နိုင်ငံချစ်စိတ်ရှိတဲ့ ပြည်သူတစ်ယောက်အနေနဲ့ ကိုယ့်နိုင်ငံဘက်က ခိုင်ခိုင်မာမာရပ်တည်ရမယ်ဟုဆို

Tuesday, July 3, 2018 - 17:30
နိုင်ငံချစ်စိတ်ရှိသည့်ပြည်သူတစ် ယောက်အနေဖြင့် ကိုယ့်နိုင်ငံဘက်က ခိုင်ခိုင်မာမာရပ်တည်ရမည်ဖြစ်ပြီးICC အဖွဲ့ဝင်လည်းမဟုတ်သည့်အတွက် ခြိမ်း ခြောက်ခြင်း၊စွက်ဖက်ခြင်းများကို လုံးဝ လက်မခံနိုင်ကြောင်း နိုင်ငံရေးပါတီဖြစ် မြောက်ရေးကော်မတီခေါင်းဆောင်ဦးကိုကို ကြီးကပြောသည်။
ဇွန် ၂၈ ရက် Orchid Hotel ၌ ပြုလုပ်သည့် ပွင့်လင်းမြန်မာ့ရှေ့ဆောင် ၏ လွှတ်တော်ပုံမှန်အစည်းအဝေးသုံးသပ်  ချက်အစီရင်ခံစာထုတ်ပြန်ပွဲတွင်မီဒီယာများ နှင့် တွေ့ဆုံစဉ်ပြောကြားလိုက်ခြင်းဖြစ် သည်။
“လူ့အခွင့်အရေးအကြောင်းပြချက် နဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့ နိုင်ငံ ပေါင်းများစွာရှိတဲ့အနက်မှာမှ စွက်ဖက် ချင်တဲ့ နိုင်ငံကိုစွက်ဖက်၊မသိချင်ယောင် ဆောင်တဲ့ဟာလည်း မသိချင်ယောင် ဆောင်၊အဲဒါမျိုးရှိနေရင် ကျွန်တော်တို့က အချုပ်အခြာအာဏာဘက်အခိုင်အမာ ရပ်တည်ရမှာဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားဟာ ပထမဦးစားပေးဖြစ် တယ်။ နိုင်ငံချစ်စိတ်ရှိတဲ့ ပြည်သူတစ် ယောက်အနေနဲ့ရော၊ နိုင်ငံရေးသမားတစ် ယောက်အနေနဲ့ရော ကိုယ့်နိုင်ငံဘက်က ခိုင်ခိုင်မာမာရပ်တည်ရမယ်လို့ကျွန်တော်  မြင်တယ်”ဟု ဥိးကိုကိုကြီးကပြောသည်။
ဆက်လက်ပြီး မြန်မာနိုင်ငံမှာICC အဖွဲ့ဝင်လည်း မဟုတ်သဖြင့် ခြိမ်းခြောက် ခြင်း၊ စွက်ဖက်ခြင်းများကို လုံးဝလက်မခံ ကြောင်း ၎င်းင်းကပြောသည်။
“တခြားနိုင်ငံတွေကို နာမည်တပ်မ ပြောချင်ပေမယ့်လို့ထင်ရှားနေတဲ့ အထောက်အထားတွေအများကြီးရှိတယ်။ တစ်ခါတလေကျရင် တန်ဖိုးတွေကိုပြော ကြတယ်။ ကိုယ့်နိုင်ငံရဲ့ တန်ဖိုးက ဒီမိုက ရေစီပါ၊ လူ့အခွင့်အရေးပါ၊တန်းတူညီမျှပါ လို့ပြောတယ်။ သူ့ရဲ့ အကျိုးစီးပွားနဲ့ ထိပ် တိုက်တွေ့ရင်တော့ တန်ဖိုးတွေကနောက် ရောက်သွားပြီး အကျိုးစီးပွားတွေကရှေ့ ရောက်သွားတယ်ဆိုတာ လက်တွေ့နိုင်ငံ ရေးမှာ ကျွန်တော်တို့ မြင်တွေ့နေရတဲ့ ကိစ်္စဖြစ်တယ်။ သူတို့တော့ အဲဒီလိုလုပ် လို့ရတယ်။ ကျွန်တော်တို့ကိုတော့ ဒါလုပ် ရမယ်။ ဒါမလုပ်ရဘူးဆိုပြီး အမိန့်ပေးတဲ့ ပုံစံမျိုးကတော့ ကျွန်တော်တို့လက်ခံမှာ မဟုတ်ဘူး။ သို့သော် မိတ်ဆွေနိုင်ငံများ အနေနဲ့ အကြံဉဏ်ပေးတာမျိုးအပြု သဘောဆောင်တဲ့ ဝေဖန်မှုအကြံပြုမှုတွေ ဆိုရင်တော့ လက်ခံရမယ်”ဟု ဦးကိုကိုကြီး ကဆိုသည်။ လက်ရှိတွင် နိုင်ငံခြားသား တစ်ဦးပါဝင်မည့်စုံစမ်းစိစစ်ရေးကော်မရှင် တစ်ရပ်ဖွဲ့စည်းရန်လွှတ်တော်ကအတည် ပြုထားပြီး စီစဉ်လျက်ရှိကြောင်း သိရ သည်။                    ဇော်မြင့်