အင်းမဈေးပြန်လည်တည်ဆောက်ရာတွင် မီးမလောင်သောဆိုင်ခန်းများမဖယ်ရှားရန်နှင့် ဆိုင်းခန်းခဈေးနှုန်း လျှော့ချရောင်းချပေးရန် ဈေးသူ/သားများလိုလား

Author: 
သီဟလွင်(မြစ်မခ)

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)၊ သဲကုန်းမြို့နယ် ရန်ကုန်-ပြည်ကားလမ်းမ နံဘေးရှိ မီးလောင်ခဲ့သည့် အင်းမဈေး ပြန်လည်တည်ဆောက်မည့် အစီအစဉ် တွင် မီးမလောင်ဘဲ ကျန်ရှိနေသော ဈေး အပြင်တန်းဆိုင်ခန်းများအား မဖျက်သိမ်း ရန်နှင့် ဈေးသစ်ရှိ ဆိုင်းခန်းဈေးနှုန်းခ များကိုလည်း လျှော့ချပေးရန် ဈေးသူ ဈေးသားများက တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

ဈေးသစ်ပြန်လည်တည်ဆောက်ရန် တင်ဒါခေါ်ခြင်းလုပ်ငန်းမှာ ပွင့်လင်း မြင်သာမှု မရှိခြင်း၊ မီးမလောင်သော ဈေး ဆိုင်တန်းများကို ဖျက်သိမ်းရန်ကြံစည်နေ ခြင်း၊ ဈေးသစ်ဆောက်ပြီးပါက အဆ မတန်သော ဈေးနှုန်းများဖြင့် ပြန်လည် ၀ယ်ယူခိုင်းခြင်းတို့ကို ဈေးသစ်တည် ဆောက်ရေးကော်မတီကပြုလုပ်နေကြောင်း ဈေးသူဈေးသားတို့က ဆိုသည်။

““မီးမလောင်တဲ့ကျွန်တော်တို့ အပြင် တန်းက အုတ်ပတ်ကားဈေးဆိုင်ခန်းကို ဖျက်သိမ်းဖို့လုပ်နေကြတာ၊ မီးလောင် သွားလို့ဆို လက်ခံပါတယ်။ အခုဟာက မီးလည်းမလောင်ဘဲ ဖျက်ဖို့လုပ်နေကြ တာ၊ ဆိုင်ဖျက်ပြီးရင် ကျွန်တော်တို့က သူတို့ဆောက်တဲ့ ဆိုင်ခန်းသစ်မှာ ပြန် ၀ယ်ရမှာဆိုတော့ ဘယ်လိုမှမဆင်မပြေ ဘူး။  အထက်လူကြီးတွေနေနဲ့ အဲဒါ လေးတွေကို ညှိနှိုင်းပြီး လုပ်စေချင်တယ်”” ဟု မီးမလောင်ဘဲ ကျန်ရှိခဲ့သော အပြင် တန်းဈေးဆိုင်ခန်းပိုင်ရှင် ကိုရဝေအောင် က ပြောသည်။

ဈေးသစ်ဆောက်ရန် တင်ဒါခေါ် ယူမှုတွင်လည်း လာရောက်လျှောက်ထား သော ကုမ်္ပဏီတစ်ခုသာရှိပြီး အဆိုပါ ကုမ္ပဏီ တင်ဒါအောင်ခြင်းမှာ ပွင့်လင်း မြင်သာသောအခြေအနေမဟုတ်ကြောင်း၊ မီးလောင်သွားသော ဈေးဆိုင်ခန်းများ အတွက်လည်း ဈေးသစ်ဆောက်ရာ ရှစ် ပေ ပတ်လည် တစ်ခန်းအား ၂၆ သိန်း ဖြင့် ပြန်လည်ဝယ်ယူခိုင်းခြင်းမှာ အဆ မတန်သောဈေးနှုန်းဖြစ်ကြောင်း အဆိုပါ နယ်မြေတိုင်းဒေသကြီးလွှတ်တော် ကိုယ် စားလှယ်နှင့် ဈေးသူဈေးသားတို့က ဆို သည်။

““ကျွန်တော်လည်း အဲဒီကော်မတီ မှာပါတယ်။ နောက်ပိုင်းလုပ်တဲ့ အစည်း အဝေးတွေမှာ ကျွန်တော်တို့မပါဘဲ လုပ် တာများတယ်။ ကော်မတီမှာလည်း ဈေး သူဈေးသားတွေနဲ့ ညှိနှိုင်းပြီး လုပ်မယ် ဆိုပြီး အရင်တုန်းက ကတိက၀က်တွေ ပေးခဲ့ပေမယ့် အခုအဲဒါတွေကို ကျော် လွန်ပြီး လုပ်နေတာတွေကို တွေ့ရတယ်။ ပြည်သူကို ချမ်းသာခွင့်ပေးလိုက်ပါ။ အခု ဟာက ဈေးသူဈေးသားတွေပဲ ထိခိုက် နစ်နာရမယ့်ဟာမျိုးတော့ မဖြစ်စေချင် ဘူး””ဟု သဲကုန်းမြို့နယ်၊ ပဲခူးတိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇော် လင်းထိုက်က ပြောသည်။

မီးလောင်သွားသော အတွင်းဆိုင် ခန်းများအနေဖြင့်လည်း အမြန်ဆုံးဈေး သစ်တည်ဆောက်ပေးရန်၊ ဈေးဆိုင်ခန်း များကို အဆမတန်ဈေးနှုန်းများမဟုတ်ဘဲ သက်သာသော ဈေးနှုန်းများဖြင့်သာ ပြန် လည်ရောင်းချပေးရန် တောင်းဆိုကြောင်း ဆိုင်ခန်းများ မီးလောင်ခြင်းခံခဲ့ရသော  ဈေးဆိုင်ခန်းပိုင်ရှင်တို့က ဆိုသည်။

““ကျွန်မတို့မှာ ကျောင်းတက်နေတဲ့ ကလေးနှစ်ယောက်နဲ့ ရုန်းကန်နေရတာ။ မီးလောင်သွားလို့ ဆုံးရှုံးခဲ့ရတယ်။  အခု တစ်ခန်းကို ၂၆ သိန်းနဲ့ ပြန်ဝယ်ရမယ် ဆိုတော့ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ အဲ လောက်ဈေးမတတ်နိုင်ဘူး။ အဲလောက် ကြီးတော့ မလုပ်ကြပါနဲ့လို့ တည်ဆောက် ရေးကော်မတီက လူကြီးတွေနဲ့တွေ့တုန်း က ပြောတော့ မ၀ယ်နိုင်ထွက်သွားလို့ ပြောတယ်။ ကျွန်မကတော့မထွက်နိုင်ဘူး ဆိုင်ခန်းမ၀ယ်နိုင်လည်း ဒီလိုပဲ ကပ်ပြီး ရောင်းရမှာပဲ””ဟု အတွင်းဈေးတန်းမှ ဒေါ်မာမာဦးက ပြောသည်။

အင်းမဈေးသည် ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်တွင် မီးလောင်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး  အဆိုပါ မီးလောင် ကျွမ်းမှုကြောင့် အတွင်းဈေးဆိုင်ခန်း ၈၅ ခန်းမီးလောင်ကျွမ်းခဲ့ပြီး အပြင်ဆိုင်ခန်း ၄၂ခန်းမှာ မီးမလောင်ဘဲကျန်ရှိခဲ့ကြောင်း သိရသည်။ 

ယခုအခါ ဈေးသစ်ဆောက်ရန် ပုဂ်္ဂလိကကုမ်္ပဏီတစ်ခုက တင်ဒါအောင် ထားပြီး ၎င်းင်းတို့ဆောက်မည့် ဈေးသစ် ဒီဇိုင်းမှာ အပြင်ဆိုင်ခန်းများကိုပါ ဖျက် သိမ်းရမည့်အပြင် ဆိုင်ခန်းခဈေးနှုန်း များပါ ကြီးမြင့်နေသောကြောင့် ဈေးသူ ဈေးသားများ အခက်အခဲဖြစ်နေကြောင်း သိရသည်။

 

သီဟလွင်(မြစ်မခ)

Date: 
Tuesday, May 9, 2017