နံပါတ်တူဆင်းကတ်များ ဆက်သွယ်ရောင်းချသူများကို ဆက်သွယ်ရေးဥပဒေဖြင့် အရေးယူပေးစေလိုဟုဆို

Author: 
HN-018

နံပါတ်တူဆင်းကတ်ရမည်ဟုဆိုကာ ဖုန်းဖြင့်ဆက်သွယ်ရောင်းချလာသူများ ကြောင့် မိုဘိုင်းဖုန်းသုံးစွဲသူများအနေဖြင့် စိတ်အနှောင့်အယှက်ဖြစ်ရပြီး ထိုကဲ့သို့ ဆက်သွယ်လာသူများကို ဆက်သွယ်ရေး ဥပဒေဖြင့် အရေးယူပေးစေလိုကြောင်း ပြောကြားမှုရှိနေကြသည်။

““ဖုန်းထဲကို နံပါတ်ငါးလုံး၊ နံပါတ် လေးလုံးနဲ့ ဖုန်းတွေမကြာခဏဆိုသလို ၀င်လာတယ်။ အစတုန်းကတော့ မသိ တော့ ကိုင်ဖြစ်တယ်။ ကိုယ့်ဖုန်းက အမ် ပီတီဆိုတော့ အမ်ပီတီနဲ့ နောက်ဂဏန်း အားလုံးတူတဲ့ အော်ရီဒူးဆင်းကတ်၊တယ် နီနောဆင်းကတ်ယူမလားလို့ မေးတယ်။ ဘယ်ဈေးလဲဆိုတော့ တစ်သောင်းခွဲကျ မယ်ပြောတယ်။ မလိုအပ်တာနဲ့ မယူဖြစ် ဘူး။ ဘယ်ကနေဆက်မှန်းလည်းမသိဘူး။ အော်ပရေတာက အမ်ပီတီရယ်၊ အော်ရီ ဒူးရယ်၊ တယ်လီနောရယ်ပဲသိတာ။ အဲဒီ နံပါတ်လေးလုံး၊ငါးလုံးတွေကဘယ်အော် ပရေတာနဲ့ သက်ဆိုင်လဲတော့ မသိဘူး။ တစ်ခါတလေ ဖုန်းလာလို့ အလုပ်ကိုထား ပြီး သွားကိုင်လိုက်ရင် အဲဒီနံပါတ်တွေဖြစ် နေတော့  စိတ်အနှောင့်အယှက်ဖြစ်ရ တယ်။ဆက်သွယ်ရေးဥပဒေပုဒ်မ၆၆(ဃ) မှာ အဲဒီလိုဖုန်းဆက်ပြောပြီးစိတ်အနှောင့် အယှက်ဖြစ်ရင် အရေးယူနိုင်ဖို့ ထည့်ပေး စေချင်တယ်”” ဟု တောင်ဒဂုံမြို့နယ်နေ ကိုတင်မောင်ဝင်းက ပြောသည်။

နံပါတ်တူဆင်းကတ်များဆက်သွယ် ရောင်းချခြင်းကို အမ်ပီတီ၊ အော်ရီဒူးနှင့် တယ်လီနောကုမ်္ပဏီများက ခွင့်ပြုထား ခြင်းမရှိဘဲ ဆင်းကတ်များဝယ်ယူလိုပါက အရောင်းဆိုင်များ၌ ၁၅၀၀ကျပ်ဖြင့်လွတ် လပ်စွာဝယ်ယူနိုင်ကြောင်း သိရသည်။

ထိုကဲ့သို့ နံပါတ်တူဆင်းကတ်ရောင်း ချနေခြင်းနှင့်ပတ်သက်ပြီး ““ထင်တာက တော့ ဆင်းကတ်ရောင်းမယ့်သူက သူ့ လက်ထဲရှိတဲ့  တယ်လီနောဆင်းကတ်နံ ပါတ်ဖြစ်တဲ့ ၇၉နေရာမှာ အော်ရီဒူးရဲ့ ၉၇၊  အမ်ပီတီရဲ့  ၂၅ကို  အစားထိုးပြီး နောက်ဂဏန်းအားလုံးတူနှိပ်ပြီးခေါ်တယ်။ ဖုန်းဝင်သွားလို့ကိုင်လိုက်ရင် အော်ရီဒူးနဲ့ နံပါတ်တူ၊ အမ်ပီတီနဲ့နံပါတ်တူ၊ တယ်လီ နောဆင်းကတ်ရှိပါတယ်ဆိုပြီးရောင်းတာ ဖြစ်မယ်”” ဟု ဆက်သွယ်ရောင်းချခြင်းခံ ရသော ကိုသက်ဝင်းက ပြောသည်။

၁၅၀၀ကျပ်တန် ဆင်းကတ်ကို တစ် သောင်းခွဲဖြင့် ဈေးတင်ရောင်းချခြင်းကို အပြစ်မပြောလိုသော်လည်း ဖုန်းတစ်ခါ ဆက်ပြီး နောက်မ၀ယ်ဘူးဆိုလျှင် ထပ် မဆက်သင့်တော့ကြောင်း၊ ထပ်ခါထပ်ခါ  ဆက်သောကြောင့်စိတ်အနှောင့်အယှက် ဖြစ်ရကြောင်း ဆင်းကတ်ဝယ်ယူရန်ဆက် သွယ်ခံရသူများက ပြောသည်။

HN-018

 

Date: 
Tuesday, May 30, 2017