လူ ၃၀ဦးသေဆုံးခဲ့သည့် ငွေကြယ်ပွင့်စက်လှေနစ်မြုပ်မှုကို ပုသိမ်မြို့နယ်တရားရုံးက အချိန်ကိုးလကြာစစ်ဆေးမည်

Author: 
မျိုးမင်းထွန်း(မြစ်မခ)

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ အနီး င၀န်မြစ်အတွင်း ဧပြီလ ၇ ရက် ညပိုင်းကနဒီရွှေစင်ကျောက်တင်သင်္ဘော နှင့် တိုက်မိပြီး နစ်မြုပ်ခဲ့ကာ လိုက်ပါလာ သူ လူ ၃၀ဦး သေဆုံးခဲ့သည့်ငွေကြယ်ပွင့် စက်လှေနစ်မြုပ်မှုကို အချိန်ကိုးလကြာ စစ်ဆေးကာအမိန့်ချသွားမည်ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားရုံးမှ သိရသည်။

စက်လှေကို နစ်မြုပ်အောင် မောင်း နှင်သည်ဟုဆိုကာ ဖမ်းဆီးခံထားရသည့် နဒီရွှေစင်ကျောက်တင် သင်္ဘောမောင်း သူ ဦးအောင်နှင့် ငွေကြယ်ပွင့် စက်လှေ မောင်းသူ ဦးသီဟအောင်တို့ကို မေလ ၈ ရက်က ပထမဆုံးရုံးချိန်းထုတ်စစ်ဆေး ချိန်တွင်ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်း အောင်က သက်သေ ၄၂ ဦးအထိ စစ် ဆေးရမည့် အမှုဖြစ်သည့်အတွက် ထိုကဲ့ သို့ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း တရားခွင် တွင် ပြောခဲ့ခြင်းဖြစ်သည်။

““စစ်ဆေးရမယ့် သက်သေတွေက လည်းများတယ်။ နောက်တစ်ချိန်ကျရင် လည်း ရုံးပဲထုတ်မှာပါ။ မစစ်ဆေးဘူး။ နောက်ထပ်ရုံးချိန်းမှာတော့ တစ်ယောက် စစစ်မယ်”” ဟု ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ပြောသည်။

ပထမဆုံးရုံးချိန်းတွင်  ၎င်းင်းတို့၏ နောက်ထပ်ရုံးချိန်းများကို တစ်ပတ် (သို့) နှစ်ပတ်လျှင် တစ်ကြိမ်စီ ကိုးလကြာ အတွက် တစ်ပါတည်း သတ်မှတ်ခဲ့ပြီး ၎င်းင်းတို့ နှစ်ဦးအား အမိန့်ချမည့် ခန့်မှန်း ရက်မှာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်ဖြစ်ကြောင်း ၎င်းင်းက ဆက်လက် ပြောဆိုခဲ့ပြီး ဒုတိယအကြိမ်ရုံးချိန်းကို မေ လ ၂၂ ရက်အဖြစ် သတ်မှတ်ခဲ့သည်။

စက်လှေတိုက်မှုနှင့်ပတ်သက်၍ နဒီ ရွှေစင်ကျောက်တင် သင်္ဘောမောင်းသူ ဦးအောင်နှင့်ငွေကြယ်ပွင့်စက်လှေမောင်း သူ ဦးသီဟအောင်တို့ကို ပုသိမ်နယ်မြေရဲ စခန်း၌ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၄-က၊ ၃၃၇၊ ၃၃၈၊ ၂၈၀ တို့ဖြင့် အမှု ဖွင့် ဖမ်းဆီးထိန်းသိမ်းထားခြင်းဖြစ်ကာ ပထမရုံးချိန်းအပြီးတွင်  ပုသိမ်အကျဉ်း ထောင်အတွင်း ပြောင်းလဲချုပ်နှောင်မည် ဖြစ်ကြောင်း ပုသိမ်မြို့နယ်တရားရုံးမှ သိ ရသည်။

ဧပြီလ ၇ရက်၊ ည၇နာရီတွင် ပုသိမ် မြို့၊ ဥမ်္မာဒန်္တီဘောတံတားအနီး င၀န်မြစ် အတွင်း မင်္ဂလာဆောင်တစ်ခုမှပြန်လာ သည့် ခရီးသည်များ တင်ဆောင်လာ သော ငွေကြယ်ပွင့်စက်လှေနှင့် နဒီရွှေစင် ကျောက်တင်သင်္ဘောတို့ တိုက်မိခဲ့သဖြင့် စက်လှေမောင်းတစ်ဦး အပါဝင် လူ ၃၀ဦး သေဆုံးခဲ့ပြီး ၃၀ဦး အသက်ရှင် လွတ် မြောက်ခဲ့ကြောင်း ပုသိမ်နယ်မြေရဲစခန်း ထုတ်ပြန်ချက်အရ သိရသည်။

မျိုးမင်းထွန်း(မြစ်မခ)

Date: 
Tuesday, May 9, 2017