မြန်မာ့ဒီမိုကရေစီခေတ်သစ်မှာ မဖြစ်ညစ်ကျယ်မဖွယ်မရာ ဘာတွေဖြစ်နေတာလဲ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ NLD ပါတီအစိုးရ နိုင်ငံတော်အာဏာကို ရရှိလာသည့်အချိန်မှစ၍ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေး၊ နိုင်ငံရေးအခြေအနေအရပ်ရပ်တွင် (တရားဥပဒေ စိုးမိုးရေးမပါဝင်)ပြတ်ပြတ်သားသားကြီးထွားတိုးတက် လာသည့်အခြေအနေအရပ်ရပ်ကို တွေ့မြင်ရသော ကြောင့် ၀မ်းသာကျေနပ်သင့်သလောက် ၀မ်းသာ ကျေနပ်ရသည့်အခြေအနေများရှိခဲ့၏။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကကန့်သတ်ထား သည့်ဒီမိုကရေစီ၏အပြင်အဆင်နှင့် မညီညွတ်သော ဥပဒေများကြောင့် ပြည်ထောင်စုသမ်္မတမြန်မာ နိုင်ငံတော်၏လက်ရှိအခြေအနေမှာ တိုးတက်သင့် သလောက်မတိုး တက်နိုင်သေးသည်ကိုပင်မျက်ဝါး ထင်ထင်တွေ့မြင်နေရဆဲရှိသေး၏။ ဒီမိုကရေစီ၏ ဆင်းပြင်နှင့် အသွင်မညီညွတ်သော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် လက်ရှိချီတက်နေရသည့်ဒီမိုက ရေစီခရီးမှာ အလွယ်တကူဥပမာပေးရလျှင် “အ၀ိုင်း နှင့် လေးထောင့်”လိုဖြစ်နေ၏။

ဒီကြားထဲတွင် နှစ် ၅၀ အာဏာရှင်ခေတ် အဆက်ဆက်က အမွေဆိုးအဖြစ်ကျန်ရစ်ခဲ့သည့်အမူ အကျင့်၊ အပြောအဆို၊ အလုပ်အကိုင်များသည် ပြည်သူတို့အကြား၌ပွားများနေဆဲဖြစ်၏။

ဗိုလ်ချုပ်အောင်ဆန်းပြောဆိုခဲ့သည့်မိန့်ခွန်းများ တွင် “လွတ်လပ်ရေးဆိုတာစည်းမဲ့ကမ်းမဲ့မဖြစ်စေရ ဘူး။ စည်းနဲ့ ကမ်းနဲ့ဖြစ်စေရမယ်။ စည်းနဲ့ ကမ်းနဲ့ ဖြစ်စေမှလွတ်လပ်ရေးဆိုတာအဓိပ်္ပာယ်ရှိမယ်” တဲ့။

ယခုလည်းပြောချင်သေးသည်။ ဒီမိုကရေစီဆို သည်မှာစည်းမဲ့ကမ်းမဲ့မဟုတ်။ စည်းနဲ့ကမ်းနဲ့စနစ် တကျလုပ်ကိုင်ကြမှသာလျှင် ဒီမိုကရေစီ၏အနှစ် သာရကို နိုင်ငံသားပြည်သူတွေပြည့်ပြည့်၀၀ခံစားကြ ရမည်ဖြစ်သည်။

သည်တော့မေးခွန်းထုတ်ရပေဦးမည်။ ဘယ်သူ တွေက မြန်မာ့ဒီမိုကရေစီခေတ်သစ်မှာ စည်းမဲ့ကမ်း မဲ့လုပ်နေကြလို့လဲ။ ဘယ်သူတွေက စည်းကမ်းနှင့် မညီအာဏာရှင်ခေတ်ကကဲ့သို့ခေါက်ရိုးကျိုးအမျိုးမျိုး ပြုပြင်မရဖြစ်နေကြတာလဲ။ ထိုမေးခွန်းကိုဖြေဆိုပါ မည်။ ဖြေဆိုမည်ဆိုမှဖြင့်စကားလက်တံအနည်းငယ် ရှည်ခွင့်ပြုကြပါချစ်သောစာရှုသူ။

မကြာမီရက်အတွင်းကဖြစ်သည်။ ဆိုကြပါစို့ ဖေဖော်ဝါရီ ၁၁ ရက် တနင်္ဂနွေနေ့၊ ထိုနေ့က ဤစာရေးသူတက်္ကသိုလ်စိန်တင်သည်တက်္ကသိုလ်များ ဓမ်္မာရုံ၌ ကျင်းပသောမင်းဘူးခရိုင်အသင်းရန်ကုန် သက်ကြီးပူဇော်ပွဲ၊ ပညာရည်ချွန်ဆုပေးပွဲနှစ်ပတ် လည်အစည်းအဝေးပွဲသို့ နံနက် ၈ နာရီအချိန်တွင် သွားရောက်ခဲ့သည်။

တက်္ကသိုလ်ရိပ်သာလမ်း၌ရှိသော နိုင်ငံတော် ၏ အတိုင်ပင်ခံပုဂ်္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အိမ် ရှေ့တွင် သံဆူးကြိုးများစနစ်တကျယှက်သိုင်းထား သည့်သစ်သားတန်းကြီးများတွေ့ရ၏။ ထိုအခြေအနေ အရပ်ရပ်ကို မြင်ရသောအခါဤစာရေးသူတက္ကသိုလ် စိန်တင်ကားမောင်းသွားရင်းပင်ပြုံးချင်၊ ရယ်ချင်မိ တော့၏။

မြန်မာစကားပုံတွင်ရှိတယ်မဟုတ်လားဗျို့။ ဘာတဲ့။ “သူခိုးပြေးမှ ထိုးကွင်းထ” သတဲ့။ နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ်္ဂိုလ်အိမ်မှာ ယခုမှသံဆူးကြိုး ကာသစ်သားဘားတန်းကြီးတွေကာကွယ်ထားရတာ အကြောင်းရှိပါသတဲ့။ သတင်းစာများတွင်ဖတ်လိုက်  ရသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ်္ဂိုလ်အိမ်ကို လူရမ်းကားတစ်စုံတစ်ယောက်က အန်္တရာယ်ပြုရန် ဓာတ်ဆီပုလင်းဖြင့်လာပစ်သတဲ့။ ဓာတ်ဆီပုလင်းဖြင့် ပစ်သူမှာထွက်ခွာရှောင်ပြေးသွားသောကြောင့် ဒေါ်အောင်ဆန်းစုကြည်၏ အိမ်ကိုစောင့်ကြပ်နေ သည့်ရဲများက ဖမ်း၍ မမိလိုက်ဟုသိရ၏။ အချိန် အတော်ကြာမှ ထိုလူရမ်းကားကို ဖမ်းမိသောအခါ စိတ်နောက်နေသော အရူးလက်မှတ်ရထားသူဟု သတင်းထွက်ပေါ်လာသည်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News journal တွင်ဆက်လက်ဖတ်ရှုပါရန်

 

တက္ကသိုလ်စိန်တင်