The Hot News ဂျာနယ်၏ Hot အဖြစ်ဆုံး ပုဂိ္ဂုလ်ထူးနှင့် အဖွဲ့အစည်းများ (၇)

ပရဟိတ မင်းသား

ယနေ့မျက်မှောက်ခေတ်ကာလတစ်လျှောက် ဂီတ၊ ရုပ်ရှင်၊ သဘင်အနုပညာနယ်ပယ်မှ အဆိုတော်၊ သရုပ်ဆောင်မင်းသား၊ မင်းသမီးများသည်အနုပညာ အလုပ်များကို လုပ်ကိုင်ရင်းတစ်ဖက်မှလည်း မိမိတို့ တတ်စွမ်းသရွေ့ပရဟိတလုပ်ငန်းများကိုဆောင်ရွက် ကာလူသားတာဝန်ကိုကျေပွန်အောင်ထမ်းဆောင်နေ ကြသည်။ သရုပ်ဆောင်မင်းသား၊ မင်းသမီးများသည် ပရဟိတဖောင်ဒေးရှင်းများကို ထူထောင်ပြီး မြန်မာ ပြည်ဖွားတိုင်းရင်းသားများ မီးဘေး၊ ရေဘေး၊ လေ ဘေးဒုက်္ခကြုံတွေ့ရသည့်အခါဖြစ်ပွားရာအရပ်ဒေသ  သို့သွားရောက်ကာအ၀တ်အစား၊ ဆေးဝါး၊ စားနပ် ရိက်္ခာတို့ကို ကူညီလှူဒါန်းပေးနေကြသည်။ ထိုသူ များထဲတွင် နာမည်ရအကယ်ဒမီရုပ်ရှင်မင်းသား ဝေဠုကျော်သည်မြန်မာနိုင်ငံတွင်းဖြစ်ပွားသမျှ မီး ဘေး၊ ရေဘေး၊ လေဘေးကိစ်္စများတွင်သာမက တိုက်ပွဲများဖြစ်ပွားနေရာသို့ပင်သွားရောက်၍ အသက်ဘေးကိုပဓာနမထားဘဲ ပြည်သူလူထုထဲသို့ အရောက်သွားကာလိုအပ်သည်များကို အကူအညီ ပေးနေသူလည်းဖြစ်သည်။

ယခုနှစ်ရခိုင်ပြည်နယ် မောင်းတော၊ ဘူးသီး တောင်ဒေသတို့တွင် အကြမ်းဖက်သမားတို့ကို ကြောက်၍ ထွက်ပြေးတိမ်းရှောင်လာသူများထံသို့ ၎င်းင်းထူထောင်ထားသော ဝေဠုကျော်ပရဟိတဖောင် ဒေးရှင်းအဖွဲ့သားများနှင့် သွားရောက်ကာလိုအပ် သည်များကိုကူညီခဲ့သဖြင့် ၁၅.၁၂.၂၀၁၇ ရက်က ကျင်းပသော ၄၃ နှစ်မြောက်၊ ရခိုင်ပြည်နယ်နေ့ အခမ်းအနားတွင် ရခိုင်တိုင်းရင်းသားရေးရာဝန်ကြီး ဌာနမှ မင်းသားဝေဠုကျော်အား “ရခိုင်ဂုဏ်ထူး ဆောင်ဆု” ကို ချီးမြှင့်ခဲ့သည်။

သရုပ်ဆောင်ဝေဠုကျော်သည် ဝေဠုကျော် ဖောင်ဒေးရှင်းကိုတည်ထောင်ထားရုံသာမက မြန်မာ နိုင်ငံကြက်ခြေနီအသင်းကြီးတွင် တပ်ခွဲမှူးတာဝန်၊ သွေးမေတ်္တာပရဟိတအသင်းတွင် ဒုဥက်္ကဋ္ဌတာဝန်များ ကို တာဝန်ယူထားသူဖြစ်ကာ ပြည်သူတို့၏ အရေး ကိစ်္စမှန်သမျှကို နေ့မအားညမအားကိုယ်တိုင်ကိုယ်ကျ စွမ်းစွမ်းတမံအကျိုးဆောင်နေသူဖြစ်ရာသူ့ကိုချစ်ခင် ကြသောပရိသတ်ကြီးက “ပရဟိတမင်းသား”ဟု တင်စားခေါ်ဝေါ်ကြသည်။ မကြာသေးမီက ယာယီ ဖျက်သိမ်းခဲ့သော ထိုင်းနိုင်ငံရောက်မြန်မာ့လုပ်သား  အရေးကူညီဆောင်ရွက်နေသည် AAC  မဟာမိတ် အဖွဲ့နှင့် ဝေဠုကျော်ဖောင်ဒေးရှင်းတို့ပူးပေါင်းပြီး ထိုင်းရောက်မြန်မာလုပ်သားအရေးဆက်လက်ကူညီ နိုင်ရန် ဒီဇင်ဘာ ၂၀ ရက်၌ မဟာမိတ်အဖွဲ့စတင်ဖွဲ့ စည်းခဲ့ကြောင်း သိရသည်။ ပရဟိတဆောင်ရွက်နေ ကြသော အနုပညာရှင်များထဲတွင် ပရဟိတလုပ်ငန်း ကို မိမိအနုပညာလုပ်ငန်းထက်ဦးစားပေးဆောင်ရွက် နေသူဖြစ်ရာ ပရိသတ်ကပေးသော ပရဟိတမင်းသား အမည်နှင့်လည်း ထိုက်တန်လှ၍ ၂၀၁၇ ခုနှစ်၏ ပရဟိတလုပ်ငန်း၌ ထူးချွန်ပြောင်မြောက်စွာဆောင် ရွက်သူအနုပညာရှင်အဖြစ်မှတ်တမ်းတင်ဖော်ပြလိုက် ရပါသည်။

ပန်ဆယ်လို

ပန်ဆယ်လိုအမည်ရှိလူမှုကွန်ရက်အကောင့်ပိုင် ရှင်ဒေါ်အိမ့်ပိုးဥသည်ယခင်အစိုးရလက်ထက်တွင် အစိုးရအားဝေဖန်စာများလူမှုကွန်ရက်တွင်ရေးသား ရာမှ လူသိများလာသူဖြစ်ပြီး ၎င်းင်းအား ဒီမိုကရေစီ ဘက်တော်သားဟု လူအများစုက သိမှတ်နားလည် ထားကြသည်။ ယခင်အစိုးရလက်ထက်၌ လူမှုကွန် ရက်တွင် ၎င်းင်းမည်သူမည်ဝါဖြစ်ကြောင်းဖော်ပြခြင်း မပြုဘဲနေခဲ့ရာမှ NLD  အစိုးရဖြစ်လာပြီးနောက် ယခုနှစ်အတွင်းထင်ရှားစွာလူလုံးပြထွက်ပေါ်လာခြင်း ဖြစ်သည်။ လူမှုကွန်ရက်တွင် Follower  ရှစ်သိန်း ခြောက်သောင်းကျော်ရှိသော ပန်ဆယ်လိုသည်လက် ရှိအချိန်အထိမျက်နှာဖုံးတွေရဲ့ အောက်အမည်ရှိ ကဗျာစာအုပ်၊ အဇ္ဈတ္တကောက်ကြောင်းအမည်ရှိ အက်ဆေး (၁၅) ပုဒ်စုစည်းထုတ်ဝေထားသော စာအုပ်နှင့် ရေသောက်မြစ်ကိုတူးဖော်ခြင်း အမည်ရှိ လုံးချင်းစာအုပ်တို့ကို ရေးသားထုတ်ဝေပြီးဖြစ်သည်။ လူမှုကွန်ရက်တွင်အကြောင်းအရာအမျိုးမျိုးအပေါ် ဝေဖန်သုံးသပ်ချက်များရေးသားရာ၌ ၎င်းင်း၏စကား  လုံးအသုံးအနှုန်းများအပေါ်ပြင်းထန်သော ဝေဖန်မှု များနှင့် ရင်ဆိုင်နေရသူလည်းဖြစ်ပြီး ၎င်းင်းရေးသား သော စာအချို့အပေါ်ဉဏဆိုင်ရာမူပိုင်ခွင့်အပိုင်း တွင်လည်း ဝေဖန်ခံနေရသူဖြစ်သည်။ စာအုပ်သုံး အုပ်ရေးသားထုတ်ဝေပြီးသည့် စာရေးဆရာမတစ်ဦး ဖြစ်သော်လည်း စာပေဟောပြောပွဲများအပါအ၀င် စာပေနှင့် ပတ်သက်သော အခမ်းအနားများတွင် ၎င်းင်းပါဝင်ဆောင်ရွက်မှုများအပေါ်ဝေဖန်မှုများလည်း ရှိနေသည်။ ထို့အပြင်ပြည်တွင်း ရုပ်သံလွှင့်ဌာနတစ် ခုမှ ၎င်းင်းနှင့် တွေ့ဆုံအင်တာဗျူး၍ ရုပ်သံလွှင့်ခြင်း အပေါ်အဆိုပါရုပ်သံလွှင့်ဌာနအား ပရိသတ်များက   ပြင်းထန်စွာဝေဖန်ခဲ့ကြသည်။ လူမှုကွန်ရက်တွင် လူ သိများထင်ရှားကျော်ကြားသော ပန်ဆယ်လိုသည် ယခုနှစ်ကုန်ပိုင်းတွင် ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသူလည်းဖြစ်သည်။ စား သောက်ဆိုင်တစ်ဆိုင်တွင် သံဃာတော်တစ်ပါးရိုက် နှက်ခံရသည့်ကိစ်္စနှင့် ပတ်သက်၍ လူမှုကွန်ရက်တွင် ၎င်းင်း၏ ရေးသားချက်များမှာ ဘာသာသာသနာကို ညှိုးနွမ်းစေသည်ဟုဆိုကာ အမှုဖွင့်ခံထားရခြင်းဖြစ် သည်။ ထို့အပြင် ဆရာတော်ဦးဝီရသူနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်တို့အား ၎င်းင်းမှ လူမှုကွန်ရက် တွင် စော်ကားရေးသားခဲ့ခြင်းများရှိသည်ဆိုကာ အဆိုပါအမှုတွင် ထည့်သွင်းအမှုဖွင့်ထားသည်။

ယင်းအမှုကို ရင်ဆိုင်ဖြေရှင်းသွားမည်ဟု ပန်ဆယ်လိုက ပြောဆိုထားသည်။ ရိုက်နှက်ခံရသော   သံဃာတော်နှင့် ပတ်သက်၍ ရေးသားချက်ကြောင့် ဘာသာ၊ သာသနာချစ်မြတ်နိုးမှုပြင်းထန်သူများ၏ ဝေဖန်မှုများလည်း အများအပြားရှိနေသည်။ ယခင် အစိုးရလက်ထက်တွင် လူလုံးမပြဘဲ ဝေဖန်ရေးသား ခဲ့သော ပန်ဆယ်လိုသည်ယခုအစိုးရလက်ထက်တွင် လူလုံးပြထွက်ပေါ်လာပြီးနောက် ယခုနှစ်အတွင်း ၎င်းင်း၏ရေးသားဆောင်ရွက်ချက်များအပေါ်ဝေဖန်မှု  အများအပြားရှိခဲ့သည့်အပြင်ထိလွယ်ရှလွယ်သော ဘာသာရေးကိစ်္စနှင့် ပတ်သက်၍ အများပြည်သူကို လှုပ်လှုပ်ရှားရှား ဖြစ်စေခဲ့သောကြောင့် ယခုနှစ် အတွက် လူမှုကွန်ရက်ကျော်ကြားသူတစ်ဦးအဖြစ် ရွေးချယ်ဖော်ပြလိုက်ရခြင်းဖြစ်သည်။

ခွန်တန်

၂၀၁၇ မှာ ဖေ့စ်ဘုတ်အင်တာနက်စာမျက်နှာ တွေကနေ ပုံနှိပ်မီဒီယာတွေဆီကို ပျံ့နှံ့ဝင်ရောက် လာတာက ခွန်တန်လို့ခေါ်တဲ့ ဇာတ်လိုက်ပါပဲ။ ပန်းဦး လွှတ်တယ်ဆိုတဲ့ ပြဿနာပါပဲ။ သထုံမြို့နယ်မဲဆန်္ဒ နယ်အမှတ် (၁) ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်   ဒေါ်ခိုင်ခိုင်လဲ့က ကျား/မ ရေးရာအခြေပြုအကြမ်း ဖက်မှုသတင်းအချက်အလက်ဆိုင်ရာပူးပေါင်းညှိနှိုင်း မှုအစည်းအဝေးပွဲမှာပြောရာကနေခွန်တန် အကြောင်းက တိုင်းသိပြည်သိပေါက်ကျလာတာပါ။

အလံတစ်ရာဆရာတော်ဘုရားဝင်စားလာတဲ့ ပုဂ်္ဂိုလ်ပါ။ အသက်က ၂၅ နှစ်ပါ။ သထုံမှာ မိန်းကလေးတွေအပျိုဖြစ်တာနဲ့ သူဆီကို ပန်းဦးလွှတ် ရတယ်ဆိုတဲ့ အလေ့အကျင့်ဖြစ်နေပါတယ်။ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက်ကတည်းကဖြစ်နေတာပါ။ အစိုးရဌာနတွေက ကိုင်တွယ်ဖို့ကြိုးစားခဲ့ပါတယ်။ အခု မွန်ပြည်နယ်အစိုးရအဖွဲ့ဝင်ပအိုဝ်းတိုင်းရင်းသား ရေးရာဝန်ကြီးဒေါ်နန်းစံဝင့်ခိုင်နဲ့ ဒီကိစ်္စကို ဖော်ထုတ် ဖို့ကြိုးစားနေပါတယ်ဆိုပြီးတော့ သူကဆိုခဲ့ပါတယ်။

အောက်တိုဘာ ၂၄ မှာတော့ ပန်းဦးလွှတ်ခံရ တဲ့ အမျိုးသမီးတစ်ဦးရဲ့ ဖခင်က ခွန်တန်ကို အသက် မပြည့်သေးတဲ့ မိန်းကလေးအား ခိုးယူပေါင်းသင့်မှု နဲ့ သထုံမြို့မရဲစခန်းမှာအမှုဖွင့်ခဲ့တယ်။

ခွန်တန် (ခ) ဇာတ်လိုက်နဲ့ ပတ်သက်ပြီး အောက်တိုဘာ ၂၄ ရက်က နစ်နာသူအမျိုးသမီး တစ်ဦးရဲ့ဖခင်ကလာရောက်အမှုဖွင့်တယ်။ ၃၆၃၊ ၃၆၆၊ ၁၁၄ နဲ့ အမှုကို လက်ခံထားတယ်။ အမှုမှာ ခွန်တန်၊ လှထွန်း၊ သန်းလေး၊ ၀င်းဗိုလ်၊ အောင် မြတ်စိုး၊ ဆင်ကြီးနဲ့ မောင်ခင်တို့ပါတယ်လို့ ဒုရဲမှူး မောင်မောင်ကဆိုတယ်။

အဲဒီကိစ်္စနဲ့ ပတ်သက်ပြီးတော့ မွန်ပြည်နယ် သံဃမဟာနာယကအဖွဲ့ဥက်္ကဋ္ဌဆရာတော်အဂ်္ဂမဟာ  ပဏ္ဍိတဘန်္ဒန်္တ၀ိစိတ်္တသာရက “ဆရာတော်တို့အနေနဲ့ က ညွှန်ကြားချက်မရှိရင်ဘာမှလုပ်လို့မရဘူး။ မဟန အဖွဲ့ရဲ့ ဆုံးဖြတ်ချက်က အဓိကဖြစ်သွားပြီ။ လူပိုင်း ဆိုင်ရာကတော့ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး က အရေးယူဆောင်ရွက်သွားလိမ့်မယ်လို့ဆိုတာကို တော့ ကြေညာထားပါတယ်”လို့မိန့်ပါတယ်။

အဲဒီလိုအစိုးရဘက်က အရေးယူဆောင်ရွက်မှု တွေလုပ်နေတဲ့အချိန်မှာပဲ ဖေ့စ်ဘုတ်ပေါ်မှာ ဗီဒီယို ဖိုင်တစ်ခုတက်လာပါတယ်။ ပအိုဝ်းအမျိုးသမီး ၃၊ ၄ ယောက်က ခွန်တန်ကိစ်္စကို ရှင်းတာပါ။ အစိုးရ ပိုင်းက ပန်းဦးလွှတ်တယ်လို့ဆိုပေမဲ့သူတို့ကလက်ဖွဲ့ ချည်တာပါလို့ဖြေရှင်းတယ်။ ပြီးတော့ လိင်ကိစ်္စမပါ ဘူးလို့လည်းဆိုတယ်။ အလံတစ်ရာဆရာတော်ဝင် စားလို့ သူတို့ကို အမျိုးကောင်းသမီးတွေဖြစ်အောင် လို့ သွန်သင်ဆုံးမပေးတာပါ။ လိမ်္မာယဉ်ကျေးအောင်၊ မင်္ဂလာရှိအောင်လို့လက်ဖွဲ့ချည်တာပါဆိုပြီး ဗီဒီယို ဖိုင်တစ်ခုတက်လာပါတယ်။

မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်မှာ လူတို့ရဲ့ ကိုးကွယ်ယုံကြည်မှုဆိုင်ရာပြဿနာက တော်တော် ရှိနေပါတယ်။ ပြီးခဲ့တဲ့ တစ်နှစ်ကျော်ကလည်း ဖိုးတခေတ်ဆိုပြီး ပုဂ်္ဂိုလ်တစ်ယောက်ပေါ်ပေါက်ခဲ့ပါ တယ်။ အခုလည်း သာမညဆရာတော်ဝင်စားတယ် ဆိုတဲ့ ပုဂ်္ဂိုလ်ငယ်လေးတစ်ဦးကလည်း ဖေ့စ်ဘုတ် စာမျက်နှာပေါ်မှာကျော်ကြားမှုရှိနေပါတယ်။ ဘယ် လိုပဲဖြစ်ဖြစ် ၂၀၁၇ မှာ ခွန်တန်လို့ခေါ်တဲ့ ဇာတ်လိုက် ကတော့ ကျော်ကြားမှုရှိခဲ့ပါတယ်။ လူပြောသူပြော လည်းများခဲ့ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်

ဦးကျော်ဇေယျ

ဒဂုံမြို့နယ်၊ မဲဆန်္ဒနယ်(၂) ရန်ကုန်တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျဟာ တိကျပြတ်သားတဲ့စကားတွေနဲ့ အစိုးရကို မေးခွန်း ထုတ်လေ့ရှိတာကြောင့် မီဒီယာစာမျက်နှာတွေပေါ် မှာ ကျော်ကြားသူတစ်ဦးဖြစ်ပါတယ်။

၂၀၁၇ တစ်နှစ်လုံး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကနေ အဆိုတစ်ခု မေးခွန်း ၁၅ ခု မေးခဲ့ ရာမှာ မေးခွန်းတချို့ကို အစိုးရက လာရောက်ဖြေ ကြားခြင်းမရှိတဲ့အတွက် မေးခွန်းရှင်ဦးကျော်ဇေယျ  ဟာ နာမည်ကျော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သလို လူထုဘက်က တစ်သားတည်းရပ်တဲ့ မေးခွန်းတွေ ကြောင့် လူထုရဲ့ယုံကြည်အားကိုးမှုကို ရရှိခဲ့ပါတယ်။ သူဟာ တပ်မတော်မှာ ဗိုလ်မှူးကြီးအဆင့်အထိ တာ ၀န်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီး တိကျပြတ်သားတဲ့ မေးခွန်းတွေတည်ဆောက်ဖို့ လူထုကြားအမှန်တကယ် ကွင်းဆင်းလေ့လာလေ့ရှိကြောင်း သိရပါတယ်။

ဦးကျော်ဇေယျဟာ စစ်ဘက်အရာရှိတစ်ဦးဖြစ် ခဲ့ပေမဲ့ နိုင်ငံရေးအသိုင်းအ၀ိုင်းရဲ့ လေးစားမှုရရှိခဲ့သူ အမတ်တစ်ဦး ဖြစ်လာခဲ့ပါတယ်။ အခုဆက်လက်ပြီး သီရိမင်္ဂလာဈေးကိစ်္စ၊ ရန်ကုန်မြို့သစ်စီမံကိန်းကိစ်္စ တွေအတွက် လွှတ်တော်တွင်းကော်မတီဖွဲ့ ဆက် လက်လုပ်ဆောင်သွားမယ်လို့ မီဒီယာကို ဖြေကြားခဲ့ ပါတယ်။ အဆိုပါ ထူးခြားချက်တွေကြောင့် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော် ဇေယျဟာ ၂၀၁၇ ခုနှစ်အတွက် Person of the year  ဖြစ်ခဲ့ပါတယ်။

အယ်ဒီတာအဖွဲ့

ဆက်လက်ဖော်ပြပါဦးမည် . . . . . . .