ပုဂံဒေသရှိဟိုတယ်များ ဆောက်လုပ်ခွင့်နှင့်ပတ်သက်၍ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန စဉ်းစားသုံးသပ်နေ

မန္တလေးတိုင်းဒေသကြီး၊ ပုဂံတွင် ဆောက်လုပ်ထားသည့် ဟိုတယ် ၂၅ လုံး ဆောက်လုပ်ခွင့်နှင့်ပတ်သက်၍သာသနာ ရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနက စဉ်းစား သုံးသပ်နေကြောင်း သိရသည်။
“လက်ရှိတည်ဆဲ  ဥပဒေတွေအရ ရှေးဟောင်း  ယဉ်ကျေးမှု  အမွေအနှစ် ဒေသဖြစ်တဲ့ ပုဂံမှာစီးပွားရေးဆိုင်ရာ အဆောက်အအုံတွေကိုလုံးဝဆောက်လုပ် ခွင့်မပြုခဲ့ပါဘူး။ ဒါပေမဲ့ ဆောက်လုပ် ထားပြီးဖြစ်တဲ့ ဟိုတယ် ၂၅လုံးကိစ်္စကို တော့ယဉ်ကျေးမှုနဲ့ သာသနာရေးဝန်ကြီး ဌာနကဆက်လက်ဆောင်ရွက်ဖို့သင့်မသင့် ဆိုတာကိုစဉ်စားနေပါတယ်”ဟုရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးကိုကိုကပြော သည်။သြဂုတ်လ၁၉ရက်ကနေပြည်တော် ရှိ  ပြန်ကြားရေးဝန်ကြီးဌာန၌ ပြုလုပ် သည့်အစိုးသစ်၏ ပထမရက် ၁၀၀ ကာ လအတွင်း  ဆောင်ရွက်ခဲ့မှုများနှင့် ပတ် သက်၍  သတင်းစာ  ရှင်းလင်းပွဲတွင် ထိုကဲ့သို့ပြောဆိုခဲ့ခြင်းဖြစ်သည်။တည်ဆဲ ဥပဒေအရ ပုဂံဒေသ၌ ဟိုတယ်၊ မိုတယ်၊ တည်ခိုခန်းများအား  ၀န်ကြီးဌာနမှ ၀န်ထမ်းတဦးဦးကဖြစ်စေ၊ ဒေသဆိုင်ရာ အာဏာပိုင်ကဖြစ်စေခွင့်ပြုချက်ပေး၍ မရသည့်အပြင်ဆောက်လုပ်ခွင့်မပြုထား ကြောင်း သိရသည်။
“ပုဂံဒေသကိုယူနက်စကိုဝင်ဖို့ အစောကြီးကတည်းကပြင်ဆင်ပြီးဖြစ် ပါတယ်။ သူ့ထက်စောတဲ့ ပျူ(၃) မြို့ကို List  ၀င်အောင် ၂၀၁၄ ခုနှစ်ကတည်းက လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အခုက ယူနက် စကို ကိုယ်တိုင်က Expert Team  တွေ လွှတ်တယ်ဆိုတော့ ကျွန်မတို့က ၂၀၁၈ လောက်မှာ ပုဂံဒေသကို Nomi nation တင်ဖို့လုပ်နေပါတယ်” ဟု သာသ နာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်ဒေါ်နန်္ဒာမွှန်းက ပြောသည်။
၂၀၁၃ ခုနှစ်မှ စတင်ကာ ပုဂံ ဒေသ၌ ဟိုတယ် ၄၂ လုံးပြဿနာ ဖြေရှင်းခဲ့ရာ ၁၇ လုံးကိုလျှောက်လွှာ တင်သည့်အဆင့်တွင်ပယ်ချနိုင်ခဲ့ပြီး ၂၅ လုံးကျန်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

အိသဉ်္ဇာထွန်း (မြစ်မခ)

Date: 
Tuesday, August 23, 2016