The Hot News ဂျာနယ်၏ Hot အဖြစ်ဆုံး ပုဂိ္ဂုလ်ထူးနှင့် အဖွဲ့အစည်းများ (၆)

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်

၂၀၁၆ ဧပြီကနေစပြီး အသက် ၀င်လာတဲ့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကတော့ ၀မ်းသာရမှာလား။ ၀မ်းနည်းရမှာလား မိသိန်းကြည် ရယ်လို့ဆိုရမှာပါပဲ။ ဒီနှစ်ထဲက ဇွန်လမှာဖြစ်ခဲ့တာ ဆိုရင် ဘာပြောလို့ ပြောရမှန်းကို မသိဖြစ်ခဲ့ရတယ်။ အဲဒါကတော့ တိုင်ကြားစာကိစ်္စပါ။ တိုင်းလွှတ်တော် ကိုယ်စားလှယ် လူမှုရေးနှင့် စီမံခန့်ခွဲရေးကော်မတီဝင် ဦးလှဌေးအဆိုအရဆိုရင်တိုင်ကြားစာတစ်စောင် ရတယ်ဆိုတာနဲ့ လွှတ်တော်ဥက်္ကဋ္ဌဆီမှာ ကွင်းဆင်း စစ်ဆေးခွင့်တောင်းရတယ်။ ဥက်္ကဋ္ဌကတိုင်းဒေသကြီး အစိုးရကိုပို့၊ အစိုးရကဌာနဆိုင်ရာတွေဆီကိုပို့ အကြောင်းကြားပြီး အဆင့်ဆင့်ဖြတ်သန်းနေရတယ်။ ဒါကြောင့် အဆင့်တစ်ဆင့်ချင်းစီရဲ့ ကြန့်ကြာမှု ကြောင့် တိုင်ကြားစာကိုချက်ချင်းမဖြေရှင်းပေးနိုင် ဘူးလို့သိရတယ်။ အချို့တိုင်ကြားစာက လွှတ်တော် ဥက်္ကဋ္ဌဆီကို တိုက်ရိုက်ပို့တော့ ဥက်္ကဋ္ဌကကော်မတီကို ပြန်ချပေးတဲ့ အဆင့်က ပိုနေပြန်ရော။အဲဒါကြောင့် ကြန့်ကြာရတာတွေရှိနေတယ်။ အဲဒီလို ကြန့်ကြာ ခြင်းအပေါ်မှာ လွှတ်တော်ကိုယ်စားလှယ်တွေက မကျေမနပ်မှုတွေရှိနေခဲ့တယ်။ ပြီးတော့ ဝေဖန်မှုတွေ လည်းရှိနေခဲ့ကြတယ်။ ဇွန်လလောက်ထိတိုင်ကြား စာ ၁၅၀ လောက်ရောက်နေပြီးတော့ ၁၂၅ စောင် ကိုဖြေရှင်းပေးနိုင်တယ်ဆိုတော့လည်း ၈၀ ရာခိုင်နှုန်း လောက်ရှင်းပေးနိုင်တယ်ဆိုတော့ အခြားလွှတ်တော် တွေထက်စာရင်ပိုပြီး ကျေနပ်စရာကောင်းပါတယ်လို့ ပြောရမှာပဲ။

ကန်တော်ကြီးငါးပြတိုက်ဟောင်းနေရာက မိုးပျံ ပူဖောင်းစီမံကိန်းကိစ်္စအဆိုဆွေးနွေးခွင့်မရတာတို့၊ စတုတ်္ထပုံမှန်အစည်းအဝေးမှာ YBS  ကိစ်္စဆွေးနွေး ပြီးနောက်ပိုင်း ဘာအဆိုမှ ဆွေးနွေးခွင့်မရတာတို့ ကတော့ တိုင်းဒေသကြီးလွှတ်တော်သိက္ခာပိုင်းထိ ခိုက်မှုရှိခဲ့ပါတယ်။ ဒါပေမဲ့ အဆိုတင်တဲ့ ကိစ်္စကို မဲခွဲ ဆုံးဖြတ်နိုင်ခဲ့ပါတယ်။ Thirtparty လို့ခေါ်တဲ့ လုပ် ငန်းစစ်ဆေးရေးအဖွဲ့ကို နိုင်ခဲ့တာကလည်း ထူးခြား ပါတယ်။ နောက်တစ်ခုကတယ်လီကွန်ကုမ်္ပဏီတွေ က ပြည်သူများထံကနေကျသင့်ငွေထက်ပိုမိုဖြတ် တောက်နေခြင်းနဲ့ ပတ်သက်လို့မေးမြန်းနိုင်ခဲ့ခြင်းပါ။ အဲဒါကို မရမ်းကုန်းမဲဆန္ဒနယ်အမှတ် (၁) က ကိုယ် စားလှယ်ဦးရန်ရှင်းကမေးခဲ့ပါတယ်။ အဲဒီမေးခွန်းကို တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဒေါ်နီလာကျော်ဆီ ကနေစိစစ်ပြီးနောက်ပိုမိုဖြတ်တောက်ထားတာကို တွေ့ရှိရင်ပြန်လည်ထည့်ပေးပါမယ်ဆိုတဲ့ ကတိ စကားကိုတော့ရရှိခဲ့ပါတယ်။

လွှတ်တော်မှာ အရပ်ဘက်၊ တပ်ဘက်ကိုယ်စား လှယ်တွေ တညီတညွတ်တည်းအတည်ပြုပေးနိုင် တာကတော့ အများပိုင်နေရာတွေကို အများပြည် သူပြန်လည်ပိုင်ဆိုင်ခွင့်ရရှိရေးပါပဲ။ သင်္ဃန်းကျွန်း လွှတ်တော်ကိုယ်စားလှယ်ဦးနေဘုန်းလတ်ကအဆို တင်ခဲ့တာပါ။ ကိုယ်စားလှယ် ၁၄ ဦးကထောက်ခံ ဆွေးနွေးခဲ့ပါတယ်။ အကွက်ဖော်ရောင်းစားတဲ့ ကိစ်္စ တွေပျောက်သွားအောင်လို့လုပ်ရတာပါလို့လည်း အဆိုတင်တဲ့ သူကပြောခဲ့ပါသေးတယ်။ အဲဒီမှာ မြို့တော်ဝန်ကအဆိုကို မှတ်တမ်းအဖြစ်ပဲထားပေးဖို့ ဆိုတယ်။ စည်ပင်နဲ့ တင်မပြီးဘူး တရားရုံးနဲ့လည်း ဆိုင်တဲ့အတွက်လို့အကြောင်းပြချက်ပေးပါတယ်။  ဒါပေမဲ့ လွှတ်တော်ကိုယ်စားလှယ်တွေက အတည် ပြုပေးဖို့ဝိုင်းပြီးထောက်ခံလိုက်ရပါတယ်။ အဲဒီအကျိုး ဆက်အရတိုင်းဒေသကြီးအစိုးရက ဆက်လက် အကောင်အထည်ဖော်ပေးရတော့မှာပါ။

YBS ယာဉ်တိုက်မှုကြီးဖြစ်ပေါ်နေတဲ့အချိန် လောက်မှာတိုင်းဒေသကြီးအရေးပေါ်အစည်းအဝေး ခေါ်ယူမှုရှိခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးက နယ်လုံဝန်ကြီးခန့်တဲ့ အစည်းအဝေးဖြစ်နေတယ်။ ကိုယ်စားလှယ်တွေ မျှော်လင့်ထားသလိုမဖြစ်တော့ အသံတွေ  ထွက်သွားတယ်။  ဒဂုံမြို့နယ် လွှတ် တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကတော့ အဲဒီ အပေါ်မှာ ခိုးလိုးခုလုလေး ခံစားပြီး ပြောသွားတာ တွေရှိပါတယ်။ လွှတ်တော်ဥက်္ကဋ္ဌက တားမြစ်ရတဲ့ အထိကို သူရဲ့ ဆွေးနွေးမှုတွေက ထိရှမှုတွေ ရှိခဲ့ပါ တယ်။

ဘာပဲပြောပြောရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ကတော့ ၂၀၁၇ မှာ လှုပ်လှုပ်ရှားရှားတွေ ရှိခဲ့လို့ မှတ်တမ်းတစ်ခုအနေနဲ့ ဖော်ပြလိုက်ရပါတယ်။

မကွေးကျောင်းတိုက်ဆရာတော်

ဦးပါမောက္ခ

မကွေးကျောင်းဆရာတော်လို့ပြောလိုက်ရင်၊ ဦးပါမောက္ခလို့ပြောလိုက်ရင် မဘသအဖွဲ့ကြီးမှာ တက်တက်ကြွကြွပါဝင်ခဲ့တဲ့ ဆရာတော်၊ မျိုးချစ်စိတ် ပြင်းထန်တဲ့ဆရာတော်အဖြစ် တော်တော်များများ သိရှိပြီးသား သံဃာတော်တစ်ပါး ဖြစ်ပါတယ်။ ဆရာ တော်ဦးပါမောက်္ခဟာ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ်၊ ၅၀ ရပ်ကွက်က သူ့ကျောင်းမှာ တက်္ကသိုလ်ဝင်တန်း ကျောင်းသားလေးတွေကို ပညာဒါန ပေးနေပြီး ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် တက်ကြွလှုပ်ရှားသူတွေနဲ့အတူ အားသွန်ခွန်စိုက် လှုပ်ရှားခဲ့တဲ့ သံဃာတော်အရှင်သူမြတ်တစ်ပါးလည်း ဖြစ်ပါတယ်။

၂၀၁၇ ခုနှစ် တစ်နှစ်လုံးမှာ ဆရာတော်ဟာ မြေသိမ်းယာသိမ်းခံရသူများနဲ့ တရားဥပဒေရဲ့ တစ် ဖက်စောင်းနင်း ဘက်လိုက်ခြင်းကိုခံရတဲ့သူတွေရဲ့ ဘက်ကနေ သူတို့ရဲ့ရှေ့က မားမားရပ်ပြီး စွမ်းစွမ်း တမံကူညီပေးခဲ့တာကို တွေ့ရပါတယ်။ ဆရာတော်ရဲ့ ပရဟိတလှုပ်ရှားမှုတွေနဲ့ မဘသအဖွဲ့ကနေထွက်ခွာ ခဲ့တဲ့သတင်းတွေဟာ ၂၀၁၇ တစ်နှစ်ပတ်လုံး သတင်း မီဒီယာတွေရဲ့ အသားပေးဖော်ပြမှုကို ရရှိခဲ့ပါတယ်။ ဆရာတော်ရဲ့ အထင်ရှားဆုံးသတင်းကတော့ ၂၀၁၆ ဧပြီလက အမေရိကန်သံရုံးကို ဘင်္ဂါလီအရေးကိစ်္စနဲ့ ပတ်သက်ပြီး ဆန်္ဒပြခဲ့လို့ တစ်နှစ်ခွဲကျော်ကြာ ငြိမ်းစု စီပုဒ်မ ၁၉ နဲ့ ရုံးချိန်းအကြိမ် ၂၀ ကျော်ထိ တရား ရင်ဆိုင်နေရတဲ့သတင်းပဲ ဖြစ်ပါတယ်။

ပိုပြီးထူးခြားသွားတာက အစိုးရဟာ ဆရာတော် အပေါ် ပုဒ်မ ၁၉ နဲ့ တရားစွဲနေရာကနေ တစ်နှစ် ပြည့်တဲ့နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅ (ခ)ပုဒ်မနဲ့ ကမာရွတ်တရားရုံးမှာ ထပ်မံတရားစွဲဆို ဖမ်းဆီးလိုက်ပါတယ်။ ၅၀၅(ခ)ပုဒ်မ ထပ်ကပ်လိုက် ကြောင်း အကြောင်းကြားစာ ဆရာတော်ဆီရောက် လာတော့ ဆရာတော်ဟာ တရားရုံးကိုမသွားဘဲ မြို့ နယ်ရဲစခန်းကိုသာသွားပြီး တရားရေးမဏ္ဍိုင်ကို မယုံ ကြည်လို့ ၅၀၅(ခ)အတွက် တရားရင်ဆိုင်မှု မလုပ်နိုင် ကြောင်း၊ ဖမ်းဆီးချုပ်နှောင်ဖို့လိုအပ်လာရင် သူ့ ကျောင်းကို အချိန်မရွေးလာဖမ်းနိုင်ကြောင်း ကိုယ် တိုင်စာသွားပို့ပြီး ပြောကြားခဲ့ပါတယ်။ ဆရာတော် ဟာ သူ့ကျောင်းမှာသူ သီတင်းသုံးနေထိုင်ရင်း ပရဟိတအလုပ်တွေလုပ်ဆောင်နေပေမဲ့ ဆရာတော် ထွက်ပြေးတိမ်းရှောင်သွားတယ်ဆိုတဲ့ ကောလာဟလ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။ ၂၀၁၇၊ နိုဝင် ဘာ ၂၁ ရက်မှာ ငြိမ်းစုစီပုဒ်မ ၁၉ နဲ့ ထောင်ဒဏ် တစ်လချခံလိုက်ရပြီး ဒီဇင်ဘာ ၂၁ မှာ ပြစ်ဒဏ်ရက် ပြည့်ခဲ့ပေမဲ့ ၅၀၅(ခ)နဲ့ ဆက်လက်ချုပ်နှောင်ခံနေရ ပါတယ်။

သိက်္ခာမချပေမဲ့ လူဝတ်လဲတာကိုခံလိုက်ရတဲ့ ဆရာတော်ရဲ့ဓာတ်ပုံတွေဟာ သတင်းစာမျက်နှာ တွေပေါ်မှာ ပလူပျံအောင်ပါလာတော့ မြင်ရသူ ဗုဒ်္ဓ ဘာသာဝင်အားလုံး သံဃာတော်တစ်ပါးအတွက် စိတ်မကောင်း ဖြစ်ကြရပါတယ်။ ဆရာတော်ဟာ ငယ်ဖြူဆရာတော်လည်းဖြစ်၊ ပရဟိတစိတ်၊ မျိုးချစ် စိတ်ပြင်းထန်တဲ့ဆရာတော်လည်း ဖြစ်တာကြောင့် သူ့ရဲ့ဒါယကာ၊ဒါယိကာမတွေမှာ အလွန်စိတ်ထိခိုက် ရပြီး ဆရာတော်လွတ်မြောက်ရေး နိုင်ငံ့အကြီးအကဲ တွေဆီ စာပို့အသနားခံ တင်ပြခဲ့ကြပါတယ်။ နိုင်ငံ တော်အကြည်ညိုပျက်စေမှု ၅၀၅(ခ) ပြစ်မှုမမြောက် ကြောင်း သတင်းမီဒီယာတွေကို ဖိတ်ကြားပြီး ဆရာ တော်ရဲ့ ဗီဒီယိုမှတ်တမ်းပြသခဲ့ပါတယ်။ ၂၀၁၆၊ ဧပြီ က အမေရိကန်သံရုံးအနီး ဆန်္ဒဖော်ထုတ်ပွဲမှာ နိုင်ငံ တော်ကို အကြည်ညိုပျက်စေတဲ့စကားများ လုံးဝ မဟောပြောခဲ့ကြောင်း ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

နိုဝင်ဘာ ၂၂ ရက်မှာတော့ ပုဒ်မ ၅၀၅(ခ) ကို ပလပ်ပေးရန် လျှောက်လဲချက်ကို တရားရုံးက ပယ်ချခဲ့ပါတယ်။ ဦးပါမောက်္ခဟာ သံဃာတော်ဖြစ် လို့ ဒီလိုအမှုမျိုးမှာ သံဃနာယကအဖွဲ့ကြီးရဲ့ ခွင့်ပြု စာလိုအပ်ကြောင်း၊ နိုင်ငံတော်အကြည်ညိုပျက်စေ တဲ့ ဟောပြောမှုမပြုလုပ်ခြင်းကြောင့် ၅၀၅(ခ)မှ ပလပ်ကာ လွှတ်ပေးသင့်ကြောင်း ဆရာတော်ရဲ့ရှေ့ နေ ဒေါ်မိုးမိုးအေးက အနောက်ပိုင်းခရိုင်တရားရုံးကို အယူခံဆက်တက်ဦးမယ်လို့ သိရပါတယ်။

တရားဥပဒေရဲ့ ဘက်မလိုက်မှုနဲ့ တရားသူကြီး တွေရဲ့ ဆင်ခြင်တုံတရားကိုသာ အားကိုးရတော့မယ့် ဆရာတော်ဦးပါမောက်္ခဟာ ၂၀၁၇ခုနှစ်ရဲ့ Person of the year အဖြစ်နဲ့ သတင်းစာမျက်နှာတွေပေါ်မှာ ထင်ရှားကျော်ကြားခဲ့ပြီဖြစ်သလို ပြည်သူလူထုရဲ့ စိတ်ဝင်စားမှုကို အပြည့်အ၀ရရှိထားသူ ဆရာတော် တစ်ပါး ဖြစ်ပါတော့တယ်။

ကိုကျော်စိုးဦးနှင့်

ကိုသက်ဦးမောင်

ရိုက်တာသတင်းထောက်များ

 

ကိုကျော်စိုးဦး (ခ) မိုးအောင်နှင့် ကိုသက်ဦး မောင် (ခ) ၀လုံးတို့နှစ်ဦးသည်ရိုက်တာသတင်းဌာန ၏မြန်မာနိုင်ငံဆိုင်ရာသတင်းထောက်နှစ်ဦးဖြစ်သည်။ ၎င်းင်းတို့နှစ်ဦးကို ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံလျှို့ဝှက်ချက် များအက်ဥပဒေပုဒ်မ ၃ ဖြင့် ဖမ်းဆီးထားသည်။ ရခိုင်ပြည် နယ်တွင် လုံခြုံရေးတာဝန်ထမ်းဆောင်ပြီး ရန်ကုန်မြို့ သို့ပြန်ရောက်လာသော ရဲတပ်ဖွဲ့ဝင်များအား ချဉ်း ကပ်စည်းရုံးကာအရေးကြီးလုံခြုံရေးစာရွက်စာတမ်း များကို ပြည်ပသတင်းဌာနများသို့ပေးပို့ရန် ရည်ရွယ် ချက်ဖြင့် တရားမ၀င်ရယူခဲ့သည်ဆိုကာဖမ်းဆီးထား ခြင်းဖြစ်သည်။ သတင်းထောက်နှစ်ဦးနှင့်အတူ ဒုရဲမှူး  မိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီးခင်မောင်လင်းဆိုသူတို့ ကိုလည်း ဖမ်းဆီးအရေးယူထားသည်။ သတင်း ထောက်နှစ်ဦးဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ ပြည် တွင်းပြည်ပမီဒီယာအဖွဲ့အစည်းများက မီဒီယာလွတ် လပ်ခွင့်ခေါင်းစဉ်ဖြင့် ကန့်ကွက်တောင်းဆိုမှုများပြု လုပ်ကြသည်။ ပြည်ပနိုင်ငံအချို့နှင့် လူ့အခွင့်အရေး  အဖွဲ့အစည်းများအပြင်ကုလသမဂ်္ဂအတွင်းရေးမှူးချုပ် တို့ကပါပြစ်တင်ပြောဆိုကန့်ကွက်တောင်းဆိုမှုများ ရှိသည်။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီကလည်း ကောင်စီအနေဖြင့် အဆိုပါကိစ်္စအားသတင်းမီဒီယာ ဥပဒေအရဖြေရှင်းခွင့်ရလျှင် ဖြေရှင်းပေးလိုကြောင်း၊ တရားရုံးတင်စစ်ဆေးမည်ဆိုပါက ကောင်စီအနေဖြင့်  ကျွမ်းကျင်သူအသိသက်သေအဖြစ်ဆောင်ရွက်လို့ ကြောင်းစသည့်အချက်များကို ထုတ်ပြန်ထားသည်။ ရိုက်တာသတင်းဌာနမှ သတင်းထောက်နှစ်ဦးဖမ်းဆီး ခံရမှုတွင် သတင်းထောက်နှစ်ဦးဘက်မှ ၀န်းရံ ထောက်ခံကာအစိုးရအားကန့်ကွက်တောင်းဆိုမှုများ ရှိသကဲ့သို့အဆိုပါသတင်းထောက်နှစ်ဦးအား ဥပဒေ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် အစိုးရအား ထောက်ခံပြောဆိုမှုများလည်း အများအပြားရှိနေ သည်။ ဖမ်းဆီးမှုအားထောက်ခံပြောဆိုမှုများမှာ မီဒီယာစာမျက်နှာများတွင် မတွေ့ရသလောက်ဖြစ် ပြီး လူမှုကွန်ရက်များတွင် အတွေ့များသည်။ သတင်း ထောက်များအနေဖြင့် သတင်းအချက်အလက်ရယူ ခွင့်ရှိသော်လည်း အရေးကြီးလုံခြုံရေးဆိုင်ရာအချက် အလက်များကို တရားမ၀င်ရယူခွင့်မရှိကြောင်း၊ မည် သူမဆိုမည်သည့်နိုင်ငံတွင်ဖြစ်စေလျှို့ဝှက်အဆင့် အတန်းရှိသော အချက်အလက်များကို တရားမ၀င် ရယူပါက အရေးယူခံရမည်ဖြစ်ကြောင်း၊ လက်ရှိ တောင်းဆိုနေကြသကဲ့သို့အဆိုပါသတင်းထောက်နှစ် ဦးအား လွှတ်ပေးရန်မတောင်းဆိုသင့်ဘဲဥပဒေနှင့် အညီတရားစီရင်ရေးကိုသာတောင်းဆိုသင့်ကြောင်း သတင်းထောက်များတွင် အများပြည်သူအကျိုးစီးပွား ဖြစ်စေမည့်သတင်းအချက်အလက်များကို ထုတ်ဖော်   ရန်တာဝန်ရှိသော်လည်း လက်ရှိအချိန်ကဲ့သို့ကုလသ မဂ်္ဂအပါအ၀င်နိုင်ငံအချို့မှ မြန်မာနိုင်ငံအပေါ်မဟုတ်   မမှန်စွပ်စွဲချက်များဖြင့် အချုပ်အခြာအာဏာထိခိုက် နိုင်သည့်အထိ လုပ်ဆောင်နေကြချိန်တွင် နိုင်ငံ အကျိုးအတွက် ကြည့်သင့်ကြောင်းစသည်ဖြင့် အစိုးရ ၏ ဆောင်ရွက်ချက်အားထောက်ခံသူများက လူမှု ကွန်ရက်များတွင်ပြောဆိုရေးသားကြခြင်းဖြစ်သည်။ ယခုဖြစ်ရပ်မှာ မီဒီယာကျင့်ဝတ်ကထောက်ခံသော သတင်းထောက်၏တာဝန်ဝတ်္တရားနှင့် တည်ဆဲဥပဒေ တို့၏အားပြိုင်မှုပင်ဖြစ်သည်။ ယင်းအတွက် ထိုအား ပြိုင်မှုကိုဖြစ်ပေါ်စေရန် အစပျိုးပေးသူနှစ်ဦးဖြစ်သည့် ကိုကျော်စိုးဦး (ခ) မိုးအောင်နှင့် ကိုသက်ဦးမောင် (ခ) ၀လုံးတို့ကို ယခုနှစ်မီဒီယာလောကတွင် ထင်ရှား သူများအဖြစ်ရွေးချယ်ဖော်ပြလိုက်ခြင်းဖြစ်သည်။

အယ်ဒီတာအဖွဲ့

ဆက်လက်ဖော်ပြပါဦးမည် . . . . . . .