မူးယစ်ဆေးဝါး ဖမ်းဆီးရာတွင်ပါဝင်သော အုပ်ချုပ်ရေးမှူးကို လွတ်မြောက်သွားသူတစ်ဦးက အသက်အန္တရာယ်ခြိမ်းခြောက်

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ နန်းမားရဲစခန်းအပိုင်နယ်မြေတွင် မူးယစ် ဆေးဝါးများ ရောင်းချနေသူများကို ဖမ်း ဆီးရမိခဲ့သော်လည်း အဓိကတရားခံမှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ပြီးနောက် နန်းမားအုပ်ချုပ်ရေးမှူးကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

နိုဝင်ဘာ ၉ ရက် နံနက် ၇ နာရီ အချိန်တွင် မိုးညှင်းမြို့နယ် နန်းမားရဲစခန်း အပိုင် တောင်အင်းကျေးရွာအုပ်စု နန့်စွန်း တောင်တန်း လဆန်ရွာပျက် လဆန် တောင်ခြေနေရာတွင် နန်းမားကျေးရွာ ရန်အောင်ရပ်ကွက်နေ ထွန်းထွန်း(ခ) အောင်ဝင်းထွန်းနှင့်အဖွဲ့သည် မူးယစ် ဆေးဝါးများရောင်းချနေကြောင်း သတင်း အရ အမှတ်(၃၈၉)ခြေမြန် တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူကြီး ညီညီဦးနှင့် တပ်ဖွဲ့ဝင်များ၊ မိုးညှင်းခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးးကြီးသောင်းလင်းနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးအောင် သန်းမော်နှင့် တပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့ နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုင်းကျော်မျိုးနှင့် တပ်ဖွဲ့ဝင်များ၊ မိုးညှင်းမြို့ မူးယစ်အထူး အဖွဲ့ဝင်များ၊ နန်းမားအုပ်ချုပ်ရေးမှူး ခင်မောင်ဌေးနှင့် ပြည်သူ့စစ်များ ပါဝင် သောပူးပေါင်းအဖွဲ့တို့သည် အဆိုပါနေ ရာနှင့် အနီးတစ်ဝိုက်အား အဖွဲ့ပေါင်း သုံးနေရာခွဲ၍ ရှာဖွေဖမ်းဆီးခဲ့ရာ မူးယစ် ဆေးဝါးသုံးစွဲရန်နှင့်သုံးစွဲပြီး အနားယူနေ သော အမျိုးသား ၂၆ ဦးနှင့် ဆိုင်ကယ် ၁၀ စီးတို့ တွေ့ရှိခဲ့သဖြင့် ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအနက် အောင် မျိုးဝင်းဆိုသူဝတ်ဆင်ထားသော စပို့ရှပ် အင်္ကျီအိတ်ကပ်အတွင်းမှ အ၀ါရောင် အဖုံးပိတ်လျက် ပလတ်စတစ်ကော်ဘူး ငယ်အတွင်းမှ ဘိန်းဖြူဟုယူဆရသော ဖြူ/၀ါမှုန့် အလေးချိန် ၀.၁၃ ဂရမ်နှင့် မိုးအောင်၏လက်အတွင်း စက္ကူအပိုင်း အစဖြင့် ထုပ်ထားသည့် ဘိန်းဖြူဟုယူဆ ရသော ဖြူ/၀ါမှုန့် အလေးချိန် ၀.၀၁ ဂရမ်တို့အား ရှာဖွေတွေ့ရှိခဲ့သဖြင့် စစ်မေး ခဲ့ရာ ထွန်းထွန်း(ခ)အောင်ဝင်းထွန်းထံမှ ၀ယ်ယူခဲ့ကြောင်း အစစ်ခံခဲ့ကြသဖြင့် ထွန်းထွန်း(ခ)အောင်ဝင်းထွန်း၏ တဲသို့ သွားရောက်ရှာဖွေရာမင်းဇော်နှင့် အိုက် ဟြး(ခ)ရှမ်းကြီးတို့အား တွေ့ရှိရပြီး ထွန်း ထွန်း(ခ)အောင်ဝင်းထွန်းဆိုသူမှာ ထွက် ပြေးတိမ်းရှောင်သွားခဲ့သဖြင့် ထွက်ပြေး လွတ်မြောက်သွားသော အဓိကတရားခံ ထွန်းထွန်း(ခ)အောင်ဝင်းထွန်းအား အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ကြိုး စား ဆောင်ရွက်လျက်ရှိကြောင်း သိရပါ သည်။

ထွက်ပြေးလွတ်မြောက်သွားသည့် ထွန်းထွန်း(ခ)အောင်ဝင်းထွန်းအား ယခုအချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသည့် အပြင် ထွန်းထွန်း(ခ)အောင်ဝင်းထွန်းက နန်းမားအုပ်ချုပ်ရေးမှူးဦးခင်မောင်ဌေး ကို အသက်အန်္တရာယ် ခြိမ်းခြောက်ခဲ့ ကြောင်း သိရသည်။

““ကျွန်တော့်ဆီကို ထွန်းထွန်းက ဖုန်းဆက်ပြီးတော့ ခင်ဗျားတို့ မိသားစုကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ပါတယ်။ အဲဒီလို ခြိမ်းခြောက်လာတာကို ကျွန် တော်က သက်ဆိုင်ရာကိုအချိန်နဲ့ တစ် ပြေးညီ တင်ပြခဲ့ပါတယ်။ ပြီးတော့ ပြည် နယ် လွှတ်တော်ကိုယ်စားလှယ်ကိုလည်း အသိပေးအကြောင်းကြားခဲ့ပါတယ်””ဟု ဦးခင်မောင်ဌေးက ပြောသည်။

သစ္စာ(မိုးညှင်း)

Date: 
Tuesday, November 28, 2017