ကြားဖြတ်ရွေးကောက်ပွဲဝင်မည့်NLD ပါတီ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အောင်မြင်နိုင်ခြေနည်း

Tuesday, October 23, 2018 - 12:00

ကြားဖြတ်ရွေးကောက်ပွဲ၌ ရှမ်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အောင်မြင်နိုင် ခြေနည်းနေကြောင်း မန်္တလေးတိုင်းဒေသ ကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် က ပြောဆိုလိုက်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို ၂၀၁၈ ခုနှစ် နိုဝင်ဘာ ၃ ရက်တွင် လစ်လပ် မဲဆန်္ဒနယ် ၁၃ နေရာတွင် ကျင်းပသွား မည်ဖြစ်ကြောင်း  ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ထုတ်ပြန်ထားချက် အရ သိရသည်။

““အဲဒီဒေသတွေမှာ ဘာသာစကား နားလည်မှု အားနည်းတဲ့အပြင် ဖိအား အနည်းငယ်လည်း ရှိတယ်။ အဲဒီမဲဆန်္ဒ နယ်နှစ်ခုဟာ ခက်ခဲတဲ့နေရာတွေဖြစ်တဲ့ အတွက် အားနည်းချက်ရှိတာ အမှန်ပါ။ အဲဒီအတွက်အဖြေကို တိတိကျကျမပေး နိုင်ပါဘူး။ ကျွန်တော်တို့အနေနဲ့ ပြည် သူရဲ့ ဆုံးဖြတ်ချက်ကိုခံယူမှာပါ။ အခက် အခဲဆိုတာတော့ ရှိပါတယ်။ နယ်စပ် ဒေသတွေမှာ ကျွန်တော်တို့အဖွဲ့ဝင် တွေ အနေနဲ့ကလည်း အင်အားက နည်းပါ တယ်။ အဲဒီအတွက် ကိုယ်စားလှယ် ရှာဖို့ အတွက်လည်း အခက်အခဲရှိပါတယ်။ အခုတော့ ရှာဖွေပြီးတဲ့အပြင် ရုံးထိုင်နေ ပါတယ်။ ဒီအတွက် ကျွန်တော်တို့အနေနဲ့ ပြည်သူရဲ့ဆုံးဖြတ်ချက်ကိုလက်ခံမှာ ဖြစ် ပါတယ်””ဟု မန်္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဒေါက်တာ ဇော်မြင့်မောင်ကပြောသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် ရှမ်း ပြည်နယ်တောင်ပိုင်းလဲချားမြို့နယ် ပြည် သူ့လွှတ်တော်တစ်နေရာနှင့် ရခိုင်ပြည် နယ်တွင် ရသေ့တောင်မြို့နယ် ပြည်နယ် လွှတ်တော်မဲဆန်္ဒနယ် အမှတ်(၂)တစ် နေရာတို့မှာလစ်လပ်နေကြောင်း သိရ သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေဖြင့် ၂၀၁၈ ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်(၁၃) နေရာ စလုံးတွင် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး ရွေးကောက်ပွဲစစ်တမ်းများကိုလည်း ကောက်ယူနေကြောင်း သိရသည်။

ကြားဖြတ်ရွေးကောက်ပွဲတွင် တစ် နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့လွှတ် တော် မဲဆန်္ဒနယ်လေးနေရာ၊ အမျိုးသား လွှတ်တော် မဲဆန်္ဒနယ်တစ်နေရာ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ရှစ် နေရာစုစုပေါင်း ၁၃ နေရာတွင် ကျင်းပ ရန် ပြည်ထောင်စုရွေးကောက်ပွဲကော် မရှင်က ထုတ်ပြန်ကြေညာထားကြောင်း သိရသည်။            မင်းခန့်(မြစ်မခ)