မကွေးကျောင်းဆရာတော်အား ငြိမ်းစုစီပုဒ်မဖြင့် ထောင်ဒဏ်တစ်လချမှတ်ပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မအတွက် ဆက်လက်စစ်ဆေး

Friday, November 24, 2017 - 06:45

၂၀၁၆ ခုနှစ်တွင် အမေရိကန်သံရုံး ရှေ့၌ ဆန္ဒပြခဲ့သည့် မကွေးကျောင်း ဆရာတော်ဦးပါမောက္ခအား နိုဝင်ဘာ ၂၁ ရက်တွင် ငြိမ်းစုစီပုဒ်မ ၁၉ အတွက် ထောင်ဒဏ်တစ်လချမှတ်လိုက်ပြီး ပုဒ်မ ၅၀၅ (ခ)အတွက် ဆက်လက်စစ်ဆေးသွား မည်ဖြစ်ကြောင်း သိရသည်။

ဆရာတော်အား နိုင်ငံတော်အကြည် ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ဆန္ဒပြ ပြီးတစ်နှစ်ကြာမှစွဲဆိုခြင်းမှာ ဥပဒေနှင့် မညီကြောင်း နိုဝင်ဘာ ၂၀ ရက်တွင် စီးတီးစတားဟိုတယ်၌ မကွေးကျောင်း ဆရာတော်အမှုကူညီဆောင်ရွက်သူများ အဖွဲ့ကသတင်းစာရှင်းလင်းပွဲပြုလုပ်ပြော ဆိုခဲ့သည်။

“၂၀၁၆ ခုနှစ် ၄ လပိုင်းကဆန်္ဒပြခဲ့ တာကို ၂၁ ရက် ၄ လပိုင်း ၂၀၁၇ ကျမှ ဆင့်ခေါ်စာလာတာဆိုတော့ တစ်နှစ်တိ တိကွာခြားနေပါတယ်။ အဲဒီအနေအထား မှာ ဆရာတော်အပါအ၀င်ခုနစ်ဦးကို ငြိမ်း စုစီပုဒ်မ ၁၉ နဲ့ စစ်ဆေးနေပြီး ရုံးရှေ့မှာ ရောက်တဲ့အခါတိုင်း ၅၀၅ (ခ) နဲ့ တရား စွဲဆိုထားချက်ရှိကြောင်း ဆရာတော်နဲ့ စွပ်စွဲခံရသူတွေကိုပြောဆိုခဲ့ခြင်းမရှိပါဘူး။ အရေးကြုံလာတဲ့အခါကျမှ သမ်္မာန်စာ ထုတ်ပြီးဆင့်ခေါ်ခြင်းဖြစ်ပါတယ်။ ငြိမ်းစု စီနဲ့ စွဲဆိုတဲ့အနေအထားမှာလည်း သံဃာ့ အဖွဲ့အစည်းများရဲ့ ခွင့်ပြုချက်မပါလို့ လုပ် ထုံးလုပ်နည်းမညီပါဘူး။ ယခုလည်းပဲ တစ်နှစ်ကြာမှ ဆင့်ခေါ်ခြင်းကြောင့် ဥပဒေနဲ့ မညီဘူးလို့ ဆရာတော်ကယူဆ လို့တရားရုံးကို မသွားဘဲ တရားသူကြီးက ဖမ်းမိန့်ပေးရင်အချိန်မရွေးလာဖမ်းနိုင် ကြောင်း ကမာရွတ်ရဲစခန်းကိုဆရာတော် ကိုယ်တိုင်သွားပြောခဲ့ပါတယ်”ဟု ဆရာ တော်အမှုကူညီဆောင်ရွက်သူများအဖွဲ့ မှ ဦးအောင်မြိုင်ကဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၃၅၄ အရ မိမိ၏ ယုံကြည်ချက်ထင်မြင် ယူဆချက်များကို လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်၊ ငြိမ်းချမ်းစွာစုဝေးခွင့်စီတန်း လှည့်လည်ခွင့်ရှိကြောင်း၊ ဆရာတော်၏ ဟောပြောချက်သည်နိုင်ငံသားတစ်ဦး၏ တာဝန်ကိုထမ်းဆောင်ခြင်းသာဖြစ်ကြောင်း၊ ၀ိနည်းအရသံဃာ့ဝိနိစ်္စယရုံး၌သာစွဲဆို စစ်ဆေးသင့်ကြောင်း ကူညီဆောင်ရွက် သူများအဖွဲ့ကဆိုသည်။

မကွေးကျောင်းဆရာတော်သည် အမေရိကန်သံအမတ်၏ရိုဟင်ဂျာလူမှု အသိုက်အ၀န်းဟုသုံးစွဲပြောဆိုခဲ့မှုအားဆန္ဒ ပြခဲ့ခြင်းဖြစ်ကြောင်းသိရသည်။   ဇော်မြင့်