ယုံကြည်ရာကို မြဲမြံစွာဆုပ်ကိုင်ခဲ့သူ အရေးတော်ပုံတပ်သား ကိုသက်ဝင်းအောင်ကျဆုံးခြင်း ၁၁နှစ်ပြည့်အခမ်းအနားပြုလုပ်

Tuesday, October 17, 2017 - 18:00

တပ်မတော်အစိုးရလက်ထက်က ပုဒ်မရှစ်ခုဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် ၅၇နှစ် ကျခံခဲ့ရစဉ် မန္တလေးအိုးဘိုထောင် ၌ ကျဆုံးခဲ့ရသည့် ၈၈မျိုးဆက် အကသ ကျောင်းသားခေါင်းဆောင် ကိုသက်ဝင်း အောင်၏ ကွယ်လွန်ခြင်း ၁၁နှစ်ပြည့် အမှတ်တရအခမ်းအနားကို တာမွေလေး ရပ်ကွက် ကောဝိဒါရာမကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားကို ကိုသက်ဝင်း အောင်၏ မိသားစုက ပြုလုပ်ခြင်းဖြစ်ပြီး ကိုသက်ဝင်းအောင်၏လုပ်ဖော်ကိုင်ဖက် နိုင်ငံရေးအကျဉ်းသားဟောင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

ကိုသက်ဝင်းအောင်သည်ယုံကြည် ချက်ပြင်းထန်လွန်းသူဖြစ်ပြီး  အကျဉ်း ထောင်များစွာသို့ပြောင်းရွှေ့ခံခဲ့ရသူဖြစ် ကြောင်း၊ အင်းစိန်၊ ကလေး၊ မန္တလေး၊ ခန်္တီးထောင်များတွင်နေခဲ့ရပြီး ခန်္တီးထောင် ၌ နိုင်ငံရေးတောင်းဆိုမှုများဖြင့် အစာ ငတ်ခံဆန်္ဒပြခဲ့သဖြင့် မန္တလေးထောင်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့ပြီး ထောင်တွင်းနှိပ် စက်မှုများနှင့်ငှက်ဖျားရောဂါကြောင့်ကွယ် လွန်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းင်း၏သူငယ်ချင်း အကသ ကျောင်းသားဟောင်းများက ပြောသည်။

““ကိုသက်ဝင်းအောင်ဟာမိမိအသက် ခန္ဓာကို မငဲ့ဘဲနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေးရရှိအောင် စွမ်းစွမ်းတမံ အသက် ပေးဆောင်ရွက်ခဲ့တဲ့အတွက် အလွန်စံနမူ နာထားအပ်တဲ့ ပုဂ်္ဂိုလ်တစ်ယောက်ဖြစ်ပါ တယ်။ အဲဒီခေတ်၊ အဲဒီကာလမှာ နိုင်ငံ ရေးလုပ်တယ်ဆိုလို့ရှိရင် ဆိုးရွားတဲ့ရလဒ် တွေရမယ်ဆိုတာလည်းသူကောင်းကောင်း သိထားတယ်။ သိထားတဲ့ကြားထဲကမှ၊ ကျဉ်းထဲကျပ်ထဲကမှ ရရှိလာနိုင်တဲ့ ဆိုး ကျိုးတွေကို ဂရုမစိုက်ဘဲနဲ့ သူယုံကြည်ရာ ကို မြဲမြံစွာဆုပ်ကိုင်ခဲ့တဲ့ အရေးတော်ပုံ တပ်သားကောင်းတစ်ယောက်ဖြစ်တယ် ဆိုတာကိုတော့ ရဲရဲကြီးပြောနိုင်ပါတယ်”” ဟု အခမ်းအနားသို့ တက်ရောက်လာ သည့် နိုင်ငံရေးအကျဉ်းသားဟောင်း ရန် ကုန်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ် ဦးရန်အောင်က ပြောသည်။

ကိုသက်ဝင်းအောင်သည်၈၈မျိုးဆက် ကျောင်းသားတစ်ဦးဖြစ်ပြီး ၁၉၉၈ ခုနှစ် တွင် ထောင်ဒဏ် ၅၇နှစ် ချမှတ်ခံရကာ ၂၀၀၆ ခုနှစ်တွင် မန်္တလေးအိုးဘိုထောင် ၌ ကျဆုံးခဲ့ရသူဖြစ်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးပြုံးချို၏ညီဖြစ်ကြောင်း သိရသည်။                 

   ဇော်မြင့်