ပေးထားသောဆုတံဆိပ်ကို ပြန်သိမ်းခြင်းဆိုင်ရာ သဘောတရားနှင့်သီလရှင်မယ်ကင်းအကြောင်း တစေ့တစောင်း

အခုအပတ် ကျွန်တော်တို့ရဲ့ အိမ်တွင်းစာပေ စကားဝိုင်းမှာ ကျွန်တော်နဲ့ကျွန်တော့်ဇနီးတို့ ဆွေးနွေး ၀ိုင်းဖွဲ့ခဲ့ကြပါတယ်။ ကျွန်တော်ရဲ့ဇနီးက စာပေ ၀ါသနာပါသွားပုံကတော့ သာမန်အားဖြင့် စာရေး ဆရာတစ်ယောက်ရဲ့ အိမ်ရှင်မအဆင့်ထက်သာသွား တာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ကျွန်တော် ရေးတဲ့အချို့ဘာသာရပ်ဆိုင်ရာ စာပေတွေကို ဦးစွာ ဖတ်ကြည့်ပြီး ဂျာနယ်တိုက်သို့ မပို့မီ လူပြိန်းနားလည် နိုင်ပါ့မလား။ ဝေဖန်လေ့လာရင်းက စာဖတ်ပရိသတ် အဆင့်သာမက ရှေးဦးအယ်ဒီတာဖြစ်နေပါတယ်။ ထိုမှတစ်ဆင့် တခြားဂျာနယ်ဆောင်းပါးတွေကို သူ ဖတ်ဖြစ်ပါတယ်။ ဒီအပတ်အတွင်းမှာ ဖတ်လာတဲ့ သတင်းတစ်ပုဒ်ကတော့ အမေစုကို ပထမကမ်္ဘာနိုင်ငံ ကြီးက ချီးမြှင့်ထားတဲ့ဆုတံဆိပ်ကို ပြန်သိမ်းမလိုလို ဘာလိုလို သူတို့လွှတ်တော်အမတ်တွေ လေသံပစ် လာကြတဲ့သတင်းဖြစ်ပါတယ်။

အဲဒီလိုပြန်သိမ်းမယ်ဆိုရင် ဘယ်လိုသက် ရောက်မှုတွေမြင်နိုင်မလဲလို့ ဆွေးနွေးခြင်းပဲ ဖြစ်ပါ တယ်။ တကယ်တော့ အမေစုကို ချီးမြှင့်တဲ့ဆုတွေ ထဲမှာ နိုဘယ်ဆုအပါအ၀င် ဆုပေါင်းရာကျော်ရှိမယ် ထင်ပါတယ်။ တစ်ဖန်သူတို့နဲ့သဘောချင်း မတိုက် ဆိုင်တဲ့အခါ ငါ့ပစ္စည်းပြန်ပေးသဘောမျိုး လုပ်ချင် ကြတာဖြစ်ပါတယ်။

ရှေးဦးစွာ ကျွန်တော် ရှင်းပြခဲ့ရတာကတော့ အမေစုဟာ ဘိုးတော်ဦးဝိုင်းလက်ထက်အတွင်းဝန် ဦးရွှေလေးလိုလူစား ဟုတ်ဟန်မတူ။ သီလရှင်ဆရာ ကြီးမယ်ကင်းလို လူစားဖြစ်လိမ့်မယ်လို့ ယုံကြည် ကြောင်းတော့ ဦးရွှေလေးအကြောင်း သီလရှင်မယ် ကင်းအကြောင်း ရှင်းပြပါဆိုလို့ ရှင်းရပါတော့တယ်။ ဆုတံဆိပ်တွေ ချီးမြှင့်တယ်ဆိုတာ အခုခေတ်မှ မဟုတ် မြန်မာဘုရင်တွေလက်ထက်ကတည်းက ရှိပါ တယ်။

ဥပမာ စစ်သူကြီးမောင်ရစ်ကို မဟာဗန္ဓုလဘွဲ့ တံဆိပ်ပေးတာမျိုးပါ။ ““မဟာ””ဆိုတာကြီးမြတ်တာ၊ ““ဗန္ဓု””ဆိုတာ စစ်မြေပြင်၊ ““လ””ဆိုတာ ကြီးစိုးတယ်လို့ အဓိပ္ပာယ်ရတော့ စစ်မြေမှာ ကြီးစိုးတဲ့ ကြီးမြတ်တဲ့ ပုဂ်္ဂိုလ်လို့ အဓိပ်္ပာယ်ရပါတယ်။ တစ်ဖန်ဆရာတော် ဘုရားကြီးများကိုလည်း ဘွဲ့တံဆိပ်ပေးပါတယ်။

ဥပမာ ဓမ်္မရာဇာဓိရာဇဂုရုဘွဲ့တံဆိပ်တော် စသ ဖြင့်ပါ။ ဆရာတော်ဘုရားကြီးတွေကတော့ လောက ဓံကို သာမန်လူဝတ်ကြောင်ထက် ခံနိုင်သူတွေဖြစ်လို့ ချီးမွမ်းတာ၊ ကဲ့ရဲ့တာတို့ကို စိတ်ခံစားမှုနည်းမှာဖြစ်လို့ ဘွဲ့တွေကို တောင့်တလိမ့်မယ်မဟုတ်ပါဘူး။ ဒါပေမဲ့ သမိုင်းကို အကဲခတ်တော့ ပုထုဇဉ်လူဝတ်ကြောင် လောကမှာ ဘွဲ့တံဆိပ်ကိစ္စက လှုပ်ခတ်မှုတွေ တော်တော်ရှိပုံရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဘိုးတော်ဦးဝိုင်းရဲ့အိမ်တော်အတွင်းဝန် ဦးရွှေလေးက ဘွဲ့တံဆိပ်ကို အလွန်ခုံမင်ခဲ့တယ်။ တကယ်တော့ ဦးရွှေလေးက စာမတတ်ပါဘူး။ ဒါပေမဲ့ ဘိုးတော် ဦးဝိုင်း ဘုရင်မဖြစ်မီ အိမ်နိမ့်စံဘ၀က ဘိုးတော် ဦးဝိုင်းရဲ့ အနီးကပ်ဝန်ထမ်းဖြစ်ပြီး လူကြီးရဲ့အလိုက် ကိုသိသူဖြစ်လို့ ဘိုးတော်ဦးဝိုင်းနဲ့ မိဖုရားခေါင်းကြီးတို့ ရဲ့သားသမီးကဲ့သို့ ချစ်ခြင်းကို ခံခဲ့ရပါတယ်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင် ဆက်လက်ဖတ်ရှုပါရန်.................

ဒါက်တာထွန်းဝင်း