မြန်မာ့ပညာရေးကို ဒီလိုပဲအကြံပြုလိုပါတယ်

Author: 
Admin
Date: 
Thursday, July 28, 2016

ဤသို့လုပ်ငန်းသဘာဝအခြေခံမတူညီသော အခြေခံပညာရေးမှ ဆရာ၊ ဆရာမများ၏ ဘ၀ကို ပါမောက်္ခချုပ်တစ်ဖြစ်လဲ ညွှန်ချုပ်များက စီမံခန့်ခွဲ သည့်အခါ မရည်ရွယ်သော စေတနာအမှားများရှိ နိုင်ပါသည်။ ဤအခြေအနေမျိုးများတွင် အထက်၏ အငြိုငြင်ကိုမခံလို၍ရေငုံနေကြသော အခြေခံပညာ ကိုယ်စားပြုဆရာကြီးများက လွဲမှားနေမှုများကို ထောက်ပြ၀ံ့သောသတ်္တိမွေးမြူကြရပါမည်။ ဥပမာ ပေးရမည်ဆိုလျှင် ပညာရေးကောလိပ်များကို ၀ိဇ်္ဇာ၊ သိပ်္ပံတက်္ကသိုလ်များ၏ အုပ်ချုပ်မှုအောက်သို့သွတ် သွင်းရန်ကိစ်္စ။
ဝိဇ်္ဇာ/သိပ်္ပံတက်္ကသိုလ်ဆိုသည်မှာ ဘာသာရပ် (Subject) ကို သင်ကြားပေးသော ကျောင်းဌာနဖြစ် ပါသည်။ ဘာသာရပ် (သင်္ချာ၊ ဓာတု၊ ရူပ၊ ဘူမိ၊ သမိုင်း၊ ပထ၀ီ အစရှိသည်အားဖြင့်) ကို နက်နက် နဲနဲလေ့လာသင်ကြားပေးရာဌာနဖြစ်ပါသည်။ ထို ဘာသာရပ်တွင် မဟာဘွဲ့၊ ပါရဂူဘွဲ့ရရှိသည့်တိုင် လေ့လာသုံးသပ်အဖြေရှာခြင်းပညာရပ်ကို သင်ကြား ပေးခြင်းဖြစ်သကဲ့သို့ ထိုတက်္ကသိုလ်မှ ပါမောက်္ခချုပ်၊ ပါမောက်္ခ၊ ဆရာ၊ ဆရာမများသည်လည်း ဤနည်း စနစ်တွင် ကျွမ်းကျင်ပိုင်နိုင်သူများဖြစ်ပါသည်။
ပညာရေးကောလိပ်ဆိုသည်မှာဆရာအတတ် သင်ပညာ အထူးသဖြင့် အခြေခံပညာကျောင်းသား၊ ကျောင်းသူအရွယ်များကို သင်ကြားပေးသည့်အခါ လိုအပ်မည့်ပညာကို သင်ကြားပေးရာဌာနဖြစ်ရာ ဘာသာရပ် (Subject)သာမက၊ ဘာသာရပ်အလိုက် သင်ကြားပြသပုံနည်းစနစ် (Methodology)၊ သင် ကြားမှုဆိုင်ရာတပည့်များ၏ အသက်အရွယ်အလိုက် စိတ်ပညာ (Educational Psychology)၊ သင်ကြားမှု အထောက်အကူပစ်္စည်းအတတ်ပညာ (Teaching aids)၊ ရပ်ရွာနှင့်ဆက်ဆံမှုဆိုင်ရာ အတတ်ပညာ (Social Dealing) များ ပါဝင်လျက်ရှိရာ ၀/သ တက်္ကသိုလ်ကဲ့သို့ ဘာသာရပ်တစ်ခုတည်းကို အနုလုံ ပဋိလုံလေ့လာသည့်အနေအထားနှင့်သဘောသဘာဝ ချင်း ကွဲပြားခြားနားမှုရှိပါသည်။ လုပ်ငန်း၏ဦးတည် ချက် (mission) ချင်းလည်းမတူပါ။ ထို့အပြင် ပညာ ရေးကောလိပ်တွင် ပါဝင်သောဌာနများမှာလည်း သဘောသဘာဝချင်းမတူညီကြသဖြင့် ဌာနအရေ အတွက်လျှော့ချရန်အတွက် ဌာနများကို ပေါင်းစည်း ပစ်ရန်လည်း မဖြစ်နိုင်ပါ။ ဤသည်တို့ကို မဖြစ်မနေ ပေါင်းစည်းခြင်း၊ အုပ်ချုပ်မှုအောက် သွတ်သွင်းခြင်း များ ပြုလုပ်ပါက ပညာရှင်မာနများကို ထိခိုက်လာ နိုင်သောကြောင့် အကျိုးရှိသောရလဒ်ရနိုင်မှုနည်းပါး သွားမည်သာ။ ဤသည်ကိုလည်း ဂျာနယ်သတင်း ထောက်များ သတိပြုစောင့်ကြည့်သင့်သော အချက် တစ်ချက်အဖြစ် အကြံပြုလိုပါသည်။
ဤသို့ဖြင့် အထက်ပါအခြေခံပညာဝန်ထမ်များ ၏ လူမှုဘ၀အခက်အခဲ၊ လုပ်ငန်းသဘာဝအခက် အခဲများကို အဆင့်မြင့်ပညာမှလာသော တာဝန်ရှိ ပုဂ်္ဂိုလ်ကြီးများကိုယ်၌က အဆင့်မြင့်ကဏ္ဍတွင်မတွေ့ ဘူး၊ မကြုံဘူးဖြစ်နေ၊ အခြေခံပညာကို ကိုယ်စားပြု နေသည့် ဆရာကြီးများကလည်း ရေငုံနေသည့် အကျင့်က အရိုးစွဲနေဟူ၍ ဖြစ်နေကြပါက တီဗွီနှင့် ဂျာနယ်တွင် နေ့စဉ်မြင်တွေ့ဖတ်ရှုနေရသော ပညာ ရေးတိုးတက်မှုမျှော်လင့်ချက်များသည် ကြန့်ကြာနေ ဦးမည်သာ။
ယနေ့အခါ မသန်စွမ်းပညာရေးအတွက် ကြိုး ပမ်းအားထုတ်နေကြသောအဖွဲ့အစည်းများကို တီဗွီ နှင့် ဂျာနယ်များတွင် တွေ့မြင်ဖတ်ရှုနေရပါသည်။ မသန်စွမ်းပညာရေးနှင့်ပတ်သက်လာလျှင် စာရေးသူ အနေဖြင့် မချိပြုံး ပြုံးချင်ပါသည်။ ဤမသန်စွမ်း ပညာရေးနှင့်ပတ်သက်၍ စာရေးသူသည် ၂၀၀၄ ခုနှစ်က ပညာရေးဝန်ကြီးဌာနတွင် ခေါင်းစဉ်ဖော်၍ အားပေးသင့်ကြောင်း ဆွေးနွေးဖူးပါသည်။
ထိုအချိန်က ပညာရေးအမာခံ ပါချုပ်အဆင့်မှ နေ၍ အဆင့်ဆင့်ရာထူးတက်လာသော ပုဂ်္ဂိုလ်ကြီး က ““မသန်စွမ်းတွေ ပညာတတ်လာတော့ရော တိုင်း ပြည်အတွက် ဘာအကျိုးပြုနိုင်လို့လဲ”” ဟု ပြောဆို ကာ ကန့်ကွက်ပါသည်။ စာရေးသူ မချိပြုံး ပြုံးချင် သည်ဆိုသည်မှာစာရေးသူသည်ယနေ့တိုင် အမနာပ ပြောဆိုခြင်းခံနေရသော စစ်တပ်မှလာသူဖြစ်ပြီး ထို ပုဂ်္ဂိုလ်မှာမူ ပညာရေးမှ ငယ်မွေးခြံပေါက် အရပ်သား ဖြစ်ပါသည်။ ထိုအစည်းအဝေးတွင် စာရေးသူက တိုင်းပြည်အတွက် အကျိုးရှိသည်၊ မရှိသည် အပ ထား၊ ပညာသင်ကြားခွင့်သည် ထိုမသန်စွမ်း၏ ရပိုင်ခွင့် (Wheel Chair) ဖြစ်သည်။ စာတတ်မြောက်ပါက၊ ဘွဲ့ရ ခဲ့ပါက ထိုမသန်စွမ်းအတွက် မိမိကိုယ်ကိုမိမိယုံကြည် မှုလည်း ပိုမိုတိုးပွားကာ လူသားအရင်းအမြစ်အတွက် တိုးတက်ရာ တိုးတက်ကြောင်းလည်း ဖြစ်မည်ဟု ဆွေးနွေးသော်လည်း ၀န်ကြီးကိုယ်၌က စိတ်မ၀င်စား ပါ။ နိုင်ငံရေးအရ အမြတ်ထုတ်ရန် ရှုထောင့်မှသာ စဉ်းစားနေပါသည်။
ဤသို့သောအခြေအနေမျိုးဖြစ်နေသောကြောင့် စာရေးသူလည်း မိမိနည်းမိမိဟန်ဖြင့် မစုပုံချစ် ဆယ် တန်းစာမေးပွဲကို ခန်္ဓာကိုယ်မသန်စွမ်းမှုကို ကျော်လွန် ပြီး အခက်အခဲမရှိ ဖြေဆိုနိုင်ရန် ကူညီခဲ့ပါသည်။ နောက်တစ်နှစ်တွင် နောက်တစ်ဦးဖြစ်သော မမေဇင် အောင် (၎င်း၏ဘ၀ကို စကိုင်းနက်ရုပ်သံမှ မမေဇင် အောင်ကိုယ်တိုင် သရုပ်ဆောင်၍ ရိုက်ကူးထုတ်လွှင့် ပြသခဲ့ပါသည်) ကို ဆယ်တန်းအောင်ရုံသာမက ပုသိမ် ၀ိဇ်္ဇာ/သိပ်္ပံတက်္ကသိုလ်မှ ဘွဲ့ရသည်အထိ ပါချုပ်ဦး လှတင့်၊ စိန်ပေါလ်ကျောင်းသားဟောင်းများအသင်း တို့၏အကူအညီများဖြင့် ပံ့ပိုးပေးခဲ့ပါသည်။ ထိုထက် မက ရွှေမင်းသားကုမ်္ပဏီ၌ ကွန်ပျူတာဝန်ထမ်းအဖြစ် အလုပ်သွင်းပေးခဲ့ပါသည်။
တစ်ဖန် ရန်ကုန်မြို့ရှိ နိုင်ငံခြားဘာသာသင် တက်္ကသိုလ်၌ မသန်စွမ်းကျောင်းသား၊ ကျောင်းသူ များအသုံးပြုနေသည့် ဘီးတပ်ကုလားထိုင် (Wheel Chair) ဖြင့် သွားရလာရလွယ်ကူစေရန် တက်္ကသိုလ် ၏ လူသွားစင်္ကြံများကို ရွှေမင်းသားကုမ်္ပဏီပိုင်ရှင်ဦးမြတ်သူဝင်းက မိမိစရိတ် မိမိကျခံပြုပြင်ပေးလို ကြောင်း ၂၀၀၈ ခုနှစ်က ကမ်းလှမ်းလာသည်ကို ထို အချိန်ကရှိသည့် နောက်ခန့်ဝန်ကြီးထံ တင်ပြခဲ့ရာ ၀န်ကြီးက ခွင့်မပြုပါ။ ဦးမြတ်သူဝင်းကလည်း စင်္ကြံ အတက်အဆင်းနှင့် အခြားလိုအပ်သည်များကို ခွင့် ပြုချက်မယူတော့ဘဲ ၀င်ရောက်ပြုပြင်လိုက်သဖြင့် စာရေးသူဝမ်းသာခဲ့ရပါသည်။ မသန်စွမ်းပညာရေး အောင်မြင်စေလိုပါသည်။
စာရေးသူသည် မျက်မမြင်သင်တန်းကျောင်း သား၊ ကျောင်းသူများ သင်္ချာဘာသာဖြေဆိုရန် အထောက်အကူပစ်္စည်းနှင့်အထက်/အောက်မြန်မာ နိုင်ငံ မူကွဲနေသော နားမကြားသူများအတွက် လက် သုံးသင်္ကေတကို တစ်ပြေးညီဖြစ်အောင်စီမံခဲ့ပါသည်။ ဤခေါင်းစဉ်များကိုလည်း သတင်းဂျာနယ်များမှ ပညာရေးအတွက် သတင်းရယူလျှင် သတင်းလိုက် ရန်သင့်သော လမ်းကြောင်းများအဖြစ် အကြံပြုလို ပါသည်။
ယခုနှစ်ဆယ်တန်းအောင်စာရင်းများ ထုတ်ပြန် ပြီးသည့်နောက်ဝယ် အကျဉ်းထောင်ထဲမှနေ၍ ဆယ် တန်းစာမေးပွဲဝင်ရောက်ဖြေဆိုသူ မည်မျှရှိ၍ဂုဏ်ထူး ရရှိသူ ဘယ်နှဦးရှိကြောင်း ဂျာနယ်များတွင် ပါရှိလာ ပါသည်။ စာရေးသူဝမ်းသာမိပါသည်။ စာရေးသူ သည် ၂၀၀၇ ခုနှစ်က ထောင်တွင်းရှိ အကျဉ်းသား များ၏ ပညာရေးကို မြှင့်တင်သင့်ကြောင်း အကြံရ ခဲ့ပါသည်။
အနောက်နိုင်ငံကြီးများတွင် အကျဉ်းထောင် များအတွင်းရှိ အကျဉ်းသားများ ဖတ်ရှုရန် စာကြည့် တိုက်များ၊ အကျဉ်းကျနေစဉ်အတွင်းမှာပင် ပါရဂူဘွဲ့ ရယူရန်ကြိုးစားနေသည့်အကျဉ်းသားများအကြောင်း ကို လေ့လာသိရှိခဲ့ရာမှ မြန်မာနိုင်ငံ၏ ““အားလုံး အတွက်ပညာရေး”” ဆောင်ပုဒ်ကို အကောင်အထည် ဖော်လိုသည့်စိတ် စာရေးသူထံတွင် ဖြစ်ပေါ်လာခဲ့ ပါသည်။ သို့ဖြစ်ပါ၍ ထိုစဉ်က အကျဉ်းဦးစီးဌာန၏ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်း(ယခုအငြိမ်းစား)နှင့် ညှိနှိုင်း၍ အင်းစိန်အကျဉ်းထောင်အတွင်းသို့ ၀င် ရောက်လေ့လာခဲ့ပါသည်။
အကျဉ်းထောင်တံခါးကြီးအထပ်ထပ်၏ ဂျိန်း ခနဲဖွင့်၊ ဂျိန်းခနဲ ပြန်ပိတ်သည့်အသံများကို နာခံပြီး နောက်အတွင်းသို့ ရောက်ရှိသည့်အခါ ပြစ်ဒဏ်ကျခံ နေရသည့်ကျောင်းဆရာဟောင်းအချို့ကအကျဉ်းကျ ခံလူငယ် လေး၊ငါးဦးခန့်စီရှိ အလယ်တန်းပညာ တန်း ခွဲသုံးခုခန့်တွင် စာသင်ကြားပေးနေကြသည်ကို တွေ့ ရှိရပါသည်။ ထိုလေ့လာရေးခရီးစဉ်၌ စာရေးသူက အကျဉ်းကျလူငယ်တစ်ဦး၏ဇာတ်လမ်းကို သိရှိခဲ့ရပါ သည်။
ထိုလူငယ်သည် ခါးပိုက်နှိုက်တစ်ဦးဖြစ်ကာ ထောင်ကျပြစ်ဒဏ်အချိန်စေ့၍ လွတ်မြောက်ခဲ့ပါ သည်။ ထိုလူငယ်သည် ထောင်အတွင်း၌ စာသင် ကြားနေမှုတစ်ပိုင်းတစ်စဖြင့် လွတ်မြောက်လာခြင်း ဖြစ်ရာ စာသင်ကြားလိုသောကြောင့် ခါးပိုက်ပြန်နှိုက် ပြီး အဖမ်းခံကာ ထောင်ထဲသို့ ပြန်ရောက်၍ စာ ဆက်သင်နေသည့်ဇာတ်လမ်းပင်ဖြစ်ပါသည်။စာရေး သူလည်းရရှိခဲ့သောသတင်းများကို ၀န်ကြီးထံတင်ပြ ရာ ကျောင်းသုံးဖတ်စာအုပ်များ ထောက်ပံ့ပေးရန် ကိစ်္စတစ်ခုတည်းကိုသာ သဘောတူခဲ့ပါသည်။ စာ မေးပွဲဖြေဆိုခွင့်ကိစ်္စ၊ အမှတ်ခြစ်ပေးရန်၊ အရည် အချင်းသတ်မှတ်ပေးရန်ကိစ်္စတို့မှာ ယောင်ဝါးဝါးသာ ဖြစ်ခဲ့ရပါသည်။ ယနေ့အခါ ဆယ်တန်းအောင်ခြင်း၊ ဂုဏ်ထူးရရှိသူများ ပါရှိခြင်းသတင်းတို့မှာ မင်္ဂလာ သတင်းများပင်ဖြစ်ပါသည်။ ဂျာနယ်လစ်များ စိတ် ၀င်စားသင့်ပါသည်။
စာရေးသူသည် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများကိစ်္စကို ပံ့ပိုးနိုင်ရန်အတွက် ဘုန်းတော် ကြီးသင်ပညာရေးကျောင်းများကို ရန်ကုန်၊ မန်္တလေး တို့၌ လိုက်လံလေ့လာခဲ့ပါသည်။ ဘုန်းကြီးကျောင်း အတော်များများသည် မိမိတို့ကျောင်းများ၌ စောင့် ရှောက်ထားသောတိုင်းရင်းသားလူငယ်အများအပြား ၏ စားဝတ်နေရေး၊ ပညာရေးအတွက် စာအုပ်၊ စာ ရေးကိရိယာ၊ ကျောင်းသုံးပရိဘောဂ၊ ဆရာ၊ဆရာမ များအတွက် ထောက်ပံ့ရေးတို့ဖြင့် မနိုင်ဝန်ထမ်းနေ ကြရသည်ကို လေ့လာတွေ့ရှိရပါသည်။ ဤကိစ်္စများ ကို စာရေးသူသည်ထိုစဉ်က ၀န်ကြီးထံတင်ပြရာ စိတ် ပါဝင်စားမှုမရှိလှပါ။ ၀န်ကြီးက ““ခင်ဗျားတွေ့ပါလိမ့် မယ်။ လူကိုတွေ့တာနဲ့ အလှူခံတော့တာပဲ။ မလွယ် ဘူး”” ဟု ဆိုပါသည်။

ပစ်တိုင်းထောင်