ကောလာဟလသတင်းများ ထိန်းချုပ်ကြရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တိုက်တွန်း

Tuesday, January 23, 2018 - 18:30
ရခိုင်ပြည်နယ် စစ်တွေမြို့ ပြည် နယ်အစိုးရရုံး အစည်းဝေးခန်းမ၌ ပြုလုပ် သည့် ပြည်နယ်အစိုးရအဖွဲ့နှင့်မြို့ခံလူမှု အဖွဲ့အစည်းများ၊သတင်းမီဒီယာများတွေ့ ဆုံပွဲအပြီးတွင် မြောက်ဦးဖြစ်စဉ်နှင့် ပတ် သက်၍ကောလာဟလ သတင်းများထိန်း ချုပ်ကြရန်ပြည်နယ်အစိုးရအဖွဲ့တိုက်တွန်း ပြောဆိုလိုက်ကြောင်း သိရှိရသည်။
ဇန်န၀ါရီ ၁၆ ရက်တွင် ဖြစ်ပွားခဲ့ သော မြောက်ဦးဖြစ်စဉ်နှင့် ပတ်သက်၍ ကောလာဟလသတင်းများကို ထိန်းဖို့လို ကြောင်းနှင့် ရခိုင်-မြန်မာ မုန်းတီးရေး မလုပ်ဆောင်ကြရန် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့မှအတွင်းရေးမှူး ဦးတင်မောင်ဆွေ က သတင်းမီဒီယာများ မေးမြန်းစဉ် ပြောဆိုခဲ့သည်။ 
““ရခိုင်နဲ့ မြန်မာမုန်းတီးရေး၊ ဒီဥစ်္စာ တွေ ပြောလာတာတွေနဲ့ ပတ်သက်ပြီး ကျွန်တော် တင်ပြချင်တယ်။ မုန်းတီးရေး တွေ မလုပ်ဖို့အတွက် ရပ်မိရပ်ဖတွေရော၊ မီဒီယာတွေ အပါအ၀င် အကုန်လုံးက သတင်းမှန်တွေကို တင်ပြပါ။ တချို့က တစ်ဖက်စောင်းနင်းနဲ့ ကျွန်တော်တို့ကိုပဲ ပြန်ပေးဆွဲမလိုလို၊ ကျွန်တော်တို့ကိုပဲ လုပ်ကြံမလိုလို၊ ဒီမြို့ကိုပဲ ဖောက်ခွဲဖျက် ဆီး မလိုလိုနဲ့ ဒီလို ကောလာဟလတွေ ကြောင့် ပြည်သူလူထုဟာ ထိတ်လန့်ပါ တယ်။ ဒီလိုမျိုးသတင်းတွေ ထွက်လာ တာနဲ့အမျှ ကျွန်တော်တို့တွေက ဒီ အတိုင်းနေလို့ မရတော့ဘူး။ လုံခြုံရေးကို တိုးမြှင့်ဆောင်ရွက်ရပါတယ်။ လုံခြုံရေး တိုးမြင့်ဆောင်ရွက်ရတော့ ပြည်သူလူထု အနေနဲ့ သွားရလာရ ခက်ခဲတာလည်း ရှိပါတယ်။ အကုန်လုံးက ကောလာဟလ တွေကို ထိန်းဖို့လိုတယ်””ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ အတွင်းရေးမှူးဦးတင်မောင် ဆွေက ပြောသည်။ 
ပြည်နယ်အစိုးရအဖွဲ့နှင့် မြို့ခံ လူမှု အဖွဲ့အစည်းများ၊ သတင်းမီဒီယာများ တွေ့ဆုံပွဲတက်ရောက်လာသူများက  ရသေ့တောင်မြို့နယ်မှ စာပေဟောပြော ပွဲနှင့် မြောက်ဦးတွင်ပွဲများ စီစဉ်ကျင်းပ သူများကို နိုင်ငံတော် ပုန်ကန်မှုဖြင့် ပုဒ်မတပ်ဖမ်းဆီးရန် စီစဉ်ခြင်းများအပေါ် ကန့်ကွက်ခဲ့ကြကြောင်း သိရသည်။ 
ပန်လှအောင်(မြစ်မခ)