သက်ငယ်မုဒိမ်းမှုများ လွတ်ငြိမ်းချမ်းသာခွင့်မရှိ နှစ်ရှည်ထောင်ဒဏ်ချမှတ်ရန်လိုဟုဆို

လိင်အကြမ်းဖက်မှု၊ သက်ငယ်မုဒိမ်း မှုများ လျော့နည်းပပျောက်စေရန် ရည် ရွယ်၍ လိင်အကြမ်းဖက်မှုပပျောက်ရေး ကြီးလေးပြစ်ဒဏ်ချမှတ်ပေးဆန္ဒပြုခြင်း နှင့် မျှဝေဆွေးနွေးပွဲအား မတ်လ ၁၈ ရက်တွင် ကန်တော်ကြီးမျှော်စင်ကျွန်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သက်ငယ်မုဒိမ်းမှုများအား နှစ်ရှည် ထောင်ဒဏ်ချမှတ်ရန်နှင့် လွတ်ငြိမ်းချမ်း သာခွင့်မရှိ ကြာရှည်စွာ ပြစ်ဒဏ်ကျခံရန် လိုအပ်ကြောင်း၊ ပြစ်ဒဏ်မှာ ခိုင်မာမှုမရှိ သေးသည့်အတွက် ၎င်းတို့မှာ ပြစ်ဒဏ် အား ကြောက်ရွံ့ခြင်းမရှိကြောင်း၊ ၎င်းင်း တို့၏ တစ်ခဏတာ အမှားကြောင့် နှစ် ရှည်ထောင်ဒဏ်ကျခံရပြီး ထောင်တွင်း၌ သာ အသက်ပေးသွားရသည်အထိ နေ သွားရမည်ဆိုပါက ၎င်းင်းတို့အနေဖြင့် အကြောက်တရားရသွားမည်ဟု ထင်မြင် မိကြောင်း၊ သို့မှသာ သက်ငယ်မုဒိမ်းမှုများ လျော့နည်းပပျောက်သွားမည်ဟု ထင် မြင်ကြောင်း သရုပ်ဆောင်စမိုင်းလ်က ပြောသည်။

““အခုဆိုရင် သက်ငယ်မုဒိမ်းမှုနဲ့ ပတ်သက်လို့ ကိုယ့်အနီးနားမှာရှိတဲ့ လူ တိုင်းက ဆန့်ကျင်နေကြတယ်။ ဒီဟာကို လူတိုင်းက မုန်းနေကြတယ်။ ရွံရှာနေကြ တဲ့အခါကျတော့ အဲဒါမျိုးတွေကို အသိ ပညာပေးတွေ လုပ်တယ်။ ပြည်သူလူထု ကလည်း အခုဆိုရင် တော်တော်များများ ပူးပေါင်းပါဝင်လာကြတယ်။ မိဘတွေက လည်း ကလေးတွေကို စောင့်ရှောက်ပါ။ ဖြစ်သွားခဲ့ရင်လည်း ကလေးတွေကို မုဒိမ်းကျင့်ခံရတဲ့ ကလေးဆိုပြီးတော့ ကလေးရဲ့ခေါင်းထဲကို ဒီဟာရိုက်မသွင်း ဘဲနဲ့ သူများကလေးတွေနဲ့ တန်းတူဆက် ဆံပြီးတော့ သူ့ဘ၀လေးမြှင့်တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်””ဟု ၎င်းက ဆက် လက်ပြောကြားခဲ့သည်။

““သက်ငယ်မုဒိမ်းဆိုတာ တော်တော် ကို လက်ခံလို့မရတဲ့အမှုတွေပါ။ အဲတော့ ထိရောက်တဲ့ အပြစ်ပေးမှပဲ အဆင်ပြေ မယ်လို့ထင်တယ်။ အခု ကျွန်တော်တို့ လှုပ်ရှားမှုလေးကနေပြီးတော့ ထိထိ ရောက်ရောက် ဖြစ်လာမယ်လို့ ထင်ပါ တယ်။ ဖြစ်လည်း ဖြစ်စေချင်တယ်။ တကယ်တာဝန်ရှိလူတွေအနေနဲ့ ဒါကို Action ယူစေချင်ပါတယ်””ဟု သရုပ် ဆောင်အောင်မြင့်မြတ်က ပြောသည်။

သက်ငယ်မုဒိမ်းမှုကျူးလွန်းသူများ အား ထိရောက်စွာပြစ်ဒဏ်ပေးသင့်သလို မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ဆင်းရဲပြည်သူများ၏ ကလေးငယ်များ မှာ အဆိုပါဒုက်္ခအား ခံစားနေရကြောင်း၊ မည်သည့်အတွက်ကြောင့် ဖြစ်သည်ဆို သည့်အကြောင်းအရာများကို ဥပဒေ ပညာရှင်များ နားလည်မည်ဖြစ်ကြောင်း၊ ပြည်သူအနေဖြင့်လည်း သက်ငယ်မုဒိမ်း မှုများအား နောင်ကြဉ်သွားစေရန်အတွက် ပြစ်ဒဏ်ကြီးကြီး ချမှတ်ပေးရန် တောင်း ဆိုနေကြခြင်းဖြစ်ကြောင်း အဆိုတော် ရန်ရန်ချန်းက ဆက်လက်ပြောကြားခဲ့ သည်။

ကျော်ကိုကို

 

Date: 
Tuesday, March 20, 2018