ကြွေပန်းကန်လုံးမှန်း သိလျက် အမြင့်ပေါ် တင်ထားမိတယ်

ဒေါ်အောင်ဆန်းစုကြည်ကတော့ “၀န်ကြီးချုပ် ကအဓိကပဲနော်။ ကောင်းကောင်းခိုင်းပါလို့” ပြော လိုက်ပါပြီ။ ဒီလိုပြောတော့အခြားဝန်ကြီးချုပ်တွေကို  ပြည်သူတွေက ခိုင်းလို့ရမှန်း၊ မရမှန်းတော့ မသိဘူး။ ရန်ကုန်ဝန်ကြီးချုပ်ကတော့ အခြေခံလူတန်းစား ပြည်သူတွေကို အဆင့်ဆင့်စီးခိုင်းထားတာဖတ်ဖတ် ကိုမောနေကြပါပြီလို့ပြောရတော့မှာပါပဲ။

မြန်မာနိုင်ငံမှာရန်ကုန်ငြိမ်ရင်အားလုံးငြိမ်တယ် လို့ပြောလို့ရပေမဲ့ ရန်ကုန်မြို့ဟာ ၀န်ကြီးချုပ်ဦးဖြိုး မင်းသိန်းအုပ်ချုပ်လာကတည်းက ငြိမ်သက်မှုတွေ သိပ်မရှိဘဲပြည်သူတွေဟာအကြောင်းအရာကိစ်္စတစ် ခုမဟုတ်တစ်ခုနဲ့အငြိမ်နေလို့မရဘဲဖြစ်နေကြပါတယ်။

ဘာလိုလိုနဲ့ ဦးဖြိုးမင်းသိန်းအုပ်ချုပ်လာတဲ့ ရန်ကုန်ဟာ အပြောင်းအလဲကြီးပြောင်းလဲလာတာ တစ်နှစ်ပြည့်တော့မှာ ဖြစ်သလိုဟိုလိုလုပ်မယ်၊ ဒီလို လုပ်မယ်နဲ့ ခတ်ကွင်းပြင်တာလည်းတစ်နှစ်ပြည့်တော့ မှာဖြစ်ပါတယ်။ အဲဒီအတောအတွင်းမှာဘာတွေ သိသာထင်ရှားစွာပြောင်းလဲလာသလဲလို့မေးရင်ခရို နီတွေအတွက်တော့ ဘေးမသီရန်မခဘဲ လုပ်ပိုင်ခွင့် တွေရပြီးရင်း ရနေတာတွေ အပြောင်းလဲကြီးပြောင်း လဲသွားတယ်လို့ပြောလို့ရပေမဲ့ အခြေခံလူတန်းစား တွေအတွက်တော့မပြောင်းလဲတဲ့အပြင် စားဝတ်နေ ရေးအတွက်၊ ရှင်သန်ရပ်တည်ရေးအတွက်မသက် မသာမှုတွေနဲ့ ကြုံတွေ့နေရပါ တယ်လို့ပြောရမှာပါ။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြောင်းလဲလို့ ပြောင်းလဲမှန်းတောင်မသိအောင်ပြည်သူတွေကိုလုပ် ပေးရမယ်လို့ပြောခဲ့ဖူးပေမဲ့ ရန်ကုန်မှာတော့ ဗြောင်း ဆန်အောင်ပြောင်းလဲခဲ့တာတွေထဲမှာ ဇန်န၀ါရီ ၁၆ ရက်က သမိုင်းဝင်မှတ်တမ်းတင်ခဲ့သလိုနိုင်ငံတကာ ကပါအသိအမှတ်ပြုခဲ့ရတဲ့၊ အရပ်ကူပါ၊ လူဝိုင်းပါတဲ့ မော်တော်ယာဉ်လိုင်းကားပြောင်းလဲမှုကသက်သေခံ လို့နေပါတော့တယ်။

မင်းတို့စကားမိုးကြိုးသွားဆိုသလိုပြောပြီး သားစကားဟာထိရောက်ပြင်းထန်မှုရှိရမယ်။ ထွက်ပြီးသွားဆင်စွယ်ပြန်ဝင်ရိုးထုံးစံမရှိဆိုသလို ပြောပြီးသားစကားအတိုင်းလုပ်ရမယ်။ ပြော စကားအတိုင်းမလုပ်ဘဲ ဟိုလိုပြောင်းလုပ်လိုက်၊ ဒီလိုပြောင်းလုပ်လိုက်နဲ့ စိတ်ထင်သလိုမြေစမ်းခရမ်း ပျိုးလုပ်နေတာမျိုးကရှက်ဖို့လည်းကောင်းသလိုပြော စကားအတိုင်းမလုပ်တာ၊ စကားကိုနှစ်ခွဖြစ်အောင် ပြောတာတွေဟာလည်းယုံကြည်လေးစားမှုကိုလျော့ ကျစေပါတယ်။

ရန်ကုန်ဝန်ကြီးချုပ်စတင်တာဝန်ယူစဉ်ကဆိုရင် ပြောင်းလဲမှုတွေစတင်လုပ်ခဲ့တဲ့အတွက်ကြောင့် ပြည်သူတွေကရွေးချယ်တင်မြှောက်ခဲ့တဲ့စည်ပင်လူကြီး တွေအားလုံးတာဝန်မှရပ်စဲခံခဲ့ရလို့အလုပ်တွေရှုပ်ခဲ့ရ သလို၊ ကမ္ဘာအေးစေတီလမ်းနဲ့ ချော်တွင်းကုန်းမီးပွိုင့် ထောင့်က လူမှုဝန်ထမ်းဌာနပိုင်ဆိုင်ခန်းတွေကို ချက်ချင်းမဖျက်ဖို့ဆိုင်ခန်းပိုင်ရှင်တွေက ၀န်ကြီးချုပ် ထံ အသနားခံတာတောင်မရဘဲ အင်အားသုံးဖျက်ခဲ့ လို့ဆိုင်ခန်းနေမိသားစုတွေ မျက်ရည်နဲ့ မျက်ခွက်ဖြစ် ပြီးအလုပ်တွေရှုပ်ခဲ့ရပါတယ်။

ဒါတင်ပဲလာဆိုတော့ “မဟန” ရှိပြီးသား “မဘသ” မလိုဘူးလို့ စင်ကာပူမှာပြောခဲ့တာ၊ လမ်းဘေးဈေး သည်တွေကြောင့် ယာဉ်ကြောရှုပ်တာဆိုပြီး အဲဒီသူတွေကို လူသူအသွားအလာနည်းတဲ့ ကမ်းနား လမ်းဘက်ဆီငွေကြေးများစွာအကုန်ခံပြီး ပြောင်းရွှေ့ ပစ်တာ၊ အရင်အစိုးရလက်ထက်တုန်းကတားမြစ်ထား  တာကို သူ့လက်ထက်မှာ ပြန်ခွင့်ပြုတာ၊ ကုန်သေတ္တာတင်ယာဉ်တွေကို အချိန်ကန့်သတ်ချက်နဲ့ မောင်းနှင်ခွင့်ပြုတာတွေဟာသိသာထင်ရှားတဲ့ဖြစ်ရပ် တွေဖြစ်ပြီး သက်ဆိုင်ရာပြည်သူတွေလည်း စိတ် မသက်မသာခံစားချက်အမှတ်အတေးတွေနဲ့အလုပ် ရှုပ်ခဲ့ကြပါတယ်။

အဲဒီလိုအလုပ်ရှုပ်ခဲ့တာတွေကြားထဲမှာ နောက် ဆုံးအလုပ်ရှုပ်ခဲ့တာကတော့ မော်တော်ယာဉ်လိုင်း တွေကြောင့် အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းဖြစ်ခဲ့ရ တဲ့ အလုပ်ရှုပ်မှုပါပဲ။ ဘယ်လောက်ထိရှုပ်သလဲဆို ရင်စတင်ခဲ့တဲ့ ဇန်န၀ါရီ ၁၆ ရက်ကနေ အခုချိန်ထိ ရှုပ်ခဲ့၊ ရှုပ်ဆဲ၊ ရှုပ်နေတုန်းလို့ပဲဆိုရမှာဖြစ်ပါတယ်။ ယာဉ်လိုင်းပြောင်းလဲပြေးဆွဲမှုမစတင်ခင်တုန်းက အစိုးရအဖွဲ့ရဲ့ ၀န်ကြီးချုပ်ဟာလုပ်မယ့်ကိစ်္စတစ်ခုကို ဖြစ်အောင်လုပ်မယ်။ နောက်မဆုတ်တမ်းလုပ်မယ် ဆိုတဲ့ သံန္နိဋ္ဌာန်မျိုးချထားပြီး လွယ်လွယ်နဲ့ အောင်မြင် မယ်ထင်ပြီးလုပ်ခဲ့မယ်လို့ထင်ပါတယ်။ ဘယ်လောက် ထိပြောခဲ့တဲ့ဆိုတော့ သူတို့လုပ်မယ့်ယာဉ်လိုင်းထဲဝင် မပါတဲ့ မော်တော်ယာဉ်တွေကို ဂက်စ်ဆိုတဲ့သဘာဝ ဓာတ်ငွေ့မပေးတော့ဘူး။ ခရီးသည်တွေတင်ပြီး ပြေး ဆွဲဖို့အတွက် ဂက်စ်ထုတ်ပေးခဲ့တာ။ ဂက်စ်အိုးတပ် ဆင်ထားတဲ့လိုင်းကားတွေအားလုံးဒီပြောင်းလဲ လိုက်တဲ့ စနစ်ထဲပါဝင်ရမယ်လို့ပြောခဲ့ပါတယ်။

ဝန်ကြီးချုပ်ပြောခဲ့သလိုပဲ ၀န်ကြီးဒေါ်နီလာ ကျော်ကလည်း သူတို့ဆီမှာ ၀င်ရောက်ပြေးဆွဲဖို့လာ ရောက်မှတ်ပုံမတင်တဲ့ လိုင်းကားတွေကိုကြားကား အဖြစ်၊ အောက်ဆိုက်ကားအဖြစ်သတ်မှတ်ပြီး အရေး  ယူမယ်။ လိုင်းကားတွေ ဇန်န၀ါရီ ၁၀ ရက်နောက်ဆုံး ထားပြီး မှတ်ပုံလာတင်ရမယ်။ ၁၉၉၅ ခုနှစ် အောက်မော်ဒယ်ဖြစ်တဲ့ စီတီးဘတ်စ်၊ မီနီဘတ်စ်၊ ဘီအမ်ကား၊ ဒိုင်နာကားတွေကို ဆက်လက်ပြေးဆွဲ ခွင့်မပြုဘူး။ အဲဒီဒိတ်အောက်ကားတွေလာအပ်နှံကြ ဖို့ပြောခဲ့ပါတယ်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင် ဆက်လက်ဖတ်ရှုပါရန်

မောင်တင့်ဆွေ