လောက်ကတည်းက (လာဘ်မစား ရင်ဖမ်းမယ်) ဆိုပြီး လူလည်လူညစ်အရာထမ်း၊ အမှု ထမ်းတွေကို လှောင်ပြောင်ရေးသားခဲ့တာ။ အခု သိန်းထောင်ချီအရှုပ်တော်ပုံပေါ်ပြန်ပြီလေ။ ပြန်ကြား ရေးမှာလည်း ဖြစ်ခဲ့ဖူးတယ်ဗျ။ အဲဒီလို ။

ကျုပ်တို့က ဗိုလ်ချုပ်စကားကို တကယ်နား ထောင်တော့ ဗိုလ်ချုပ်လိုပဲ အ၀တ်အစားရှားလာ တယ်။ ကိုယ်ပိုင်မြေက မရှိပြန်ဘူး။ တစ်ခါတလေ ၀မ်းရေးအတွက် ဂျာနယ်တိုက်အချို့မှာ အလုပ်လုပ် ပြန်တော့ ကျုပ်ကို ကြံ့ဖွံ့လူလိုလို၊ အာဏာရှင်လက် ကိုင်တုတ်လိုလိုပြောကြရေးကြပြန်ရော။ ကဲ အဲဒါဆို ကျုပ်တို့လို စာပေသမားအစစ်၊ သတင်းသမားအစစ် တွေကို ဘယ်ကောင်ကလာပြီး ဒီဂျာနယ်မှာ လာလုပ် ပါလို့ခေါ်ဖူးသလဲ။ ကိုယ်ရကိုယ်စားအတ်္တသမားက များနေတယ်လေ။ အကုန်လုံးနီးပါးငတ်ပြတ်လာတဲ့ ဒဏ်ပေါ့။

ကျုပ်က လူ့စည်းကမ်းတွေကောင်းဖို့ပဲ ရေးတယ် လေ။ အစိုးရအသစ်၊ အစိုးရအဟောင်း၊ အစိုးရသံ ချေးတက်ဘယ်သူ့ကိုမှ ပေါင်းမစားဘူး။ ဘယ်ဂျာနယ်  မှာ လုပ်လုပ်ကျုပ်ရဲ့ လုပ်အားခ အယ်ဒီတာလစာ ပဲယူတယ်။ မြေကွက်လည်း မတောင်းဖူးဘူး။ သစ်ပါ မစ်လည်းလိမ်ညာမလျှောက်ဖူးဘူး။ Sim Card  (ဆင်း မ်ကတ်) တစ်ခုသုံးဆယ့်ငါးသိန်းကျပ်နဲ့ ဘယ်တုန်းက မှပြန်မရောင်းစားခဲ့ဘူး။ ဆက်သွယ်ရေးဝန်ကြီးကို လည်း မဖားဘူး။ စာပို့တဲ့ကောင်ကိုလည်း ချွဲချွဲပျစ် ပျစ်မဆက်ဆံဘူး။ ကျုပ်ဝါသနာကစာပေပညာ၊ သတင်းစာပညာ၊ မတော်တာမြင်ရင်သရော်စာပြင် ဆင်တာ။

ကျုပ်တို့တိုင်းပြည်ကို လေ့လာတော့ ဗိုလ်ချုပ်အောင်ဆန်းလို တိုင်းပြည်အတွက် အနစ်နာခံတဲ့ မျိုးချစ်သူရဲကောင်းတောင် လုပ်ကြံခံရတယ်လေ။ ကျုပ်လို့လူမွဲ စာရေး ဆရာကို တစ်မိနစ်ခြား စော်ကားနေတာ တော့ သတင်းထူးမဟုတ်ဘူးလို့ပဲဝန်ခံရမယ်ဗျ။

ဒီကနေ့ ကျုပ်တို့လူထု မတရားဆင်းရဲ အောင် အချောင်သမားတွေက စနစ်တကျနဲ့ ခိုးဖွက်လုယက် သွားတာဗျ။ ဒါကြောင့် ဗိုလ်ချုပ် မိန့်ခွန်းထဲကအတိုင်း -သည်နိုင်ငံဖြစ်နေတာလေ။

အနုပညာရှင်အမည်ခံတချို့က စာရေးဆရာ ငမွဲတွေရဲ့ ဇာတ်လမ်းကိုခိုး။ ခေါင်းစဉ်တွေခိုး။ အဲဒီ လိုမျိုးကျင်လည်နေကြပြီလေ။ ကျုပ်မွဲတာ ဆန်း သလား။ ခွက်တောင်ဆွဲသင့်တဲ့ကောင်လို့ကိုယ့်ကိုယ် ကိုယ်ထင်ကြေးပေးရဲတယ်ဗျ။ အချောင်သမားထူထပ်  တဲ့ မြို့တော်မှာမှ ကျုပ်က အနုပညာဖန်တီးချင်နေ သကိုး။

ကျုပ်ခဏခဏပြောခဲ့ရေးခဲ့ပြီးပြီဗျ။ ကျုပ်တို့ တိုင်းပြည်နစ်မွန်းနေတာစည်းမဲ့ကမ်းမဲ့ကျင်လည်နေ ထိုင်တဲ့ အလေ့အထကို လူတန်းစားအတော်များများ ခုံမင်ဖက်တွယ်နေလို့ဗျ။

ဗိုလ်ချုပ်ကိုချစ်ကြတယ်။ သနားကရုဏာသက် ကြတယ်။ ဗိုလ်ချုပ်ကြေးရုပ်အပြိုင်အဆိုင်ထုလုပ်ကြ တယ်။ တချို့ကြေးရုပ်က ဗိုလ်ချုပ်နဲ့ မတူဘဲ အီသီ ယိုးပီးယားကဒုက်္ခသည်အဘိုးအိုလိုဖြစ်နေသတဲ့။ ဒါ လည်း လူမှုကွန်ရက်မှာ ဂျာနယ်လစ်တစ်ဦးက ပုံနဲ့ တကွရုပ်တုလုပ်တဲ့လူတွေကို ဝေဖန်လို့သိရတာနော်။ ကြည့်လုပ်ကြပါဗျ။

ဗိုလ်ချုပ်ကိုလေးစားရင်လူအထင်ကြီးအောင်နေ ထိုင်ရမှာမဟုတ်ဘူး။ ပိုက်ဆံကို မတရားသုံးဖြုန်းရ မှာမဟုတ်ဘူး။ ပန်းဆိုးတန်း မီးပွိုင့်အောက်မှာ သေး ထိုင်ပေါက်ရမှာ မဟုတ်ဘူး။ ပြည်သူပိုင်မြေကို အခွင့် အထူးခံတွေလက်ထဲအပ်ပြီး တန်ဖိုးနည်းတိုက်ခန်း ယောင်ယောင်၊ လူချမ်းသာအတွက် သီးသန့်ယောင် ယောင်ဟန်ဆောင်မာန်ထောင်လုပ်ဆောင်ရမှာမဟုတ် ဘူး။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

သန်းထိုက်သူ