ရခိုင်ပြည်နယ် ကျိန်းတောင်တန်း၌ မိုင်းခွဲ၍ကျောက်ထုတ်ခြင်းကို ဥပဒေအရ တားမြစ်ထားသော်လည်း ဆက်လက်လုပ်ဆောင်နေ

ရခိုင်ပြည်နယ်၏ မွေတော်ငါးရပ် တွင် အလယ်ဆီးထရံအဖြစ် သမိုင်းဝင် သည့် မင်းပြားမြို့နယ်ရှိ ကျိန်းတောင် တန်းမှာ နှစ်ပေါင်းများစွာ လမ်းခင်း ကျောက် အလွန်အကျွံ ထုတ်ယူခြင်း ကြောင့် ပျက်စီးလာပြီး မိုင်းခွဲ၍ ကျောက် ထုတ်ခြင်းကို ဥပဒေအရ တားမြစ်ထား သော်လည်း မိုင်းခွဲ၍ ကျောက်ထုတ်ယူမှု များရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။

““လိုင်စင်နဲ့ထုတ်တဲ့သူတွေလည်း မိုင်းမသုံးရပါဘူး။ ကျွန်တော်တို့ဆီမှာ လိုင်စင်လျှောက်ထားတာက ဂေါ်ပြား၊ ပေါက်တူးတွေနဲ့ထုတ်မယ်လို့ လျှောက် ထားတယ်။ လုပ်သားဘယ်နှဦး၊ ဘာ ညာပေါ့။ အမှန်တကယ် ရှောင်တခင် ၀င်မစစ်ဆေးနိုင်တဲ့အခါ၊ အလုပ်ကလည်း များတဲ့အခါ သူတို့တွေက Gum Shoot  (မိုင်း)တွေနဲ့ပေါ့။ လစ်ရင် လစ်သလို ခိုးပြီးလုပ်ကြတာတွေရှိတယ်။ ဒီလို ဥပဒေ ချိုးဖောက်မှုဆိုတာလည်း သူတို့က ကျွန် တော်တို့ထက်ပိုလျင်တာကို၊ စောင့်ကြည့် နေတာကို၊ လောလောဆယ် ချက်ချင်း ကြီး ပြောင်းလဲနိုင်တာထက် ဖြည်းဖြည်း ချင်းပြောင်းနိုင်ဖို့ အဓိကရည်ရွယ်ထား တယ်။ အထိနာလည်း သက်သာသွား အောင်၊ အားလုံးလည်း လက်ခံနိုင် အောင် ကြိုးစားပြီးဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတယ်””ဟု မင်းပြားမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော် သိန်းထွန်းက ပြောသည်။

ကျိန်းတောင်တန်းတစ်လျှောက်ရှိ ရခိုင်ဒေသတွင်း နာမည်ကျော်ရေတံခွန် များ၊ တောတောင်များမှာ လက်ရှိတွင် လုံးဝ ပျက်စီးလျက်ရှိနေပြီး အချိန်မီ ကာကွယ်ထိန်းသိမ်းမှု မပြုလုပ်နိုင်လျှင် လုံးဝပျောက်ကွယ်သွားနိုင်ကြောင်း မင်းပြားမြို့ခံတို့က ဆိုသည်။

““အခု စီးပွားဖြစ်ကျောက်ထုတ် လုပ်မှုအခြေအနေရဲ့ ၇၀ ရာခိုင်နူန်း လောက် တားဆီးနိုင်ပြီလို့တော့ ယူဆ ပါတယ်။ ခြောက်လပိုင်းကုန်တာနဲ့ လိုင် စင်မဲ့နဲ့ လိုင်စင်ရှိတဲ့သူတွေအပါအ၀င် အားလုံးကို လုံးဝပိတ်ပင်သွားမှာပါ။ ခြောက်လပိုင်းနောက်ပိုင်းမှာ ပိုပြီး တင်း တင်းကျပ်ကျပ် ကိုင်တွယ်နိုင်မယ်လို့ ယုံကြည်ပါတယ်။ ခြောက်လပိုင်းအကုန် မှာ သက်တမ်းကုန်မှာပါ။ အဲဒီအချိန် ကျွန်တော်တို့က နောက်ထပ် လိုင်စင် သက်တမ်းတိုးတာတွေကို လုံးဝခွင့်မပြု တော့ပါဘူး။ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရဲ့ အတည်ပြုချက်လည်း ရထားပါပြီ””ဟု ဦးကျော်သိန်းထွန်းက ဆက်ပြောသည်။ 

လက်ရှိတွင် ကျိန်းတောင်တန်းမှ ကျောက်ထုတ်ယူခွင့်လိုင်စင်ရထားသူ ငါးဦး၏ ကျောက်ထုတ်စခန်းများအပါ အ၀င် စုစုပေါင်း ကျောက်ထုတ်စခန်း ၂၃ခုရှိနေကြောင်း သိရသည်။

““ကျိန်းတောင်တန်းက ဘယ်သူမှ မပိုင်ပါဘူး။ တောင်ပေါ်မှာ ရှေးဟောင်း သမိုင်းဝင် ဘုရား၊ စေတီနဲ့ ပုထိုးဂူတွေရှိ တယ်။ အောက်ခြေမှာ ရေတံခွန်တွေရှိ တယ်။ အရမ်းလှတဲ့နေရာတွေပါ။ အခု တော့ ဒီနေရာက ပြောစရာမရှိလောက် အောင် ပျက်စီးသွားပါပြီ။ အများပိုင်တဲ့ တောတောင်တွေကို အပိုင်စီးပြီး စီးပွား ရှာကြတယ်။ ကာကွယ်ပေးရမယ့် ဒေသ အာဏာပိုင်တွေကဦးဆောင်ပြီး ဖျက်ဆီး လိုက်ကြတယ်။ ကျွန်တော်တို့ ခံစားနိုင် စရာမရှိပါဘူး။ ကျွန်တော်တို့ အကြိမ် ကြိမ်တားဆီးကာကွယ်ဖို့ ကြိုးစားခဲ့ပါ တယ်””ဟု မင်းပြားမြို့ခံ တစ်ဦးက ပြော သည်။ မင်းပြားမြို့ရှိ ပြည်သူများ အပန်း ဖြေအနားယူလေ့ရှိရာ ကျိန်းတောင် တန်းရှိ တန်းတောင်မြောင်းရေတံခွန်မှာ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၁၄ ရက်တွင် ကျောက်တုံးများ အပေါ်မှပြိုကျလာကာ ပျက်စီးခဲ့ရကြောင်း သိရသည်။

““ကျိန်းတောင်ပေါ်က ဂရင်ဂျိုင် ဆည်မှာ ရေယိုစိမ့်တာပိတ်အောင် ဆည် မြောင်းကတော့ ဆောင်ရွက်နေတယ်။ ဒါပေမဲ့ အနီးအနားကျောက်ထုတ်စခန်း ကနေ တစ်ရက်ကို မိုင်း လေး၊ငါးလုံး ခွဲနေတော့ ဒါကလည်း အဟန့်အတား ဖြစ်နေတယ်။ ဥပဒေအရ မိုင်းသုံးပြီး ကျောက်မထုတ်ရပါဘူး။ ဒါပေမဲ့ နေ့တိုင်း မိုင်းခွဲပြီးထုတ်နေတယ်။ တောင်ပေါ်က ရှေးဟောင်းသမိုင်းဝင်စေတီပုထိုးတွေ လည်း  ထိခိုက်ပျက်စီးစေပါတယ်။ ကျောက်ထုတ်တဲ့လူတွေကြောင့် တန်း တောင်မြောင်း၊ ဘီလူးမမြောင်း၊ ငပိန် မြောင်းစတဲ့ ကျိန်းတောင်ခြေရင်းက ရေတံခွန်တွေ ပျက်စီးသွားတယ်””ဟု မင်းပြားမြို့၊ ဥက်္ကပျံရပ်ကွက်ဒေသခံ ဦးဒိုးကျော်က ပြောသည်။ 

မင်းပြားမြို့နယ်ရှိ ကျိန်းတောင် တန်းမှာ သုံးမိုင်ခန့်ရှည်လျားပြီး တောင် ပေါ်ရှိ ကျိန်းတောင်စေတီမှာ ရခိုင်ပြည် နယ်တွင် ထင်ရှားကာ ကျိန်းတောင်တန်း ပတ်လည်တွင် ဘုန်းကြီးကျောင်းများ၊ စစ် တပ်တပ်ရင်းများနှင့် ကျေးရွာများရှိ ကြောင်း သိရသည်။

ကျိန်းတောင်တန်းတွင် သာယာ လှပသောကြောင့် ဆောင်းရာသီတွင် ကျိန်းတောင်တန်းတလျှောက် အပန်ဖြေ လာရောက်သည့် လူငယ်များဖြင့် စည် ကားလေ့ရှိကြောင်း သိရသည်။

ပန်လှအောင်(မြစ်မခ)

 

Date: 
Tuesday, April 24, 2018