ဖရဲသီးဈေးနှုန်းများ မြင့်တက်ပြီးလက်လီအရောင်းသွက်၍ လက်ကားအရောင်းနှေး

Author: 
နေလင်းသူရိန်

မကွေးမြို့ ဖရဲသီးဈေးကွက်တွင် အပူရှိန်မြင့်တက်လာသောကြောင့် လက် လီဈေးကွက်၌အရောင်းသွယ်ကာလက်ကား ဈေးကွက်တွင် နထစသမအ တင်ပို့မှုကြောင့် ယမန်နှစ်ကထက်ဈေးနှုန်းနှစ်ဆမြင့်တက် လာသောကြောင့် အရောင်းနှေးလျက်ရှိ ကြောင်း ဖရဲသီးဒိုင်များထံမှ သိရသည်။

မကွေးမြို့နယ်၌ဖရဲသီးစိုက်ပျိုးသည့် ဒေသများစွာရှိပြီး ဖရဲသီးအများအပြား ထွက်ရှိသည်။ အထူးသဖြင့် နွေရာသီတွင် ဖရဲသီးကိုရာသီစာအဖြစ် အများအပြားစား သုံးကြသည်။ မကွေးမြို့၏ရာသီဥတုမှာ အပူချိန်မြင့်တက်လာသောကြောင့် လက် လီဈေးကွက်တွင်အများအပြားရောင်းချရ ကြောင်း သိရသည်။

 

“ဒီနှစ် နထစသမအ ၀င်သွားတဲ့အတွက် ဖရဲဈေးကထက်ဝက်လောက်တက်သွား တယ်။ မကွေးကျွန်းရယ်၊ကြယ်နှစ်ဖကျွန်း ရယ်က၀ယ်ရောင်းတာ။ မင်းဘူး၊ မင်းလှ၊ ဆင်ပေါင်ဝဲမြို့နယ်တွေက လက်လီပြန် ရောင်းမယ့်လူတွေလာတယ်။ တစ်နေ့ကို အလုံး ၁၅၀၊ ၂၀၀ အထိဖောက်သည်ယူ  ကြတယ်။ နတ်မောက်ကလာဝယ်ရင်တစ် နေ့တည်းအလုံး ၅၀၀-၈၀၀အထိယူသွား ကြတယ်။ ငါးပိဿာကနေ ရှစ်ပိဿာအထိ  နယ်တင်သီးပေါ့။ တစ်လုံး ၂၅၀၀ ကျပ် ရောင်းရတယ်။ အလုံးရေထောင်ချီပြီးပေး  တဲ့ဈေးပေါ့။ ကျန်တဲ့အလုံးတွေကျတော့ စားသုံးသူတွေကိုတစ်လုံး ၁၀၀၀ကျပ်၊ ၁၂၀၀ ကျပ်နဲ့ ပြန်ရောင်းတာပေါ့။ ရှစ် ပိဿာနဲ့ ၁၀ ပိဿာရှိတဲ့အလုံးတွေကျ တော့ တစ်လုံး ၃၀၀၀ ကျပ်ဈေး၊ ၃၅၀၀ ကျပ်ဈေးအထိရောင်းတယ်”ဟု မကွေးမြို့ ရှိ ဖရဲအရောင်းဒိုင်ကပြောသည်။

ယခုနှစ်တွင် ဖရဲသီးဈေးနှုန်းများ သည်ယခင်နှစ်ကထက် ထက်ဝက်ခန့်ဈေး မြင့်နေသဖြင့် ဖရဲသီးများဈေးကောင်းရရှိ  နေကြသည်။ ရန်ကုန်မှ ဖရဲသီးဝယ်သူများ က မကွေးမြို့နယ်ရှိဖရဲစိုက်ခင်းများအထိ ကွင်းဆင်းကာဝယ်ယူမှုများရှိလာသော ကြောင့် ဖရဲသီးဈေးနှုန်းများမြင့်တက်လာ ခြင်းဖြစ်သည်။ “Export  ဈေးမြင့်သွား တော့ နယ်ခံ ဈေးလည်းမြင့်သွားတာပေါ့။ နှစ်တိုင်းနဲ့ စာရင်ရောင်းအားနည်းသွား တာပေါ့။ ဈေးကထက်ဝက်ကွာသွားတာ ကို။ မိုးဦးကျအထိ ရောင်းဖို့အစီအစဉ်ရှိ တယ်”ဟု ဖရဲသီး ဒိုင်တစ်ဦးကပြောသည်။

မကွေးမြို့၌လက်လီဝယ်ယူစားသုံး မှုလျော့နည်းမှုမရှိသော်လည်း လက်ကား ၀ယ်ယူမှုမှာ ယခင်နှစ်ကထက်လျော့နည်း သွားကြောင်း သိရသည်။  

 

နေလင်းသူရိန်

Date: 
Tuesday, March 14, 2017