ခြင်္သေ့ဂူအား ကျော်ဖြတ်ခြင်း (သို့) လွမ်းတော်မူလို့ စာကိုစီတယ်

လွန်ခဲ့တဲ့ သုံးနှစ် အခုလို ညမှာပေါ့။

ည ၁ နာရီကျော်လောက်မှာ ဆီးအရမ်းသွား ချင်လာလို့ တစ်ကိုယ်လုံးကိုက်ခဲနေတဲ့ခန်္ဓာကို မနိုင် မနင်းထလို့ ဒယီးဒယိုင်နဲ့ ဆီးထသွားအပြီး အိမ် သာကြွေခွက်ထဲ အမှတ်မထင် တံတွေးထွေးလိုက် တာမှာမြင်လိုက်ရတဲ့မြင်ကွင်းကြောင့် အကြီးအကျယ် တုန်လှုပ်သွားခဲ့ရတယ်။

အိမ်သာကြွေခွက်ဖြူဖြူပေါ်မှာ ထွေးလိုက်တဲ့ တံတွေးနဲ့အတူ သွေးခဲတွေက အထင်းသား...။မူးနောက်နေတဲ့ ခေါင်းထဲက အချက်ပေး ခေါင်း လောင်းသံ ဆူညံသွားခဲ့ရ။

“ငါ..ဒီပုံစံနဲ့ အမေ့အိမ် ပြန်ရောက်ပါ့မလား။ငါ့ခန်္ဓာကိုယ်ထဲမှာ ဘာတွေဖြစ်နေပြီလဲ”

ကိုယ့်နေရာကိုယ်ပြန်လှဲရင်း အတွေးပေါင်းစုံနဲ့ ယောက်ယက်ခတ်နေတာကြောင့် ပြန်အိပ်မပျော်နိုင် တော့ပေ။ ခေါင်းအုံးမရှိတဲ့အတွက် နေ့လယ်ဘက် အပြင်ခဏထွက်ခွင့်ရတုန်း တိုက်ဝင်းထဲမှာတွေ့ရတဲ့ အုတ်ခဲပိုင်းတစ်ခုကို ပုံစံစောင်အပါးလေးနဲ့ပတ်ပြီး လုပ်ထားတဲ့ လက်ဖြစ်ခေါင်းအုံးနဲ့ ပြည်သူ့ရဲများရဲ့ လက်ဆောင်ဖြစ်တဲ့ တစ်ခေါင်းလုံးက အာလူးသီးတွေ က ခဏခဏ မိတ်ဆက်ကြတာကြောင့်ရော အတွေး ပေါင်းစုံကြောင့်ပါ။ ကျောပူလာလို့ ဟိုဘက်ဒီဘက် ခပ်ဖြည်းဖြည်းအလှည့်လေးမှာ ထွက်လာတဲ့ တအင်း အင်း ညည်းညူသံက ကြိတ်မှိတ်ထားတဲ့ကြားက မကြာခဏ အသံထွက်နေတာကြောင့် ထင်ပါရဲ့။ ဘေးမှာ ဟိုဘက်လှည့်ပြီး ကွေးကွေးလေးအိပ်နေတဲ့ ကိုမှိုင်း(ကိုအောင်မှိုင်းဆန်း)က လှည့်ကြည့်ရင်း ““ကိုရောင်ကြီး အိပ်မပျော်ဘူးလား””လို့ လှည့်မေး ပါတယ်။ သြော်...သူလည်း အိပ်မပျော်ရှာသေး ဘူးကိုး။

မနက်ဘက်ရောက်တော့ တိုက်ဝင်းထောင်မှူး မာမီသိန်း(နာမည်အရင်းမမှတ်မိ၊ကျောင်းသားတွေ ကို ဟိုချောင်းဒီချောင်းနဲ့ အလစ်မပေးတာကြောင့် ကျွန်တော်တို့ပေးထားတဲ့အမည်) ဆီသွားပြီး ““ကျွန် တော် တံတွေးထွေးလိုက်တိုင်း သွေးပါနေတယ်။ ထောင်ဆရာဝန်ခေါ်ပေးပါ””လို့ ပြောလိုက်တော့ ““ဆရာဝန်နောက်နေ့မှ လာမယ်””လို့ပြောပါတယ်။ ဒါနဲ့ နေ့လယ်ဘက်မှာ တိုက်ဝင်းထဲရောက်လာတတ် တဲ့ နှစ်ပွင့်နဲ့အရာရှိ ဦးရဲမြင့်ဦးကို ထပ်မျှော်ရပါတယ်။ခါတိုင်းရောက်ရောက်လာပြီး ကျောင်းသားတွေနဲ့ စကားလာလာပြောတတ်တဲ့ ဒုထောင်ပိုင်လေး ကိုအာကာကလည်း တစ်ရက်လုံး ပေါ်မလာခဲ့ပြန် ပေမဲ့ မမျှော်တဲ့သူများကတော့ ၀တ်စုံပြည့်နဲ့ အုပ်စု လိုက်ကြီး တိုက်ဝင်းထဲကို အတာချီကေ့စ် ကိုယ်စီ ဟန်ပါပါဆွဲလို့ရောက်လာကြပါတယ်။ နေပြည်တော် က လွှတ်လိုက်တဲ့ အထူးရဲတပ်ဖွဲ့ပါတဲ့။ ဒီလိုနဲ့ တစ် ယောက်ပြီးတစ်ယောက် နာမည်လာခေါ်ပြီး မီဒီယာ ကတစ်ဆင့် သူတို့သိနေပြီးသား အကြောင်းအရာ တွေကို ထပ်ခါတလဲလဲ မေးပါတယ်။ အားလုံးထက် ခေါင်းဆောင်လို့ သူတို့သတ်မှတ်ထားသူများကိုတော့ အထူးချီးမြှင့်မှုအနေနဲ့ အချိန်ကြာကြာလေး အသေး စိတ် မေးပါတယ်။ ငယ်စဉ်ကလေးဘ၀က သူငယ် တန်းစတက်ခဲ့တဲ့  မူလတန်းကျောင်းကစလို့ တက်္ကသိုလ်တက်တုန်းက ဘာကြောင့်အင်္ဂါနေ့တိုင်း လည်ကတုံးအဖြူနဲ့ယောပုဆိုး ၀တ်ရသလဲအဆုံး မေးမြန်းပါတယ်။ တစ်ကိုယ်လုံးနာနေပေမယ့် သူတို့ ရှေ့မျက်နှာမပျက်ချင်တာကြောင့် ဟန်ဆောင်မာန် တင်းနေရတဲ့ဒုက်္ခရယ်၊ ထပ်တလဲလဲမေးခွန်းတွေရယ် ပေါင်းလိုက်တဲ့အခါ ဘုကန့်လန့်အဖြေထွက်လာ ပါတယ်။ ဒီတော့ သူတို့ကလည်း ပညာပြန်ပြတဲ့ အနေနဲ့ လူပြောင်းပြီး ရှိသမျှလူကုန် မေးကြပါတယ်။လူဘယ်လောက်ပြောင်းပြောင်း မပြောင်းလဲတာ တစ်ခုကတော့ ““ခင်ဗျားနဲ့ ကျုပ်တို့နဲ့က ရန်သူတွေ မဟုတ်ဘူး။ ကျုပ်တို့လည်း အထက်ကခိုင်းလို့ မေး ရတာ၊ ဖြစ်နိုင်ရင် မလုပ်ချင်ဘူး။ ဒါကြောင့် နှစ် ယောက်လုံး အကျိုးရှိသွားအောင် မြန်မြန်နဲ့မှန်မှန် ဖြေပေးပါဗျာ””ဆိုတဲ့ အပြောလေးပါပဲ။ ဒါကလည်း ခေတ်ပြောင်းချင်ယောင်ဆောင်ထားလို့ ဖြစ်မှာပါ။ဒီလိုမှမဟုတ်ရင် အဲဒီအပြောလေးနေရာမှာ ဒူးတံ တောင်လေးတွေ၊ နံပါတ်တုတ်လေးတွေ ဖြစ်နေမှာ ပါပဲ။

နောက်တစ်နေ့မနက်မှာ ထောင်ဆေးမှူး ရောက်လာလို့ တံတွေးထဲမှာ သွေးပါနေတဲ့ အကြောင်း ကျွန်တော်သွားပြောပါတယ်။ ဆေးမှူး က အာခေါင်တို့ ပါးစောင်တို့ ကွဲနေလို့ ဖြစ်မှာပါတဲ့။ကျွန်တော်က အဲဒီအနာတွေက နှစ်ရက်သုံးရက် တောင် ရှိနေပြီ။ သွေးမထွက်တော့ဘူးလို့ ပြောတဲ့ အခါ မယုံသင်္ကာနဲ့ ပါးစပ်ဟခိုင်းပြီး ကြည့်ပါတယ်။သူလည်း ကျေနပ်လောက်အောင်ကြည့်အပြီး ကျွန် တော်လည်း ပါးစပ်ညောင်းတော့မှ နောက်ထပ် ဘာ ဖြစ်သေးလဲလို့ မေးပါတယ်။ ခေါင်းမူးနေကြောင်း၊ တစ်ကိုယ်လုံးကိုက်ခဲနေကြောင်း၊ အထူးသဖြင့် ခြေ ထောက်၊ လက်နဲ့ဇက်နေရာတွေ ပိုနာကြောင်း၊ ဗိုက် အောင့်နေကြောင်း၊ဆီးအနီတွေသွားနေကြောင်း... စတဲ့တစ်ကိုယ်လုံးမှာ ခံစားရသမျှကို အစုံတောက် လျှောက်ရွတ်ပြတော့မှပဲ ကျွန်တော့်ဝေဒနာကို ကုသ ဖို့ မဟာအသက်ကယ် ဆေးတော်ကြီးတစ်ဖုံဖြစ်တဲ့ ဆီဗစ်ဆေးပြားတစ်ထုပ် ရလိုက်ပါတယ်။ ရာဇ၀တ် အကျဉ်းသားမဟုတ်တဲ့ နိုင်ငံရေးအကျဉ်းသား ကျောင်းသားတစ်ယောက်ဖြစ်တဲ့အတွက်ကြောင့် အထူးအခွင့်အရေးတစ်ရပ်အဖြစ် ဆေးတစ်ထုပ် ကုန်တိုင်း နောက်တစ်ထုပ်ထပ်ရနိုင်ဖို့ ကြိုတင် အသိပေးပါဆိုတဲ့ အခွင့်အရေးကိုလည်း ရလိုက်ပါ တယ်။ ကျွန်တော်ထောင်ထဲမှာ ဆီဗစ်ဆေးကို နှစ်လ လောက်သောက်အပြီးမှာတော့ တံတွေးမှာသွေးပါ တာ ရပ်သွားခဲ့ပါတယ်။ အစာအိမ်ပိုးဝင်တဲ့ရောဂါကို ရှစ်လအကြာမှ ဆေးရုံတက်ကုသခွင့်ရခဲ့ပါတယ်။ခြေချောင်းနဲ့ လက်ချောင်းကျိုးခြင်း၊ ဇက်အရိုးကျီး ပေါင်းတက်သွားခြင်းနဲ့ ခါးနာခြင်းတွေကတော့ ထောင်ကလွတ်လာတဲ့ တစ်နှစ်ကျော်ကာလရောက် မှ ဆေးကုသရပါတယ်။ အဖမ်းခံရစဉ်တုန်းက ဘာ ဖြစ်လို့ ပါးစပ်တွင်းက သွေးထွက်တယ်ဆိုတာ အခုထိ မသိရသလို ခန်္ဓာကိုယ်ရဲ့ အတွင်းကလီစာ အစိတ်အပိုင်းတွေ ဘာတွေဖြစ်လို့ ဘယ်လိုပြန် ကောင်းသွားမှန်းလဲ စဉ်းစားလို့မရခဲ့ပေမယ့် ထူး ဆန်းတဲ့ လူ့သဘာဝစိတ်ဓာတ်အကြောင်းကိုတော့ အံ့သြစွာကိုယ်တွေ့သိရှိခဲ့ရပါတယ်။

 လူဟာ သာမန်အချိန်မှာ မသိသာပေမဲ့ အသက်ရှင်သန်မှုကို ပြင်းထန်စွာ ခြိမ်းခြောက်ခြင်း ခံရတဲ့အခါမှာ ခံနိုင်ရည်စွမ်းအလိုအလျှောက် မြင့် မားလာပြီး ခက်ခဲတဲ့အခြေအနေမှာတောင် ရှင်သန် နိုင်တယ်ဆိုတဲ့ အတွေ့အကြုံတစ်ခုကို ဘ၀နဲ့ရင်းပြီး တန်ဖိုးရှိစွာ သိရှိခဲ့ရပါတယ်။ ၁၀၇ ပေါင်ပဲရှိတဲ့ လူဗလံလေးကို လူနှစ်ဆယ်လောက် ၀ိုင်းရိုက်၊ ၀ိုင်း ကန်ခြင်းကို သုံးချီသုံးလား ခံခဲ့ရတာပါ။ ဒီအခြေ အနေကို သာမန်အချိန် ပြင်ပမှာ ရန်ဖြစ်ရင်း ကြုံခဲ့ ရရင် ကျွန်တော်သေသွားမှာပါ။ ဖမ်းဆီးခံရချိန်က ပြည်သူ့ရဲတပ်ဖွဲ့ဝင်များရဲ့ အထုအထောင်းခံနေရ ချိန်မှာ ရဲဘော်ရဲဘက်တွေ၊ အငယ်တွေ လွတ်မှလွတ် ပါ့ မလားဆိုတဲ့အတွေးနဲ့ ဒါ..ငါ့ကိုတရားလက် လွတ် နှိပ်စက်နေတာပဲဆိုတဲ့ ခံစားမှုကနေတစ်ဆင့် ဖြစ်လာတဲ့ ဒေါသတရားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ “နာ”မှန်းမသိဘဲ “ထုံ“သွားတော့တာပါပဲ။ ““ရေတောင် မနည်းမျိုချရတယ်””ဆိုတဲ့ ခံစားချက်ကို လက်တွေ့ ခံစားရပေမယ့် အမှန်တရားရဲ့ခွန်အားက အသက် ဆက်ပေးမှုနဲ့ ကျော်ဖြတ်နိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ မသေရုံတမယ်ရိုက်နှက်ပြီး အချုပ်ကားထဲမှာ ငါးပိ သိပ်၊ ငါးချဉ်သိပ်ပစ်တင်ခံရလို့ သွေးတွေ၊ ချွေးတွေ တရွှဲရွှဲကြားက တစ်ယောက်နဲ့တစ်ယောက် ရဲဘော် ရဲဘက်စိတ်ဓာတ်နဲ့ဖေးမခဲ့ကြတာဟာလည်း ညီညွတ် ခြင်းပြယုဂ်တွေပါပဲ။ နေ့လယ်ခင်း နေပူကျဲကျဲမှာ အရိုက်ခံရပြီး၊ အချုပ်ကားပေါ်မှာလည်း တစ်ကိုယ် လုံး ချွေးတွေရွှဲနစ်ခဲ့တာကြောင့် ညနေပိုင်း သာယာ ၀တီထောင်ဘူးဝမှာ တန်းစီပြီး ရှာဖွေရေးအလုပ်ခံ နေရချိန်မှာ ကျွန်တော် အဖျားတက်လာပါတယ်။အဖျားတက်ပြီး ချမ်းနေတဲ့ ကျွန်တော့်ကို ပဲခူးခရိုင် ဗကသက ရဲဘော်လေးမျိုးထက်ပိုင်(အငယ်ကောင်) ကသူဝတ်ထားတဲ့ အပေါ်အင်္ကျီလက်ရှည်လေး ချွတ် ပေးပါတယ်။ အင်္ကျီဖိုးရိုးဖားရား၊ ခေါင်းစုပ်ဖွား၊ ယိုင်ထိုးနေတဲ့ခြေလှမ်းတွေနဲ့ နာမည်ကျော် သာယာ ၀တီထောင်ရဲ့မြေကြီးကို ဖိနပ်မပါခြေဗလာနဲ့ အရသာရှိရှိ နင်းလျှောက်ခွင့်ရခဲ့လိုက်ပါတယ်။ ဘ၀ မှာ ပထမဆုံးထောင်ကျခြင်း (နောက်ဆုံးတော့ ဟုတ် လောက်မယ်မထင်) အရသာဟာ ခါးသက်သက်နဲ့ စားလို့ကောင်းတဲ့ တမာချဉ်တို့စရာလို အတွဲအဖက် အဖြစ် ခပ်စပ်စပ်ငါးပိရည်လေးက ထောင်တွင်းက နေ စောင့်ကြိုလို့နေပါတော့တယ်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုရန်. . . . . . 

 

မင်းသွေးသစ်