ဗိဿနိုးမြို့ဟောင်းတွင် ပျံလွန်တော်မူခဲ့သည့် ဆရာတော်အား မီးသင်္ဂြိုဟ်ရာမှ လူ၁၄ဦးနှင့် သံဃာတစ်ပါး မီးလောင်ခံရမှုဖြစ်ပွား

Author: 
သီဟဘုန်းမိုရ်

တောင်တွင်းကြီးမြို့နယ်၊ ဗိဿနိုး မြို့ဟောင်းအတွင်းရှိရွှေရောင်တော်ဘုရား အနီး၌ ဧပြီ ၂၀ရက် ညနေပိုင်းက ပျံလွန် တော်မူခဲ့သော ဆရာတော်အား မီးသင်္ဂြိုဟ်မှုပြုလုပ်ခဲ့စဉ် အနီးရှိ လူ ၁၄ဦး နှင့် သံဃာတော်တစ်ပါး မီးဟပ်ခံခဲ့ရ၍ မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်းတောင် တွင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ  ဗိဿနိုးမြို့ဟောင်းအတွင်းရှိ ရွှေရောင်တော်ဘုရား ကျောင်းထိုင်ဆရာတော် ဦးဝိစိတ္တဉာဏ၊ သက်တော် ၉၀နှစ်၊ ၀ါတော် ၇၀နှစ်မှာ ဧပြီ ၁၇ရက် နံနက် ၁နာရီအချိန်တွင် ဘ၀ နတ်ထံပျံလွန်တော်မူခဲ့ကြောင်းသိရှိရပြီး ယင်းပျံလွန်တော်မူခဲ့သည့်ရွှေရောင်တော် ဘုရားကျောင်း ထိုင်ဆရာတော်၏ ရုပ်ကလပ်တော်အား ဧပြီ ၂၀ရက် ညနေ ၅နာရီခွဲအချိန်က ရွှေရောင်တော်ဘုရား ၏ အနောက်ဘက် တစ်ဖာလုံခန့်အကွာရှိ ပွဲတော်ကုန်း၌ မီးသင်္ဂြိုဟ်မှုပြုလုပ်စဉ် ဓာတ်ဆီလောင်းမီးရှို့ ခဲ့သဖြင့် ရုတ်တရက်မီးထလောင်ကာ အနီးရှိဆရာတော်၏ရုပ်ကလာပ်အား ၀တ်ပြုနေကြသည့် အမျိုး သား ၁၄ဦးနှင့် ဦးပဉ္ဇင်းတစ်ပါးတို့ မီးဟပ်မီးလောင်ခံခဲ့ရခြင်းဖြစ်သည်။

မီးလောင်မှုကြောင့် (မစိုးရိမ်ရ)ဒဏ်ရာ အသီးသီးရရှိခဲ့ကြ၍ ရဲဆေးစာဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေခဲ့ခြင်းဖြစ်ပြီး မီးလောင်ဒဏ်ရာရှိသူများမှာ တောင်တွင်း ကြီးမြို့နယ်၊  ကြက်ဆူတောရွာမှအမျိုးသား ၁၁ဦး၊ တောင်တွင်းကြီးမြို့နယ်၊ လက်ပံရှည်ရွာမှ အမျိုးသား တစ်ဦးနှင့် ဦးပဉ်္ဇင်းတစ်ပါး၊ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်နေ အမျိုးသားတစ်ဦး၊ ပဲခူးတိုင်း ဒေသကြီး၊ အုတ်ဖိုမြို့နယ်နေ အမျိုးသားတစ်ဦးတို့ဖြစ်ကြောင်း သိရှိရပြီး လက်ရှိဆေးရုံတွင် သံဃာတော် တစ်ပါးနှင့် အမျိုးသားရှစ်ဦးတက်ရောက် ဆေးကုမှုခံယူနေပြီးအမျိုးသားခြောက်ဦးမှာ ပြင်ပလူနာများ အဖြစ် ဆေးကုသမှုခံယူခဲ့ကြောင်း သိရသည်။                                  

သီဟဘုန်းမိုရ်

Date: 
Tuesday, April 25, 2017