ပြည်ပမှ ငါးမြစ်ချင်းဝယ်ယူမှုရပ်တန့်ထားခြင်းကြောင့် မွေးမြူရေးသမားများ လုပ်ငန်းလုပ်ကိုင်ရန်ခက်ခဲလာ

ငါးမြစ်ချင်းများကို နိုင်ငံခြားမှ ၀ယ် ယူမှုရပ်တန့်ထားခြင်းကြောင့် ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိငါးမြစ်ချင်းမွေးမြူ ရေးလုပ်ငန်းလုပ်ကိုင်သူများ ဒေသတွင်း မှာပင်ရောင်းချနေရသဖြင့် လုပ်ငန်းလုပ် ကိုင်ရန်ခက်ခဲလာကြောင်း မွေးမြူရေး သမားများနှင့်ငါးဒိုင်များထံမှသိရှိရသည်။
““ငါးမြစ်ချင်းငါးက ပြည်တွင်းအပြင် နိုင်ငံခြားဈေးကွက်ကိုအဓိကတင်ပို့နေတဲ့ ဒေသထွက်ကုန်တစ်မျိုးပါ။ ငါးမြစ်ချင်း ငါးကို အဓိကတင်ပို့နေတဲ့နိုင်ငံက ဆော် ဒီအာရေးဗျနိုင်ငံဖြစ်ပါတယ်။အခု အရည် အသွေးစစ်ဆေးမှုကြောင့် ဆိုပြီးဒေသ ထွက် ငါးမြစ်ချင်းကို ၀ယ်ယူမှုရပ်တန့် ထားတော့ ဒီဘက်က မွေးမြူရေးလုပ်ငန်း ရှင်တွေအနေနဲ့  ရှေ့ဆက်မွေးမြူဖို့ အခက်အခဲလာနိုင်မယ်ဆိုတဲ့အသံတွေ  ကျယ်ကျယ်လောင်လောင် ကြားသိနေရ ပါတယ်။ ဒီကိစ်္စကိုလည်း ပြည်တွင်း ကုန်သည်တွေ စုပေါင်းဖြေရှင်းရင်း ဖြစ်နိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်””ဟု ဘိုကလေးမြို့မှ ငါးဒိုင်ပိုင်ရှင် ဦးဇေယျာ လင်းကပြောသည်။
ဧရာဝတီတိုင်းဒေသကြီးထွက် ငါးမြစ်ချင်းငါးကို ရန်ကုန်မြို့မှတစ်ဆင့် ဆော်ဒီအာရေးဗျနိုင်ငံသို့ တင်ပို့ရောင်းချ နေခြင်းဖြစ်ပြီး ဇွန်၊ ဇူလိုင်လများမှစ၍ အရည်အသွေးမကောင်းမွန်ခြင်းကြောင့် ဟုဆိုကာ ၀ယ်ယူမှုရပ်တန့်လိုက်ခြင်း ကြောင့် မွေးမြူသူများအနေဖြင့် ဒေသ တွင်းမှာပင်ရောင်းချနေရသဖြင့် တစ် ပိသာလျှင် ၈၀၀ ကျပ်၊ အချိန် ၁၀၀ လျှင် ၈၀၀၀၀ ကျပ်ထိ အရှုံးပေါ်နေပြီး ဆက် လက်မွေးမြူရန် အခက်အခဲဖြစ်ပေါ်နေ ကြောင်းသိရသည်။
““ကျွန်တော်တို့အပါအ၀င် ဒေသ ချင်းဆက် ငါးမြစ်ချင်း ငါးမွေးမြူသူတွေ အားလုံးနီးပါး အခက်တွေ့နေရသလို ရေရှည်မှာလည်း နိုင်ငံခြားတင်ပို့နိုင်မှု ပြန်လည်အဆင်မပြေသေးရင် အခက် တွေ့နေဦးမယ်လို့ ပြောနိုင်ပါတယ်။ ဘာ ကြောင့်လဲဆိုတော့ ကျန်ခဲ့တဲ့လက ကန် ဖော်ခဲ့တာ၊ အကုန်ရောင်းထုတ်ပြီးတော့ တွက်ကြည့်တာအရင်ထက်တစ်ပိဿာကို ၈၀၀ ကျပ်လောက် အရှုံးပေါ်ခဲ့ပါတယ်။ ဒါဟာဒေသတွင်းမှာပဲရောင်းချရမှုကြောင့် ဖြစ်တယ်လို့ပြောနိုင်ပါတယ်””ဟု ကျိုက် လတ်မြို့မှ ငါးမြစ်ချင်းငါးမွေးမြူရေး လုပ်ငန်းရှင် ဦးစိန်ဝင်းက ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ငါးမြစ်ချင်းငါးမွေးမြူသူများသည် ယခင် က ငါးအစားကုန်ကြမ်းဖြစ်သည့် ဖွဲနု၊ ဆန်ကွဲ၊ ပြောင်းဖူး၊ စသည်များကို ကျွေး ကာ မွေးမြူခဲ့သော်လည်း လက်ရှိတွင် ငါး ဈေးကွက်မကောင်းသဖြင့် ပွိုင့် (ခေါ်)ဖွဲနု နှင့် ဖွဲကြမ်းများကို ရောစပ်ကျွေးမွေး ရကြောင်း သိရသည်။
လက်ရှိတွင် ငါးမြစ်ချင်းတစ်ပိဿာ လျှင် ၄၅၀၀ ကျပ် ဈေးပေါက်နေပြီး ၂၀၁၇ ခုနှစ်အတွင်း ငါးမြစ်ချင်းပေါက် ဈေးမှာ တစ်ပိဿာလျှင် ၅၃၀၀ ကျပ်ရှိခဲ့ ပြီး အဆိုပါ အခက်အခဲများကြောင့် ကျိုက်လတ်၊ မအူပင်၊ ဖျာပုံ၊ ဘိုကလေး၊ ညောင်တုန်း၊ ၀ါးခယ်မ၊ ပန်းတနော်၊ ပုသိမ်၊ အင်္ဂပူ၊ မော်လမြိုင်ကျွန်းရှိ ငါးမွေး မြူရေးသမားများမှာ ဈေးကွက်ကိုစောင့် ကြည့်နေသည်များရှိသလို ငါးမြစ်ချင်း မွေးမြူမှုရပ်နားရန် ပြင်ဆင်လာကြသူများ လည်းရှိကြောင်း သိရသည်။
တင်ဌေးလင်း(မြစ်မခ)
 
Date: 
Tuesday, August 14, 2018