မကွေးတိုင်းဒေသကြီး၌ တစ်သောင်းတန်အတုများဖြင့် နွားဝယ်ယူ/ရောင်းချသူများအား မကွေး ဃှီု မှ စုံစမ်းဖော်ထုတ်

မကွေးတိုင်းဒေသကြီး၊ ပခုက်္ကူခရိုင်၊ မြိုင်မြို့နယ်တွင် တစ်သောင်းတန် ငွေ စက္ကူအတုများဖြင့် နွားဝယ်ယူ/ရောင်းချ မှုပြုလုပ်သူများကို မကွေး ဃှီု မှ စုံစမ်း ဖော်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ဗဟင်းနယ်မြေရဲစခန်းအပိုင်  ဆင်စိန် ကျေးရွာအုပ်စု၊ ကိုင်းရိုးကျေးရွာတွင် ငွေ စက်္ကူအတုများဖြင့် နွားများကို ၀ယ်ယူ သွားခဲ့ကြောင်းသတင်းအရ ဗဟင်းနယ် မြေရဲစခန်းမှူး ရဲအုပ်ဌေးကျော်နှင့်အဖွဲ့ သွားရောက်စစ်ဆေးခဲ့ရာ ကိုင်းရိုးကျေး ရွာနေ ဒေါ်မကြူထံသို့ မြိုင်မြို့နယ်၊ စိုင် ဂေါင်းကျေးရွာနေ ကိုမြင့်ဟန်၊ ကိုကျော် ၀င်းနှင့် ညောင်တွင်းအနောက်ကျေးရွာ နေ ကိုသန်းစိန်(ခ)ဖိုးပြားတို့ ရောက်ရှိလာ ပြီး နွားထီးနှစ်ကောင်ကို ငွေကျပ်သိန်း ၂၀ဖြင့် ၀ယ်ယူသွားခဲ့ကြောင်း၊ ၎င်းင်းတို့ပေး ချေခဲ့သော တစ်သောင်းတန် ငွေစက်္ကူ ၂၀၀ရွက်မှာ အတုများဖြစ်ကြောင်း သိရှိ ခဲ့သဖြင့် ၂၀၁၇၊ စက်တင်ဘာ ၂ရက်တွင် စခန်းမှူး ရဲအုပ်ဌေးကျော်က တရားခံ ကိုမြင့်ဟန်၊ ကိုကျော်ဝင်းနှင့် ကိုသန်းစိန် (ခ)ဖိုးပြားတို့ သုံးဦးအား တရားလိုပြုတိုင် ကြားခဲ့၍ ဗဟင်းနယ်မြေရဲစခန်းမှ (ပ) ၃၁/၂၀၁၇၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥပဒေပုဒ်မ ၁၀၅/၁၀၆ ဖြင့်အမှုဖွင့်၍ ကိုကျော်ဝင်းနှင့် ကိုသန်းစိန်(ခ)ဖိုးပြားတို့ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ပြီး ကိုမြင့်ဟန် မှာ ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်နှင့်ပက်သက်၍ မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်၏ တာဝန်ပေးချက် အရ မှုခင်းရဲတပ်ဖွဲ့ မကွေး ဃှီု မှ ယင်း အမှုအား စက်တင်ဘာ ၅ရက်တွင် လွှဲ ပြောင်းလက်ခံရယူခဲ့ပြီး မှုခင်းတပ်ဖွဲ့စုမှူး ဒုရဲမှူးချစ်မောင်၏ အနီးကပ်ကြီးကြပ်မှု ဖြင့် ရဲအုပ်သန်းဇော် ဦးစီးသောအမှုစစ် အဖွဲ့ကို ဖွဲ့စည်း၍ ထွက်ပြေးတိမ်းရှောင် နေသော ကိုမြင့်ဟန်အား ဖမ်းဆီးရမိရေး အရှိန်မြှင့်ဆောင်ရွက်ခဲ့ရာ ကိုမြင့်ဟန်ကို စက်တင်ဘာ ၈ရက်တွင် ပဲခူးတိုင်းဒေသ ကြီး၊ပြည်ခရိုင်၊ပေါက်ခေါင်းမြို့နယ်အတွင်း မှ ဖမ်းဆီးရမိခဲ့ကြောင်း၊  ကိုမြင့်ဟန်၏ ထွက်ဆိုချက်အရ အိန်္ဒိယနိုင်ငံ၊ မိုးရေးမြို့ သို့ ငွေစက်္ကူအတုများ သွားရောက်ယူ ခြင်း၊ ပြည်တွင်းသို့တင်သွင်းခြင်းများ ပြု လုပ်ရာတွင် အတူပါဝင်ခဲ့သော ကိုဌေး အောင်အား မြိုင်မြို့နယ်၊ ကျွဲကုတ်ကျေး ရွာရှိ ၎င်းင်း၏နေအိမ်တွင် စက်တင်ဘာ ၁၀ ရက်တွင်လည်းကောင်း၊အလားတူ ကိုမြင့် ဟန်နှင့် ကိုဌေးအောင်တို့နှစ်ဦးအားငွေတု များဝယ်ယူရရှိရေးအတွက်တစ်ဖက်နိုင်ငံ၊ မိုးရေးမြို့အထိ အကျိုးအမြတ်ရယူကာ လိုက်ပါဆောင်ရွက်ပေးခဲ့သောကိုမြစိုး(ခ) ဇော်နိုင်အား တမူးမြို့တွင် စက်တင်ဘာ  ၁၄ရက်ကဖမ်းဆီးရမိခဲ့ကြောင်းသိရသည်။

ကိုမြစိုး(ခ)ဇော်နိုင်၊ ကိုမြင့်ဟန်နှင့် ကိုဌေးအောင်တို့သုံးဦး မိုးရေးမြို့မှ မြန်မာ နိုင်ငံအတွင်းသို့ တင်သွင်းလာသော တစ် သောင်းတန်ငွေစက်္ကူအတု  ကျပ်သိန်း ၁၄၀၊ ရွက်ရေ ၁၄၀၀အနက် လက်ရှိ အချိန်ထိ ၁၂၂၁ရွက်ကို ပြန်လည်သိမ်း ဆည်းနိုင်ခဲ့ကြောင်း၊ အမှုတွင် နယ်မြေခံ ရဲတပ်ဖွဲ့မှ ဖမ်းဆီးထားသော တရားခံ နှစ်ဦး၊ မှုခင်းရဲတပ်ဖွဲ့မှဖမ်းဆီးခဲ့သည့် ကွင်းဆက်တရားခံသုံးဦး၊ စုစုပေါင်းအမှု ဖြင့် ဖမ်းဆီးထားသော တရားခံငါးဦး ရှိ သော်လည်း ငွေစက်္ကူအတုများကို  မိုးရေး မြို့မှ မြန်မာငွေစက်္ကူအစစ်ဖြင့် လဲလှယ် ၀ယ်ယူ၍ ပြည်တွင်းသို့ သယ်ဆောင်ကာ နွားများဝယ်ယူခြင်း၊ အကြွေးဆပ်ခြင်း၊ နွားများဝယ်ယူရန် ကြိုတင်ငွေပေးခြင်းတို့ ကို ငွေစက်္ကူအတုမှန်းသိလျက် ကျူးလွန် သုံးစွဲခဲ့သူများမှာ ကိုမြစိုး(ခ) ဇော်နိုင်၊ ကိုမြင့်ဟန်နှင့် ကိုဌေးအောင်တို့ သုံးဦး သာဖြစ်ကြောင်းနှင့် မူလအမှုစစ်မှ ဖမ်းဆီး ထားသော  တရားခံ  ကိုကျော်ဝင်းနှင့် ကိုသန်းစိန်(ခ) ဖိုးပြားတို့ နှစ်ဦးအနေဖြင့် ငွေအတုများဖြင့် နွားဝယ်ယူသည်ကိုမသိ ဘဲ နွားမောင်းခ၊ ကားတင်ခရရှိ၍ လိုက် ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် ပြစ်မှုဖြင့် ငြိစွန်းရန် အားနည်းကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့၍ မှုခင်းရဲတပ်ဖွဲ့ အမှုစစ် အဖွဲ့မှ  ရဲလုပ်ငန်းများ ပြည့်စုံအောင် ဆောင်ရွက်ပြီး သက်ဆိုင်ရာဥပဒေရုံးတွင် ဥပဒေအကြံပြုချက်တောင်းခံ၍ ဥပဒေ အကြံပြုချက်များနှင့်အညီ အမှုအားခိုင် မာစွာတည်ဆောက်၍  သက်ဆိုင်ရာ တရားရုံးတွင်  စက်တင်ဘာ  ၂၉ရက်၌ တရားစွဲတင်ပို့ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။               သီဟဘုန်းမိုရ်

Date: 
Tuesday, September 19, 2017