တစ်ချိန်ချိန်မှာ အာဏာရလာမယ်ဆိုတဲ့ အတွေးမျိုးနဲ့NLD ကို ၀င်ရောက်လာတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်ဟု ၀န်ကြီးချုပ်ကဆို

Tuesday, March 6, 2018 - 16:00

အမျိုးသားဒီမိုကရေစီ  အဖွဲ့ချုပ် အတွက်  ဒေါ်အောင်ဆန်းစုကြည်၏ လမ်းညွှန်မှုနှင့် နိုင်ငံတော်ကြီးတိုးတက် စေရန် ထူထောင်မည်ဆိုသည့် ရည်ရွယ် ချက်ဖြင့် ၀င်ရောက်လာခြင်းလား၊ တစ် ချိန်ချိန်တွင် အာဏာရလိုသည့်ရည်ရွယ် ချက်ဖြင့် ၀င်ရောက်လာခြင်းလားဆိုသည်  မှာ မေးခွန်းထုတ်စရာဖြစ်ကြောင်း ရန် ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်း သိန်းက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ် ညီလာခံ၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်း လူငယ်ညီလာခံကိုယ်စားလှယ်များ စုံညီ တွေ့ဆုံပွဲကို မတ်လ ၂ရက်နှင့် ၃ရက်တွင် ယုဒဿန်ခန်းမ၌ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားတွင် ၎င်းင်းက ပြောကြားခဲ့ ခြင်းဖြစ်သည်။

 

““အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွက် အဖွဲ့ချုပ်ဥက်္ကဋ္ဌကြီး ဒေါ်အောင် ဆန်းစုကြည်ရဲ့လမ်းညွှန်မှုနဲ့ နိုင်ငံတော် ကြီးတိုးတက်အောင် ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀င်ရောက်လာတာလား၊ ဒါမှမဟုတ် နေရာတစ်ခုရလာခဲ့ရင် တစ် ချိန်ချိန်မှာတော့ အာဏာရလာမယ်ဆိုတဲ့ အတွေးမျိုးနဲ့ ၀င်ရောက်လာတာလားဆို တာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ ကိုယ်တစ်ယောက်တည်းပဲ အလုပ်လုပ် နေရတယ်လို့ ထင်ရင်တော့ မှားပါလိမ့် မယ်။ အခုချိန်မှာအားလုံးက ကိုယ်ကျရာ ကဏ္ဍအလိုက် လုပ်ဆောင်နေကြရတာ ဖြစ်ပါတယ်။ အခုလို အမျိုးသား ဒီမို ကရေစီချုပ် အောင်မြင်မှုရတာဟာ နှစ် ပေါင်း ၃၀ လောက် ညီညီညွတ်ညွတ် ဆောင်ရွက်ခဲ့လို့ ရခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးမှာ အမြဲတမ်း အောင်မြင်မှုဆို တာ မရှိသလို ရှုံးနိမ်မှုဆိုတာလည်း ရှိတယ်။ အရှုံးကိုလည်း စည်းစည်းလုံးလုံး နဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်””ဟု ရန်ကုန် တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း က ပြောသည်။

ယနေ့သည် NLD ပါတီ၏ အနာ ဂတ်တာဝန်များအား လွှဲပြောင်းတာဝန် ယူမည့် လူငယ်များအား ရွေးချယ်သွား မည်ဖြစ်ကြောင်း၊ လူငယ်များထဲတွင် ယခင်က အရပ်ဘက်အဖွဲ့အစည်းများ တွင် ပါဝင်ဖူးသူများ၊ ကျောင်းသားသမဂ်္ဂ တွင် ပါဝင်ခဲ့ပြီး ကျောင်းပြီးသွားသူများ အခြေအနေအမျိုးမျိုးဖြင့်လာရောက်ပြီး နိုင်ငံရေးလောကအတွင်းသို့ ၀င်ရောက် အရွေးချယ်ခံသွားမည့်သူများရှိကြောင်း၊ ပါတီဝင်လူငယ်များအနေဖြင့် ဗဟိုကော် မတီဝင်များ၏မူဝါဒနှင့် ဒေါ်အောင်ဆန်း စုကြည်၏ မိန့်ခွန်းများအား သေသေချာ ချာမှတ်သားကြရန် လိုအပ်ပြီး ယင်းမှာ အဖွဲ့ချုပ်တွင်ပါဝင်ရွေးချယ်ခံမည့်လူငယ် များအတွက် ရှောင်ရန်ဆောင်ရန်များကို ပြောကြားခြင်းဖြစ်ကြောင်း၊ လူငယ်များ အနေဖြင့် တစ်ဦးနှင့်တစ်ဦး အပြန်အလှန် လေးစားမှုရှိပြီး တာဝန်သိ စိတ်များရှိရန် အရေးကြီးကြောင်း NLD ပါတီ လူငယ် ညီလာခံကျင်းပရေးဗဟို ကော်မရှင်ဥက်္ကဋ္ဌ ဦးမောင်မောင်ဦးက ပြောသည်။

““ယခင်ကတည်းက NLD ရဲ့ တာဝန် မူဝါဒတွေကို ဖော်ဆောင်တဲ့နေရာမှာ လူငယ်တွေပါဝင်လုပ်ဆောင်လာကြတာ အခု ချိန်ထိပဲ ဖြစ်ပါတယ်။ အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်ရဲ့  ညာလက်ရုံးဟာ လူငယ်တွေဖြစ်ပြီးတော့ ဘယ်လက်ရုံးက အမျိုးသမီးအဖွဲ့တွေ ဖြစ်ပါတယ်။ လူငယ် တွေအနေနဲ့ ပါတီမှာ တာဝန်ယူမလား၊ လွှတ်တော်နဲ့ အုပ်ချုပ်ရေးပိုင်းတွေမှာ တာဝန်ထမ်းဆောင်မလားဆိုတာကို စဉ်းစားစေချင်တယ်။ အရွေးချယ်ခံလူ ငယ်ကိုယ်စားလှယ်တွေအနေနဲ့ ကိုယ့်ရဲ့ အရည်အသွေး၊ အရည်အချင်းတွေကို ထုတ်ဖော်ပြသလို့ ရမယ့်အခွင့်အရေးတွေ အများကြီးရှိပါတယ်။ ပြီးတော့ ရွေးချယ် တဲ့နေရာမှာလည်း တကယ်လုပ်ဆောင် နိုင်မယ့် လူငယ်တွေကို ရွေးချယ်ပေးသွား ဖို့ တိုက်တွန်းလိုပါတယ်””ဟု NLD ဗဟို အလုပ်အမှုဆောင်ကော်မတီဝင် ဒေါက် တာဒေါ်မေ၀င်းမြင့်က ပြောသည်။

NLD ၏ တာဝန်များကို မျိုးဆက် သစ်အဆက်ဆက်  မှန်မှန်ကန်ကန် ဦးဆောင်နိုင်သည့်သူများရှိရန် လိုအပ် နေပြီး မျိုးဆက်သစ်များပေါ်ပေါက်လာ စေရန်အတွက် ယခုကဲ့သို့ ညီလာခံကို ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ မြို့နယ်လူငယ် များအား အစုအဖွဲ့များဖွဲ့၍ နိုင်ငံရေး မူဝါဒနှင့်ပတ်သက်သည့် ခေါင်းစဉ်များ အား ဆွေးနွေးသွားမည်ဖြစ်သလို အစု အဖွဲ့များတွင် ကျေလည်အောင်ဆွေးနွေး ပြီး ကိုယ်စားပြုရွေးချယ်သွားမည်ဖြစ် ကြောင်း၊ မျိုးဆက်သစ်များ၏ စွမ်းရည် အား မြှင့်တင်၍ နိုင်ငံအကျိုး၊ တိုင်းရင်း သားအကျိုးနှင့် ဒေါ်အောင်ဆန်းစုကြည် ၏ မျှော်လင့်ချက်များအား ဖြည့်ဆည်း ပေးနိုင်မည့်လူငယ်များအား ရွေးချယ် ပေးသွားရန်လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး လူငယ်ညီလာခံကျင်းပရေး ကော်မရှင်ဥက္ကဋ္ဌ ကိုမြတ်ကျော်က ရှင်း လင်းပြောကြားခဲ့သည်။       ကျော်ကိုကို