The Hot News ဂျာနယ်၏ Hot အဖြစ်ဆုံး ပုဂိ္ဂုလ်ထူးနှင့် အဖွဲ့အစည်းများ (၁၀)

ဒေါ်ခင်စောဝေ

ဒေါ်ခင်စောဝေသည် ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲ၌ ရခိုင်ပြည်နယ်၊ ရသေ့တောင် မြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် နှစ်ကြိမ်တိုင်တိုင် ရွေးချယ်တင်မြှောက်ခံရသူဖြစ် သည်။ ဘင်္ဂါလီများကို ၁၉၈၂ ဥပဒေဖြင့် စိစစ် ဆောင်ရွက်ရန် ဝေဖန်ထောက်ပြခဲ့သူဖြစ်သည်။ ဒေါ်ခင်စောဝေသည် ကိုဖီအာနန်ကော်မရှင်ဖွဲ့စည်း ခဲ့မှုအပေါ် လိုအပ်ချက်များရှိနေသည်ကို အကြံပြု ပြောကြားခဲ့သည်။ ဒေါ်ခင်စောဝေသည် ပြည်သူ့ လွှတ်တော်တွင် ဖွဲ့စည်းထားသည့်အစိုးရ၏ ကတိ များ၊ အာမခံချက်များနှင့် တာဝန်ခံချက်များ စိစစ် ရေးကော်မတီ၌ အဖွဲ့ဝင်တစ်ဦးဖြစ်သည်။ ရခိုင်ပြည် နယ်၏ လိုအပ်ချက်များကို ပြည်သူ့လွှတ်တော်သို့ တင်ပြဆောင်ရွက်နေသူဖြစ်သည်။ ရခိုင်ပြည်နယ် လွှတ်တော်တွင် ရခိုင်ပြည်နယ် စည်ပင်သာယာ ၀န်ကြီး ဦးမင်းအောင်ကို ဝေဖန်ထောက်ပြခဲ့ခြင်းကို အုပ်စုဖွဲ့အနိုင်ကျင့်သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ဦးဉဏ်ဝင်း ပြောကြားခဲ့ခြင်းကို ပြင်း ထန်စွာ တုံ့ပြန်ပြောကြားခဲ့သည်။ ထိုကဲ့သို့ တုံ့ပြန် ပြောကြားခဲ့သည့်အပေါ် NLD  ကို ထောက်ခံသူ များ၏ဝေဖန်မှုများ ရှိခဲ့သည်။ ရခိုင်ပြည်နယ်အရေး ကို အစိုးရကိုင်တွယ်ဖြေရှင်းရာတွင် အားနည်း ချက်များရှိနေသည်ဟု  စဉ်ဆက်မပြတ်  ဝေဖန် ထောက်ပြနေသူဖြစ်သည်။ ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ ဒေါ်ခင်စောဝေ၏ ဝေဖန်ထောက်ပြမှု များကို ထောက်ခံသူများရှိသလို ဝေဖန်ကန့်ကွက်သူ များလည်း ရှိသည်။ ပြည်သူ့လွှတ်တော်၌ ရခိုင်ပြည် နယ်အရေးအတွက် မည်ကဲ့သို့ဆက်လက်ဆောင်ရွက် မည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။ ပြည်သူ့လွှတ် တော်ဥက်္ကဋ္ဌဦးဝင်းမြင့်၏ သတိပေးခံရသူဖြစ်နေသည်။

ဦးရဲနိုင်ဝင်း

ဦးရဲနိုင်ဝင်းသည် အလုပ်သမားအခွင့်အရေး များအတွက် တက်ကြွလှုပ်ရှား ဆောင်ရွက်နေသူ တစ်ဦးဖြစ်သည်။ ဦးရဲနိုင်ဝင်းသည် အရေးပေါ်စီမံ ချက်ပုဒ်မ(၅)ညနှင့် ပုဒ်မ(၁၇/၁)ဖြင့် နှစ်ရှည်ထောင် ဒဏ်ကျခံရသည်။ အကျဉ်းထောင်မှ ပြန်လွတ်သည့် အချိန်မှစ၍ အလုပ်သမားအရေးကို ဆောင်ရွက်ခဲ့ သည်။ ၂၀၁၂ ခုနှစ်တွင် ထွက်ပေါ်ခဲ့သည့် အလုပ် သမားဥပဒေကိုပြင်ဆင်ရန် ဆောင်ရွက်ခဲ့သည်။ ဦးရဲ နိုင်ဝင်းသည် အလုပ်သမား၊ အလုပ်ရှင်စေ့စပ်ညှိနှိုင်း ရေး ခုံသမာဓိကောင်စီတွင် ၂၀၁၅ မှ ၂၀၁၇ အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ အလုပ်သမားဥပဒေ တွင် အားနည်းချက်များရှိနေခြင်းကြောင့် အလုပ် သမား၊ အလုပ်ရှင်ကိစ်္စများ ဖြေရှင်းရာတွင် အခက် အခဲများရှိနေကြောင်းကို ဝေဖန်ထောက်ပြခဲ့သည်။ ခုံသမာဓိကောင်စီ၌ အလုပ်ရှင်၊ အလုပ်သမား ဖြေရှင်းခဲ့ရာတွင် အလုပ်ရှင်များ၏ ဝေဖန်မှုရှိသလို အလုပ်သမားများ၏ ဝေဖန်ခံရသူဖြစ်သည်။ အလုပ် သမားဥပဒေပါ အချက်များနှင့် ဖြေရှင်းခဲ့သော် လည်း အလုပ်ရှင်ဘက်ကလိုက်သည်။ အလုပ်သမား ဘက်ကလိုက်သည်ဟု ဝေဖန်ခံခဲ့ရခြင်းဖြစ်သည်။ အလုပ်သမားများ ရသင့်ရထိုက်သည့် ဥပဒေပါ အခွင့်အရေးများ ရရှိနိုင်အောင် ဆောင်ရွက်နေသူ ဖြစ်သလို အလုပ်သမားသမဂ်္ဂများ ဖွဲ့စည်းနိုင်ရေး အတွက် ဆောင်ရွက်နေသူဖြစ်သည်။ အလုပ်သမား ပြဿနာများသည် နိုင်ငံရေးနှင့် ဆက်နွယ်နေသည်။ အစိုးရမှ တာဝန်ယူဖြေရှင်းရန် အကြံပြုပြောဆိုနေသူ ဖြစ်သည်။ အလုပ်သမားပြဿနာများကို ကိုင်တွယ် ဖြေရှင်းရာတွင်  ခေတ်ကာလနှင့်လျော်ညီသော လုပ်ခလစာ၊ လုပ်ငန်းခွင်အဆင်ပြေချောမွေ့ရေးနှင့် ပိုမိုကောင်းမွန်သည့် အနာဂတ်များ ပေါ်ထွန်းလာ ရေးအတွက် ဆောင်ရွက်ပေးသင့်ကြောင်းကို အစိုးရ နှင့်တာဝန်ရှိသူများ အကြံပြုထောက်ပြခဲ့သည်။ ဦးရဲ နိုင်ဝင်းသည် အလုပ်သမားသမဂ်္ဂများ ပူးပေါင်း ဆောင်ရွက်ရေးကော်မတီဥက်္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်နေသည်။ အလုပ်သမားများ တစ်နေ့ လုပ်အားခ ၅၆၀၀ နှင့်မနည်း ရရှိနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုကဲ့သို့ ဆောင် ရွက်နေသော်လည်း အလုပ်သမားအရေးများ ပြေ လည်မပြေလည်ကို စောင့်ကြည့်ရမည်ဖြစ်သည်။

ဦးသိန်းညွန့်

ဦးသိန်းညွန့်သည် ၂၀၁၅ ခုနှစ် ပါတီစုံအထွေ ထွေရွေးကောက်ပွဲတွင် ရွေးချယ်တင်မြှောက်မခံရ သော်လည်း ပြည်သူများရင်ဆိုင်ကြုံတွေ့နေရသည့် အခက်အခဲများကို လာရောက်အကူအညီ တောင်းခံ ပါက ဥပဒေအကြောင်းအရ အကူညီပေးနေသူဖြစ် သည်။ ယခုတက်လာသည့် အစိုးရသည် ၂၀၀၈ ဖွဲ့စည်းပုံအရ အာဏာရလာသောကြောင့် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ အချက်များနှင့် မညီသောအချက် များကို ဝေဖန်ထောက်ပြနေသူဖြစ်သည်။ ရခိုင်ပြည် နယ်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းခဲ့သော ကိုဖီအာ နန် ကော်ရှင်ကို လက်မခံကြောင်း ပြင်းထန်စွာ ကန့်ကွက်ခဲ့သူဖြစ်သည်။ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ထိပါးလာသည်ဟု နိုင်ငံရေးပါတီ ၁၁ ပါတီနှင့် သဘောထား ထုတ်ပြန်ခဲ့သည့်အပေါ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီနှင့် ပူးပေါင်းဆောင်ရွက်ခဲ့သောကြောင့် နိုင်ငံရေးအသိုင်း အ၀ိုင်းကြားထဲ၌ ဝေဖန်မှုများပေါ်ထွက်ခဲ့သည်။ အစိုးရဆောင်ရွက်နေသည့်ကိစ်္စများကို ပြည်တွင်း ပြည်ပမီဒီယာများမှတစ်ဆင့် ဝေဖန်ထောက်ပြပြော ဆိုနေသည်။ ထိုကဲ့သို့ ထောက်ပြဝေဖန်မှုများကို ထောက်ခံသူများရှိသလိုကန့်ကွက်သူများရှိနေသည်။ သက်ငယ်မုဒိမ်းကိစ်္စနှင့်ပတ်သက်၍ သေဒဏ်ပေးရန် လိုအပ်ကြောင်းကို အကြံပြု ပြောကြားနေသူဖြစ် သည်။ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ကိစ်္စရပ် များနှင့်ပတ်သက်၍ ကာလုံအစည်းအဝေးခေါ်ရန် လိုအပ်ကြောင်း အစိုးရအား ဝေဖန်အကြံပြုခဲ့သည်။ အဆိုပါကဲ့သို့ဝေဖန်အကြံပြုခဲ့သောကြောင့် နိုင်ငံရေး အသိုင်းအ၀ိုင်းကြား၌ ဝေဖန်ပြောဆိုမှုများဖြစ်ခဲ့သည်။  ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသည့်ကိစ်္စရပ်များနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၃၀ ကျော်ဖြင့် ပူးပေါင်း ဆောင်ရွက်နေသူဖြစ်သည်။ အစိုးရ၏ဆောင်ရွက် ချက်များအပေါ်ဝေဖန်ထောက်ပြသည့်ဆောင်းပါး များကို ရေးသားနေသူဖြစ်သည်။ လွှတ်တော်ပြင်ပ မှနေ၍ မည်ကဲ့သို့ဆက်လက်ဆောင်ရွက်သွားမည် ကို စောင့်ကြည့်ရသူများထဲ၌ပါဝင်သူတစ်ဦးဖြစ်သည်။

 

ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ရဲ့ ကတ်္တီပါလမ်းခွဲ

လုံးဝထင်မှတ်မထားဘဲ သရုပ်ဆောင်ဘုဏ်း သိုက်နဲ့ တေးသံရှင် ချမ်းချမ်းတို့ရဲ့ အိမ်ထောင်ရေး လမ်းခွဲက ပရိသတ်အကြား မှတ်မှတ်ထင်ထင် ဖြစ် ကျန်ခဲ့တယ်။

ချမ်းချမ်းအပေါ် ကရုဏာသက်သူ များပြားခဲ့ ပြီး ရင်သွေးငယ်သမီးလေးကို ထည့်သွင်းစဉ်းစားပြီး ပြေလည်အောင်ညှိနှိုင်းကြဖို့ စကားဆိုသူတွေလည်း ပေါ်ထွက်ခဲ့တယ်။

၂၀၁၇၊ နိုဝင်ဘာလထဲ ဘုဏ်းသိုက်နဲ့ လမ်းခွဲ အပြီး ချမ်းချမ်းရဲ့ တေးစုက “သို့...ချစ်နေတုန်းပဲ” ဆိုတဲ့ Title နဲ့ထွက်လာတော့ ဘယ်သူ့ကိုမှ မရည် ရွယ်ပါဘူးလို့ ချမ်းချမ်းက ဆိုပါတယ်။

သူနဲ့ပတ်သက်တဲ့သတင်းတွေ လူမှုကွန်ရက်မှာ ရော မီဒီယာတွေကပါ မချဲ့ထွင်ကြဖို့၊ လူတစ် ယောက်ရဲ့ စိတ်ခံစားချက်ကို ထည့်စဉ်းစားပေးဖို့ ချမ်းချမ်းက သူ့ဖေ့စ်ဘွတ်ခ် စာမျက်နှာက တောင်းဆို ရတဲ့အထိ ဘုဏ်းသိုက်နဲ့ ချမ်းချမ်းရဲ့ ကတ်္တီပါလမ်းခွဲ က ၂၀၁၇ မှာ ပရိသတ်များကို စွဲဆောင်ခဲ့ပါတယ်။

အယ်ဒီတာအဖွဲ့