ဘင်္ဂါလီငါးဦးအား တစ်ဦးလျှင် ၁၀ သိန်းကျပ်ဖြင့် ရန်ကုန်သို့ အခကြေးငွေယူ၍ပို့ဆောင်သူ လူခြောက်ဦးကို ဖမ်းဆီးအရေးယူ

Author: 
သီဟဘုန်းမိုရ်

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ် နေ ဘင်္ဂါလီလူမျိုးငါးဦးအား အခကြေး ငွေရယူကာ ရန်ကုန်မြို့သို့ပို့ဆောင်ရန် ခေါ်ဆောင်ခဲ့သည့် လူခြောက်ဦးအား မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ဧပြီ ၂၂ ရက် နံနက်ပိုင်းတွင် ဖမ်းဆီးရမိခဲ့ကြောင်း ငဖဲမြို့မ ရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ဧပြီ ၂၂ ရက် နံနက် ၄နာရီခွဲအချိန်တွင် ဘင်္ဂါလီများအား တရားမ၀င် ခေါ်ဆောင်လာကြောင်း သတင်းအရ ငဖဲမြို့နယ်၊ ဂုတ်ကြီးရဲကင်း စခန်းမှူး ရဲအုပ်ကျော်မျိုး ဦးစီးသည့်ရဲတပ် ဖွဲ့ဝင်များက ငဖဲမြို့နယ်၊ မြေလတ်ကျေး ရွာအနီး မင်းဘူး-အမ်းကားလမ်း(နတ်ရေ ကန်ရှောင်ကွင်းလမ်း) မိုင်တိုင်အမှတ် ၇/၆ တွင် စောင့်ဆိုင်းစဉ် အမ်းဘက်မှ မင်းဘူးဘက်သို့ အတင်းမောင်းနှင်လာ သည့် PROBOX ယာဉ်ကို ပိတ်ဆို့ တားဆီးစစ်ဆေးခဲ့ရာမှ ဖမ်းဆီးမိခဲ့ခြင်း ဖြစ်သည်။

ထိုယာဉ်ပေါ်တွင် စိန်သန်း ၃၅နှစ်၊ ယာဉ်မောင်း၊ ညောင်လေးပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ အောင်မင်းထွဋ်၊ ၂၉နှစ်၊ တောင်ဥက်္ကလာပမြို့နယ်၊ ရန်ကုန် တိုင်းဒေသကြီး၊ ဗိုလ်လင်း၊၂၉နှစ်၊ အမ်း မြို့နယ်၊ ရခိုင်ပြည်နယ်နေသူတို့ သုံးဦးနှင့် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်နေ ယာဆင် ၂၆နှစ်၊ မာမွတ်ဂျူနိုက် ၁၄နှစ်၊ ကာလာ ၂၅နှစ်၊ မာမွတ်ရှော်ရီ ၃၃နှစ်၊ မအုံမော့ဂျော်မီ ၂၂ နှစ် စသည့် ဘင်္ဂါလီ လူမျိုး အမျိုးသားလေးဦးနှင့် အမျိုးသမီး တစ်ဦးတို့အား ဖမ်းဆီးရမိခဲ့ခြင်းဖြစ် သည်။

စိန်သန်း၊ အောင်မင်းထွဋ်နှင့် ဗိုလ် လင်းတို့၏ ထွက်ဆိုချက်အရ ရခိုင်ပြည် နယ်၊ အမ်းမြို့နယ်နေ ဇော်ဝင်း ၂၈နှစ်၊ အောင်ကိုလတ် ၃၂နှစ်၊ အောင်အောင် ၂၇နှစ်တို့ သုံးဦးက ဆိုင်ကယ်များဖြင့် လမ်းပြများအဖြစ် ဆောင်ရွက်ပေးခဲ့ ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ ယင်းနေ့ နံနက် ၅ နာရီအချိန်တွင် ဇော် ၀င်း၊ အောင်ကိုလတ်နှင့် အောင်အောင် တို့သုံးဦးကို မင်းဘူး-အမ်း ကားလမ်း၊ တုံးကြီးကျေးရွာအနီးတွင် ဆိုင်ကယ် များနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး စိန်သန်းပါ ခြောက်ဦးကို ဆက်လက်စစ်ဆေးခဲ့ရာ တွင် ဘင်္ဂါလီလူမျိုးငါးဦးအား ရခိုင်ပြည် နယ်၊ ကျောက်တော်မြို့နယ်မှ ရန်ကုန်မြို့ သို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ၁၀သိန်း ကျပ်နှုန်း တောင်းခံ၍ သယ်ဆောင်လာ ခြင်း ဖြစ်ကြောင်းစစ်ဆေးပေါ်ပေါက်ခဲ့ သည်။

ယင်းစစ်ဆေးပေါ်ပေါက်ချက်အရ အခကြေးငွေယူ၍  သယ်ဆောင်သူ စိန်သန်းပါ ခြောက်ဦးကို ငဖဲမြို့နယ်၊ မြို့မရဲစခန်းက (ပ)၆၇/၂၀၁၇၊ ရာဇ သတ်ကြီးပုဒ်မ ၃၆၇ ဖြင့် အမှုဖွင့် အရေး ယူထားပြီး တရားမ၀င် ၀င်ရောက်လာသူ ဘင်္ဂါလီငါးဦးကို ၁၉၄၉ ခုနှစ် မြန်မာ နိုင်ငံအတွင်းနေထိုင်သူများ မှတ်ပုံတင် ရေး အက်ဥပဒေဖြင့် အရေးယူဆောင် ရွက်နိုင်ရေးအတွက် မြို့နယ်လ၀က ဦးစီး ဌာနနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။

 

သီဟဘုန်းမိုရ်

Date: 
Tuesday, April 25, 2017