ဆရာကြီးသခင်ကိုယ်တော်မှိုင်း

Author: 
Admin
Date: 
Thursday, July 28, 2016

မြန်မာတို့ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှာန်းနှင့် နေထိုင်အုပ်ချုပ်ခဲ့ရသော ဘုရင်ခေတ်၊ နယ်ချဲ့ အင်္ဂလိပ်လူမျိုးတို့၏လက်အောက် ကျွန်သပေါက် ဘ၀နှင့် နေထိုင်ခဲ့ရသော ဗျူရိုကရေစီခေတ်၊ ဒိုင်အာခီအုပ်ချုပ်ရေးခေတ်၊ ခွဲရေး တွဲရေးနှင့် ၉၁ ဌာန အုပ်ချုပ်ရေးခေတ်၊ ဖက်ဆစ်ဂျပန်တို့ အုပ်ချုပ် ရေးခေတ်၊ တော်လှန်ရေးခေတ်၊ လွတ်လပ်ရေးခေတ် တို့တွင် အမျိုးမျိုးကြုံတွေ့ခဲ့ပြီး မျိုးချစ်စိတ် ထက်သန် လှသောကြောင့် တိုင်းသူပြည်သားတို့အား ရာဇ၀င်၊ မဟာဝင်၊ ပုံပြင်နိပါတ်များဖြင့် ဆောင်းပါးစကားပြေ စာပေကဗျာ ဋီကာဂဏ္ဍိ ကျမ်းညှိလင်္ကာ၊ မဟာလေး ချိုး၊ ဒွေးချိုသဖြန်တို့ဖြင့် ဇာတိမာန် ဇာတိသွေး တက်ကြွစေရန် ခေတ်အမျိုးမျိုးတို့နှင့် လိုက်လျော အောင် အစဉ်အသက်ဝင်လှုပ်ရှားတက်ကြွခဲ့သည့် ကဗျာစာပြုပုဂ်္ဂိုလ် မြန်မာပညာရှိ က၀ိတစ်ဆူ ဖြစ်တော်မူသည့် ဆရာကြီး သခင်ကိုယ်တော်မှိုင်း ကွယ်လွန်သည့်မှာ ၂၀၁၆ ခု ဇူလိုင်ဆိုလျှင် နှစ်ပေါင်း ၅၂ နှစ်ပင်ရှိခဲ့ပြီးဖြစ်ပေသည်
ဆရာကြီး သခင်ကိုယ်တော်မှိုင်းသည် ပြည်ခရိုင် ရွှေတောင်မြို့ ၀ါးချက်ကျေးရွာ၌် ၁၂၃၇ ခု၊ တပေါင်းလပြည့်ကျော် ၁၄ ရက်၊ ကြာသပတေး နေ့ နံနက် နေထန်းတစ်ဖျားအချိန်တွင် အဖဦးစံဒွန်း၊ အမိ ဒေါ်အုံးတို့ ဖွားမြင်ပြီးနောက် အသက် ၁၀ နှစ်သားခန့်တွင် မန်္တလေးရွှေမြို့တော်ရှိ မြတောင် ရွှေကျောင်းတော်ကြီး၌ ပညာသင်ကြားချိန် ၁၂၄၇ ခု တန်ဆောင်မုန်းလပြည့်ကျော် ၈ ရက်နေ့ တွင် အင်္ဂလိပ်ကုလားဖြူတို့က မြန်မာတို့ အရှင်မြတ် နှစ်ပါးကို ကြက်ငှက်သဖွယ် လွယ်လွယ်နှင့် ဖမ်းဆီး ခေါ်ငင်သွားကြသည်ကို မြင်တွေ့ လိုက်ရသော ငယ်နာမည် မောင်လွန်း(သခင်ကိုယ်တော်မှိုင်း) သည် ထိုစဉ်အခါကပင် ““တိုင်းပြည်ကြီး တစ်ခုလုံး ထီးကျိုး စည်ပေါက် သူတစ်ပါးလက်အောက်တွင် ကျွန်သပေါက်အနေဖြစ်ရချေပြီ။ ကျွန်ဘ၀အဖြစ် နေရခြင်းထက်သေသည်က မြတ်သေးသည်”” ဟု မချိတင်ကဲ ၀မ်းထဲနှလုံး ယူကျုံးမရဖြစ်လှသော စိတ်ဖြင့် အတွင်းကြိတ်ပူဆွေးပြီးနောက် မြန်မာပြည် ပြီး မလွတ်လပ်သေးသမျှ မနေဟူသော ဇွဲ၊ လုံ့လ အာသာဆန်္ဒဖြင့် ဆရာကြီးသည် မိမိတတ်စွမ်းခဲ့ သည့် ပညာစာပေဘက်မှ အမြဲမပြတ် မျိုးချစ်စိတ် ထက်သန်စေရန် လှုံ့ဆော်တိုက်တွန်းသည့် စာပေများ ပြုစုရေးသားခဲ့သည်။
ထို့အပြင် နိုင်ငံရေးသမားတပည့်များ၏ အမှား များကို ဥပမေယျ တင်ပြလျက်စာပေဖြင့် တင်ပြ သတိပေးဆုံးမခြင်း ““အမျိုးဘာသာ သာသနာ ပညာ”” ဟူသော တိုင်းပြည်၏ အခြေခံကြီး ၄ ရပ်ကို တိုးတက်ထွန်းကားစေအောင် ဆောင်ရွက်လိုသည့် စိတ်များ ပေါ်ပေါက်စေရန် လှုံ့ဆော်တိုက်တွန်းခြင်း၊ အချင်းချင်း မညီညွတ်မှုများသည် နွားကွဲကျားကိုက် ဖြစ်တတ်သဖြင့် အညီအညွတ်နေထိုင်မှ မြန်မာ့ ငြိမ်းချမ်းရေးနှင့် ကမ်္ဘာ့ငြိမ်းချမ်းရေးများ ရနိုင်မည် တို့ကို ကျိုးပြကြောင်းထင် စာသဘင်ဖြင့် ဆင်ယင် လှုံ့ဆော်ပေးခဲ့သည်။ စာပေတွင်သာမက ကိုယ်တိုင် ကိုယ်ကျ ဟောပြောခြင်းများကိုလည်း ပြုလုပ်ခဲ့ပေ သည်။ ဆရာကြီးလှုံ့ဆော်ရေးသားခဲ့သည့် စာပေ များထဲမှ အချို့ကို ထင်ရှားစွာတင်ပြရလျှင် ““သာသနာ့မြေပလ်္လင် အသရေလှပေတဲ့ မြရွှေတောင် သာတဲ့တိုက်ဆီက နေလနှစ်ဆောင်ပါတော်မူတဲ့ အခိုက်ကိုဖြင့်ကဒိုက်ကရိုက် အမြန်မြင်လိုက်တော့ မခံချင် မာန်ဝင်တဲ့ အစွမ်းရယ်နှင့် (သြော်) မန်း အပျက်တွင်ဖြင့် ကြငှာန်းမက်လိုက်ပုံက ပခန်းထွက် ပြီး အကြမ်းဖက်တော့မဟဲ့လို့ ငန်းငန်းတက် သရေ ယိုအောင် နန်းအဆက်အမွေကိုလည်း မှန်းမိတဲ့အပြင် ဒိုင်အာခီပါဟုမ်းဆိုတဲ့ရူးကိုဖြင့် မှိုင်းကာမကြည် ပြုံးသလိုနဲ့မှ မပြုံးသူမို့လ ဗေဒရီရယ် မင်းမရှိတဲ့ နိဗ်္ဗာန်သာလျှင်ကောင်း ဟူ၍လည်းကောင်း၊ (အမယ် မင်း) အခွဲအတွဲနှစ်ရပ် တကထဲ မစပ်ချင်တဲ့ အတွဲ ဇာတ်နှစ်မူအသွားကိုဖြင့် (အိုကျေးဇူးရှင်ကြီးရဲ့) အလဲအထပ်ထပ် ကဲဖြတ်ပြီး ပွဲပြတ်တော်မူပါဘုရား”” ဟူ၍လည်းကောင်း၊
ကျွန်ခေါင်းဆောင်တန်ခိုးတပြပြ တင်းချင်တော့ ညွှန့်ပေါင်းကောင်အစိုးရ တမင်းတွေကလည်း သူခိုး ဓမြညှင်းသလိုပေါ့။ သို့မကြာမကြာပင် တစေ ဒို့ဗမာ တခွင်တပြေရယ်တဲ့ မနုဿဘုံတရိုး (အိုရှင် ဒို့ဗမာ သခင်တွေမှာဖြင့်) မဟုတ်ကဟုတ်ကနှင့် ဒုက်္ခအဖုံဖုံ တိုး ဟူ၍လည်းကောင်း၊ သြော်နေသနင်းရယ်လို့နှော နေမင်းလိုပူတော်မူသနဲ့ တရားမဲ့စွာ တာတေလန် သကွဲ့၊ သနားမငဲ့ညှာ ဗမာတွေနုံခဲ့တဲ့ မဟာရွှေ ဂျပန်စောက်ကျင့်ဆိုးသော်လည်း ဟူ၍လည်း ကောင်း၊ သြော် ... မလွတ်တတ် လွတ်တတ်နှင့် ၀ဋ်မပြတ်ချင်ရော့သလား၊ လွတ်လပ်တဲ့အဖြစ်ဟာ ကနှော၊ သုံးနှစ်တိုင်ရာသီခေါ်ရပေါ့၊ ဗမာပြည်ပေါ် ၀ယ် ဆိုရှယ်လစ်ကယ်နှင့် တံခွန်တလူလူ ကွန်မြူနစ် တဲ့ပြင် ညစ်ညစ်ပတ်ပတ် စုတ်ပဲ့ကြတဲ့ အထွေထွေ တွင် ရွှေကရင် ငွေကရင်တို့ကြောင့် ရေပြင်လှေယာဉ် မှောက်သလိုပေါ့၊ ပြေခွင်သပြေပေါက်ပြီး ခေတ် အလျှောက်ပင် ဘုရားတရားမယုံ ဘွဲ့စနည်းရယ်နှင့် စစ်မရောက်ခင်မြားကုန်တဲ့နည်းပေပေါ့၊ ပျက်ချီး ပျက်ချော် မြန်မာဘုံမဖြင့် ခက်လည်းခက်သနော် ဆရာကြုံရတော့ ဟူ၍လည်းကောင်း
ဤကဲ့သို့သော ခေတ်ပြကြေးမုံစာပေများကို ပြုစုပျိုးထောင်ပေးခဲ့သည့် စာပေဥယျာဉ်မှူးကြီး လည်းဖြစ်သည့် ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာပြည်တွင်သာမက ကမ်္ဘာသူ ကမ်္ဘာသား အေးအတူပူအမျှ ငြိမ်းချမ်းသာယာစွာ နေနိုင်ရေးကို အထူးဆောင်ရွက်ခဲ့မှုများကြောင့် စတာလင်၏ နိုင်ငံတကာဆိုင်ရာ ကမ်္ဘာ့ငြိမ်းချမ်းရေး(လီနင်) ဆုကိုပင် ရရှိခဲ့သူဖြစ်သည်။ ဆရာကြီးသည် အကျင့် သီလနှင့် ပြည့်စုံခြင်း၊ သီလဂုဏ် မယိမ်းမယိုင် ကျောက်စာတိုင်ကဲ့သို့ တည်ကြည်သော သမာဓိ ဂုဏ်၊ မြန်မာစာပေ ကျမ်းဂန်တို့ကို တတ်ကျွမ်းသော ပညာဂုဏ်တို့ဖြင့် ပြည့်စုံမှုတို့ကြောင့် ဆရာကြီးအား မသိဖူး မကြားဖူးသူမရှိခဲ့ပေ။ လူပုဂ်္ဂိုလ်အား ကိုယ်တိုင်မတွေ့ဖူးကြသည့်တိုင် သူ၏ စာပေများနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ကမ်္ဘာ့ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့မှုတို့မှာ မြန်မာပြည်သူတို့၏ နှလုံးသားအတွင်း၌ ထာဝစဉ်တဖျပ်ဖျပ် ရိုက်ခတ် လူးလွန့်နေမည်သာဖြစ်ပါကြောင်း ဆရာကြီး ကွယ်လွန်သည့် ၅၂ နှစ်မြောက်အခါကာလတွင် အမှတ်တရရေးသားဖော်ပြရပါသတည်း။