ပါတီအရောင်လွှမ်းမိုးမှုမပါဘဲ ပြည်သူ့အားဖြင့်လုပ်ဆောင်ခဲ့သည့် နိုင်ငံတော်အတိုင်ပင်ခံထောက်ခံပွဲ မကွေးမြို့ ၌ကျင်းပ

Tuesday, October 10, 2017 - 13:15

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံ ပွဲတစ်ရပ်ကို မကွေးမြို့၊ကန်သာရပ်ကွက်၊ အေးစေတီဘုရားဝင်းအတွင်း၌ အောက် တိုဘာလ ၇ ရက်ညနေပိုင်းတွင် ကျင်းပ ခဲ့ပြီး ယင်းထောက်ခံပွဲကို နိုင်ငံရေးပါတီ ၏ အရောင်လွှမ်းမိုးမှုများမပါဘဲ ကျင်းပ ခဲ့ကြောင်း သိရှိရသည်။

““ထောက်ခံပွဲပြုလုပ်ဖို့ လူမှုရေးအဖွဲ့ အစည်းတွေ၊ အတိုင်ပင်ခံကိုချစ်မြတ်နိုး တဲ့ ပြည်သူတွေစုဝေးပြီး အစည်းအဝေး တွေထိုင်ခဲ့ကြတယ်။ နိုင်ငံရေးအားပြိုင်ပွဲ မဟုတ်တာကတစ်ကြောင်း၊ ငြိမ်းချမ်းရေး ကို ဦးတည်ဖော်ဆောင်နေတဲ့အချိန်ဖြစ် တာကတစ်ကြောင်း အပြာရောင်အင်္ကျီ တွေ အထည် ၃၅၀ လောက် တံဆိပ်ရိုက် ပြီး ၀တ်ခဲ့ကြတယ်။ ပါတီရောင်တွေ၊ ပါတီလွှမ်းမိုးမှုတွေမပါဘူး””ဟု ထောက်ခံ ပွဲတွင် တက်ရောက်ဆွေးနွေးဟောပြော ခဲ့သူ ဦးဌေးလင်း(သဒ်္ဓါရှင်)ကပြောသည်။

စက်တင်ဘာ ၁၉ ရက် နိုင်ငံတော် အခြေပြမိန့်ခွန်းအပေါ် နိုင်ငံတကာမှ ဖိအားပေးနေသည့်အချိန်တွင် အမေ နှင့်အတူ ပြည်သူတစ်ရပ်လုံးရှိသည်ဆို သော အဓိပ်္ပာယ်မျိုးကိုဖော်ဆောင်ချင် သည့်အတွက် ပါတီတစ်ခု၊ အဖွဲ့အစည်း တစ်ခုကို ကိုယ်စားပြုလုပ်ဆောင်သည့် ပုံရိပ်မျိုးမဟုတ်ဘဲ ပြည်သူ့အားဖြင့် ၀ိုင်း ၀န်းထောက်ခံသည့်ပွဲဖြစ်ကြောင်း ပွဲဖြစ် မြောက်ရေးဦးဆောင်ခဲ့သူ ဒေါ်စီစီမိုးက ဆိုသည်။

ထောက်ခံပွဲတွင် နိုင်ငံတော်အလံ အား အလေးပြုခြင်း၊ ဒီမိုကရေစီတိုက်ပွဲ တွင် ကျဆုံးသွားသော ရဟန်းသံဃာနှင့် ပြည်သူများကို တစ်မိနစ်ငြိမ်သက်၍ အရို အသေပေးခြင်း၊ ၈၈ မျိုးဆက် ငြိမ်းချမ်း ရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မကြူ ကြူခိုင်နှင့် ဦးကိုကိုနိုင်၊ စားသောက် ဆိုင်လုပ်ငန်းရှင်များနှင့်သဒ်္ဓါရှင် ရှင်သန်မှု ကူညီရေးအဖွဲ့မှ ဦးဌေးလင်း၊ စာရေး ဆရာ ထင်လင်းဦးတို့က ထောက်ခံဟော ပြောခြင်းများ ဆောင်ရွက်ခဲ့သည်။

““ထောက်ခံပွဲလုပ်တာနဲ့ပတ်သက်ပြီး တချို့ဝေဖန်တာတွေရှိတယ်။ ကျွန်တော့် ရဲ့ ပုဂ်္ဂိုလ်ရေးအမြင်အရ ပြောရရင် ပြည် တွင်း၊ ပြည်ပဖိအားတွေ ၀င်နေတဲ့အချိန် မှာ ပြည်သူတစ်ရပ်လုံးက အတိုင်ပင်ခံ ပုဂ်္ဂိုလ်နဲ့အတူ တစ်သဘောတည်း ရှိနေ တယ်ဆိုတာ နိုင်ငံတကာကလည်း သိဖို့ လိုပါတယ်။ လိုလို့ လုပ်ရတဲ့ ထောက်ခံပွဲ ဆိုတာ သိစေချင်ပါတယ်””ဟု ပွဲတက် ရောက်လာသူ ကိုနေမိုးဆွေကျော်က ပြောသည်။

ထောက်ခံပွဲတွင် စည်ဖြိုးသူအဖွဲ့က တေးဂီတ၀ိုင်းဖြင့် ဖျော်ဖြေခြင်း၊ ဗီနိုင်း ပေါ်တွင် အမှတ်တရစာစုများ ရေးသား ခြင်း၊ အခမဲ့တံဆိပ်ရိုက်အလှူရှင်ကိုနိုင်က အင်္ကျီမရလိုက်သူများ၏ အင်္ကျီများအား အတိုင်ပင်ခံ၏ မျက်နှာပုံပါ တံဆိပ်များ ရိုက်ပေးခြင်း၊ လူမှုရေးအဖွဲ့အစည်း ၂၈ ဖွဲ့ကထောက်ခံပွဲပြီး အမှိုက်သိမ်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်။

 

စိန်မင်း(မကွေး)