ဘယ်အရောင်အသွေးမဆို ဘယ်ဘာသာမဆို မေတ်္တာနဲ့အခြေခံပြီး ငြိမ်းချမ်းရေးဆန္ဒပြုတာကတော့ လွတ်လပ်သင့်တယ်ထင်တယ်

Tuesday, October 9, 2018 - 17:00

မည်သူမဆို၊ မည်သည့်အရောင် အသွေးမဆို၊မည်သည့်ဘာသာမဆိုမေတ်္တာ ဖြင့် အခြေခံပြီး ငြိမ်းချမ်းရေးဆန်္ဒပြုပါက လွတ်လပ်သင့်သည်ဟုထင်ကြောင်း ရွှေ ၀ါရောင်ဦးဆောင်ဆရာတော်တစ်ပါးဖြစ် သည့်ရွှေတွံတေးဆရာတော်ဦးဝါယမက မိန့်ကြားလိုက်သည်။

ငြိမ်းချမ်းရေးလမ်းလျှောက်မေတ္တာပို့ ရန် အစီအစဉ်ဖြင့် မြန်မာပြည်သို့ရောက် ရှိနေသည့်တရုတ်နိုင်ငံမှ မဟာယာနဘုန်း တော်ကြီးများဦးဆောင်သည့်အဖွဲ့အား သက်ဆိုင်ရာကခွင့်မပြုသဖြင့် ငြိမ်းချမ်းရေး ဘုရားဖူးခရီးစဉ်အဖြစ်ပြောင်းလဲဆောင် ရွက်နေရသည့်အပေါ်ဆရာတော်ကသုံး သပ်မိန့်ကြားလိုက်ခြင်းဖြစ်သည်။

“မဟာယာနဘုန်းတော်ကြီးတွေ ဦးဆောင်ပြီး အင်အား ၁၀၀ လောက်က ငြိမ်းချမ်းရေးလမ်းလျှောက်ပြီးတော့ မေတ်္တာတွေပို့ပြီး သူတို့ယုံကြည်တဲ့အတိုင်း ပျံ့နှံ့အောင်လုပ်ချင်တဲ့သဘောရှိတယ်။ သို့သော်လည်းပဲအခြေအနေအကြောင်း ကြောင်း မညီညွတ်တဲ့အတွက် အဲဒါကို ဆောင်ရွက်ခွင့်မရခဲ့ဘူး။ အဲဒီတော့ ရွှေ တိဂုံဘုရားတို့၊ခြောက်ထပ်ကြီးငါးထပ်ကြီး စတဲ့ ဘုရားတွေမှာ သွားပြီးတော့ မေတ္တာပို့ဆုတောင်းကြပါတယ်။ ငြိမ်းချမ်း ရေးဘုရားဖူးခရီးစဉ်ဖြစ်သွားတာပေါ့။ မဟာယာနရယ်၊ထေရ၀ါဒရယ်လို့မဟုတ် ဘူး၊ဘယ်သူမဆို၊ဘယ်အရောင်အသွေး မဆို၊ ဘယ်ဘာသာမဆိုမေတ္တာနဲ့ အခြေခံပြီးတော့ ငြိမ်းချမ်းရေးဆန္ဒပြုတာ ကတော့ လွတ်လပ်သင့်တယ်ထင်တယ်။ မြတ်စွာဘုရားရဲ့ မေတ္တာတရားဆိုတာ လည်း ဖြန့်ကြက်ပြီးတော့ လုပ်ရတဲ့ အလုပ်ဆိုတော့ အဲဒီမေတ္တာဖြန့်ကြက် ရတဲ့နေရာမှာ အကန့်အသတ်ထားခံရ တယ်ဆိုတာမှားနေတယ်လို့မြင်တယ်။ နိုင်ငံရေးကြောင့်၊လုံခြုံရေးကြောင့်ဆိုရင်  လည်းပဲ ဒါကိုတာဝန်မယူပေးနိုင်ဘူးလား။ လုံခြုံရေးအရတာဝန်ယူပေးတာ၊ နိုင်ငံရေး အရတာဝန်ခံပေးတာလုပ်လို့မရဘူးလား” ဟု ရွှေတွံတေးဆရာတော်ကမိန့်သည်။

မဟာယာနဘုန်းတော်ကြီးများအဖွဲ့ မှာ အိန်္ဒိယနိုင်ငံ၊ ဗုဒ္ဓဂယာဆရာတော်ကြီး ၏ အစီအစဉ်ဖြင့်ရောက်ရှိလာခြင်းဖြစ်ပြီး မြန်မာပြည်တွင်းဘုရားဖူးခရီးစဉ်များကို ရန်ကုန်ဗုဒ္ဓဂယာကျောင်းတာဝန်ခံဆရာ တော်ဒေါက်တာအရှင်သုန္ဒရနှင့် ရွှေတွံ တေးဆရာတော်တို့က ကူညီဆောင်ရွက် ပေးလျက်ရှိပြီးအောက်တိုဘာ၁၀ရက်တွင် ကမ္ဘာအေးစေတီတော်၌ မေတ္တာပို့ ဆု တောင်းခဲ့ကြကြောင်း သိရသည်။ ဇော်မြင့်