ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ကာ သတင်းထောက်ကတ်ထုတ်ပြပြီး ခြိမ်းခြောက် ငွေတောင်းခဲ့သူများကို တိုင်ကြား

အောင်လံမြို့နယ်၌ပြည်သူ့ဝန်ထမ်း အယောင်ဆောင်ပြီးသတင်းထောက်ကတ် ပြကာ ခြိမ်းခြောက်ငွေတောင်းခဲ့သည့် အဖွဲ့ကို ငွေပေးသူက စက်တင်ဘာ ၆ ရက်တွင် တိုင်ကြားအမှုဖွင့်ခဲ့ကြောင်း အောင်လံမြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ အောင်လံမြို့၊ မကျီးကုန်း ရပ်ကွက်နေဦးသိန်းဇော် ၅၆နှစ်သည် မီးသွေးအရောင်းအ၀ယ်ပြုလုပ်ရာတွင် သက်ဆိုင်ရာ၏ ခွင့်ပြုမျှောစာဖြင့်လည်း ကောင်း၊ အချိန်မမီပါကမျှောစာ အဟောင်းဖြင့်လည်းကောင်း၊ သယ်ယူပို့ ဆောင်ခဲ့ကြောင်း၊ ထိုသို့ မီးသွေး အရောင်းအ၀ယ်လုပ်ကိုင်နေစဉ်  အောင်လံမြို့၊ စက်ရုံရပ်ကွက်နေ၊ မြင့် အောင်၅၀နှစ်၊ ၀င်းမောင်(ခ)မင်းသား ကြီး ၅၀နှစ်၊ ရွာထောင်ရပ်ကွက်နေ မင်းကို ၅၂နှစ်၊ စမ်းချောင်းရပ်ကွက်နေ ဟန်အေး ၅၈နှစ်နှင့် အောင်လံမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနေသိန်းဇော် ၄၀နှစ်တို့ ငါးဦးသည် ဦးသိန်းဇော်ထံသို့ တစ်လလျှင် ၁၅ ရက် တစ်ခါရောက် လာပြီး ပြည်သူ့ဝန်ထမ်းများဖြစ်ကြောင်း၊ မှုခင်းသတင်းထောက်၊ မှုခင်းတပ်ဖွဲ့၊ သတင်းရဲတပ်ဖွဲ့၊ (စရဖ)အဖွဲ့၊ (စစစ) အဖွဲ့တို့မှဖြစ်ကြောင်း သတင်းထောက် ကတ်ပြားထုတ်ပြပြီး မီးသွေးအရောင်း အ၀ယ်လုပ်ကိုင်ခြင်းသည် အပက-၃ အရနှင့် ဥပဒေများအရ ထောင် ၁၀ နှစ် ကျခံနိုင်ကြောင်း၊ ၎င်းတို့အဖွဲ့ကအရေး ယူလျှင် ဒုက်္ခရောက်သွားနိုင်ကြောင်း၊ လစဉ်ဆက်ကြေးပေးလျှင် အရေးယူ သတင်းပို့တိုင်တန်းခြင်းမပြုလုပ်ကြောင်း နှင့် နှစ်ဖက်အဆင်ပြေရန် လစဉ်ဆက် ကြေးပေးရန် ခြောက်လှန့်ပြောဆိုခဲ့သော ကြောင့် ဦးသိန်းဇော်က ၎င်းတို့ငါးဦးအား တစ်လလျှင် တစ်ကြိမ် ၅၀၀၀၀ကျပ်စီ အား လုပ်ငန်းမိတ်ဆွေများဖြစ်သည့် ဦးသန်းဝင်းစိန်၊ ဦးအောင်ငွေနှင့် အလုပ် သမားများရှေ့တွင် နားမလည်ကြောက် လန့်သဖြင့် ပေးဆောင်ခဲ့ရကြောင်း၊ ယင်း နောက်  သြဂုတ် ၃၀ ရက် နေ့လယ် ၁၂နာရီအချိန် ခန့်တွင် ဦးသိန်းဇော်သည် စက်ရုံရပ်ကွက်၊ ပြည်လမ်းရှိ “Aurora” လက်ဖက်ရည်ဆိုင်၌ ဦးသန်းဝင်းစိန်၊ ဦးအောင်ငွေ၊ အလုပ်သမားတချို့နှင့် အတူ လက်ဖက်ရည်သောက်နေစဉ် မြင့်အောင်၊ ၀င်းမောင်(ခ)မင်းသားကြီး၊ မင်းကိုနှင့် ဟန်အေးတို့လေးဦးတို့ရောက် ရှိလာပြီး ဦးသိန်းဇော်ထံမှ ငွေ ၁၂၀၀၀၀ ကျပ် အမြန်လုပ်ပေး၊ အဆင်ပြေအောင် လုပ်မပေးလျှင် ချက်ချင်းထောင် ၁၀ နှစ် ကျသည့်ဥပဒေနှင့် တိုင်တန်းမယ်ဟုခြိမ်း ခြောက်ပြောဆိုသဖြင့် ငွေ၁၂၀၀၀၀ ကျပ်အား သက်သေများရှေ့တွင် ထုတ် ပေးခဲ့ပြီး မိတ်ဆွေဖြစ်သူဦးထွန်းအောင် ကြည်အား ငွေပေးခဲ့သည့်ကိစ္စနှင့် ပတ် သက်ပြီး မေးမြန်းကြည့်ရာ ၎င်းတို့ငါးဦး မှာ တာဝန်ရှိပြည်သူ့ဝန်ထမ်းများမဟုတ် ကြောင်း၊ အရပ်ဘက်မှုခင်းသတင်း မီဒီယာအဖွဲ့ဝင်များသာဖြစ်ကြောင်းနှင့် ဆောင်ရွက်ပိုင်ခွင့်မရှိကြောင်း ပြောပြသိ ရှိခဲ့ခြင်းဖြစ်ကြောင်း တရားလို၏တိုင် ကြားချက်အရ သိရသည်။ 
ဖြစ်စဉ်နှင့်ပတ်သက်၍  မြင့်အောင် ပါ ငါးဦးအား အရေးယူပေးပါရန် စက်တင်ဘာ ၆ ရက်တွင် ဦးသိန်းဇော်က တရားလိုပြုတိုင်ကြားခဲ့၍ အောင်လံမြို့ နယ်၊ မြို့မရဲစခန်းက (ပ) ၈၉၁/၂၀၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၈၉/၁၇၀/၁၁၄ ဖြင့်အမှုဖွင့်ထားသည်။ အောင်လံမြို့ မရဲစခန်းမှတာဝန်ရှိသူတစ်ဦးက“၀င်းမောင် (ခေါ်)မင်းသားကြီးနှင့် ဟန်အေးတို့အား ဖမ်းပြီးပါပြီ။ ကျန်သူများအတွက်ဆက် လက်လုပ်ဆောင်နေပါတယ်”ဟုပြောသည်။
သီဟဘုန်းမိုရ်
Date: 
Tuesday, September 11, 2018