ပုဒ်မ ၅၀၅(ခ)နှင့်တရားစွဲဆိုခံထားရသည့်သံဃာတော်နှင့်လူပုဂ်္ဂိုလ်များကို အာမခံပေးမည်

Author: 
ဇော်မင်း (မြစ်မခ)

ကမာရွတ်မြို့နယ်  တရားရုံး၌    ပုဒ်မ ၅၀၅(ခ)နှင့် စွဲဆိုခံထားရသည့် အမျိုးသား ရေးလှုပ်ရှားနေသော သံဃာ တော် သုံးပါးနှင့် လူပုဂ္ဂိုလ်ငါးဦးကို အာမခံပေးရန်စီစဉ်နေကြောင်း ကမာ ရွတ်မြို့နယ်တရားရုံးမှ သိရှိရသည်။

“အရှင်ဘုရားတို့အပေါ်မူတည်ပြီး ၅၀၅(ခ)မှာ အာမခံမပေးနိုင်ပေမယ့် လည်း ကျွန်မကအာမခံပေးချင်တဲ့အ တွက် သမ္မာန်စာနဲ့ဆင့်ခေါ်လိုက်တာပါ။ လွတ်လွတ်လပ်လပ်  ထုချေခွင့်ရှိမယ်။ အာမခံပေးမယ်။ ထုချေခွင့်ပြုမယ်။ စာရွက်စာတမ်းမစုံလင်တဲ့အတွက် ရက် ချိန်းတော့မပေးလိုက်ပါဘူး”ဟုကမာရွတ် မြို့နယ်တရားသူကြီး ဒေါ်သန္တာရှင်က ပြောသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ကမာရွတ် မြို့နယ်တရားရုံးသို့ ဧပြီ ၂၈ ရက် နေ့ လယ် ၂း၀၀ နာရီခန့်အချိန်တွင် ဦးပါ မောက္ခ၊ ဦးသုစိတ္တ၊ ဦးဉာဏဓမ္မ၊ ဦးဝင်း ကိုကိုလတ်၊ ကိုနောင်တော်လေး၊ ကိုသက် မျိုးဦးနှင့် ကိုနေ၀င်းအောင်တို့အား ငြိမ်း စုစီဥပဒေပုဒ်မ ၁၉ နှင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅(ခ) တို့ ဖြင့်ဆင့်ခေါ်ခဲ့ပြီး ဆရာတော်ဦးပါမောက်္ခ သည်တရားရုံးသို့လာရောက်ခဲ့ခြင်းမရှိ ကြောင်း သိရသည်။

“ဒီနေ့သံဃာသုံးပါးနဲ့ လူပုဂ္ဂိုလ် ငါးဦးကိုဆင့်ခေါ်တဲ့ သမ်္မာန်စာကလည်း အပြည့်အစုံမရောက်ဘူးပေါ့။ ၅၀၅(ခ)က ၀ရမ်းထုတ်ပြီးဖမ်းနိုင်တယ်။ တရားသူကြီး က ကျွန်တော်တို့သည်အမျိုး၊ ဘာသာ၊ သာသနာအတွက် တကယ်လုပ်နေတဲ့လူ တွေဖြစ်တယ်ဆိုတာသူယုံကြည်တယ်။ ကျွန်တော်တို့ကထွက်ပြေးမယ့်လူတွေ လည်းမဟုတ်တဲ့အတွက် အာမခံပေးဖို့ ရည်ရွယ်ချက်ရှိပါတယ်။ သမ္မာန်စာဆင့် ခေါ်တယ်ဆိုတာဝရမ်းမထုတ်ဘဲနဲ့ကောင်း ကောင်းမွန်မွန်နဲ့ အာမခံပေးချင်လို့ခေါ် တာပြောတယ်။ အာမခံယူပြီးတော့ ဒီ အမှုကိုထုချေစေချင်တယ်ပေါ့”ဟု တရား စွဲဆိုခံရသူအမျိုးသားရေးကွန်ရက်ဥက္ကဋ္ဌ ဦးဝင်းကိုကိုလတ်ကပြောသည်။

ကမာရွတ်မြို့နယ်တရားရုံးတွင် သမ္မာန်စာလက်ခံရရှိထားသည့် ဦးဉဏ ဓမ်္မနှင့် ကိုသက်မျိုးဦးတို့အား အာမခံရ ယူရန်ရှိ၊မရှိကို တရားသူကြီးဒေါ်သန္တာရှင် က မေးမြန်းရာတရားစွဲဆိုခံထားသည့်    သံဃာတော်သုံးပါးနှင့် လူပုဂ္ဂိုလ်ငါးဦးတို့ မှာမစုံသေးသဖြင့် အာမခံမယူသေး ကြောင်း၊ သံဃာတော်များအနေဖြင့် သံဃနာယက၏ညွှန်ကြားချက်ပါမှသာ အမှုကိုရင်ဆိုင်သွားမည်ဟုဆရာတော် ဦးသုစိတ်္တကမိန့်သည်။

“သံဃနာယကညွှန်ကြားချက်ပါရင် တော့အမှုကိုရင်ဆိုင်မယ်။ ပြည့်စုံရင်တော့ ရင်ဆိုင်မယ်။ မပြည့်စုံရင်တော့အမှုကို ပလပ်ပေးပါ”ဟု ဆရာတော်ဦးသုစိတ်္တက မိန့်သည်။၂၀၁၆ ခုနှစ်တွင် အမေရိကန် သံရုံးကရိုဂျာလူမျိုးတစ်စုဟုပြောဆို သည့်ကိစ်္စနှင့်ပတ်သက်၍အမျိုးသားရေး လှုပ်ရှားသူများက အမေရိကန်သံရုံးရှေ့ ၌ ၂၀၁၆ ခုနှစ် ဧပြီ ၂၈ ရက်တွင် ကန့်ကွက်ဆန္ဒပြခဲ့သဖြင့် ကမာရွတ်မြို့ နယ်ရဲစခန်း၏ ပုဒ်မ ၁၉ဖြင့် တရားစွဲ ဆိုခြင်းကိုခံခဲ့ရခြင်းဖြစ်ပြီး ပုဒ်မ ၁၉ နှင့် ပတ်သက်၍အမှုမှာ ပြီးစီးလုနီးပါးဖြစ် နေသည့်အချိန်တွင် ပုဒ်မ ၅၀၅(ခ)ဖြင့် ထပ်မံစွဲဆိုခံရခြင်းဖြစ်ကြောင်း သိရသည်။

ဇော်မင်း (မြစ်မခ)

Date: 
Tuesday, May 2, 2017