နိုင်ငံသားအားလုံး အလုပ်အကိုင်ရနိုင်စေသောဗျူဟာ

Author: 
Admin
Date: 
Thursday, July 28, 2016

နိုင်ငံသားအားလုံး အလုပ်အကိုင်ရနိုင်စေသောဗျူဟ

ယခုအခါ ကျွန်တော်တို့ရဲ့နိုင်ငံသားညီအစ်ကို မောင်နှမများစွာ အိမ်နီးချင်းနိုင်ငံတွေမှာ မျက်နှာ ငယ်စွာနဲ့ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေကို လုပ်ခ လစာနည်းနည်းနဲ့ လုပ်ကိုင်နေကြရပါတယ်။ သူတို့ မပျော်ပါဘူး။ မကြာမီကာလက အမေစု ထိုင်း နိုင်ငံကိုသွားတော့ သားတို့၊ သမီးတို့အိမ်ပြန်ချင် ပါတယ်အမေဆိုပြီး ပြောကြသံတွေကြားရတော့ မျက်ရည်ဝဲကြရပါတယ်။
တကယ်တော့လည်း အချိန်တန်အိမ်ပြန်ကြရ မယ်ဆိုတာကတော့ မှန်လွန်းလှတဲ့ အမှန်တရားတစ် ခုပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခက်အခဲများစွာကို ဖြေ ရှင်းရဦးမယ်။ ဖြတ်ကျော်ရပါဦးမယ်။ လူ ၅ ဦး လောက်နိုင်ငံခြားက ပြန်လာတာမျိုးမဟုတ်ဘဲ လူ သိန်းဂဏန်းတော်တော်များများပြန်လာရင် အမိနိုင်ငံ မှာ ဘယ်သူကအလုပ်အကိုင်ပေးမှာလဲဆိုတာဟာ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်နေပါတယ်။ ဒီပြဿနာဟာ ဖြေရှင်းဖို့ခက်ပေမဲ့ ဖြေရှင်းလို့မရနိုင်တဲ့ ပြဿနာတစ် ခုတော့ မဟုတ်ဘူးဆိုတာ တင်ပြချင်ပါတယ်။
လူသားအရင်းအမြစ်စီမံခန့်ခွဲရေးပေါ်လစီ HR Policy အကြောင်းနည်းနည်းပါးပါးတင်ပြရရင် HR နယ်ပယ်လို့ပြောလိုက်တာနဲ့ ကုမ်္ပဏီများ၊NGO များ၊ ၀န်ထမ်းရွေးချယ်ရေးကိစ်္စ၊ ရာထူးတိုးကိစ်္စ၊ ဘောနပ်စ်တွက်တာတွေ စသဖြင့် ဌာနတွင်းဝန်ထမ်း စီမံခန့်ခွဲကြတာတွေကို ပြေးပြီးမြင်ယောင်ကြမှာပါ။ ဒါပေမဲ့ ကုမ်္ပဏီအဆင့်၊ အဖွဲ့အစည်းအဆင့်မဟုတ် ဘဲ နိုင်ငံအဆင့် HR Management ဆိုတာရှိပါသေး တယ်။
ဥပမာတစ်ခုပြောရရင် ဂျပန်နိုင်ငံရဲ့ ဆရာဝန် နယ်ပယ်မှာ ဂျပန်နိုင်ငံရဲ့ဆေးကုလိုင်စင် ဂျပန်(ဆမ) ရဖို့ ဂျပန်နိုင်ငံသားဆရာဝန်ဖြစ်ရမယ်လို့ ပေါ်လစီ ရေးဆွဲထားရင် ဂျပန်ထက်နည်းပညာမြင့်တဲ့ု လို နိုင်ငံမျိုးက တော်ဝင်သမားတော်ကြီးတွေဟာ ဂျပန် မှာ ဆေးကုခွင့်မရနိုင်ဘူး။ ဒါဟာဆိုရင် ဂျပန်က မိမိတို့နိုင်ငံသားဆရာဝန် အလုပ်လက်မဲ့မဖြစ်အောင် ကာကွယ်ထားတာဖြစ်တယ်။
အဲဒါက Country Level HR Policy တစ်ခုပါ။ စင်ကာပူနိုင်ငံရဲ့ လူသားအရင်းအမြစ်စီမံခန့်ခွဲပုံက တော့ ဒီလိုပါ။ လွန်ခဲ့တဲ့ နှစ် ၄၀ လောက်ကဆိုရင် စင်ကာပူမှာ ဥပမာ-အင်ဂျင်နီယာပညာရှင် သိပ်ရှား တယ်ဆိုပါစို့။ ဒါဆိုရင် စင်ကာပူတက်္ကသိုလ်မှာ နိုင်ငံ ခြားက ဆရာကောင်းကောင်ငှားပြီး အိမ်နီးချင်းနိုင်ငံ က လူတော်တွေ အင်ဂျင်နီယာသင်တန်းလာတက် နိုင်အောင် အစိုးရရဲ့စကောလားရှစ်တို့၊ ချေးငွေတို့ ပေးလိုက်ပါတယ်။ အင်ဂျင်နီယာဘွဲ့ရရင် သူတို့နိုင်ငံ မှာ ဘယ်နှနှစ်အလုပ်လုပ်လို့ စာချုပ်ပြည့်ရင် သူ့ ဆီမှာ ဆက်လုပ်ချင်လည်း လုပ်၊ မလုပ်ချင်လည်း ပြန်ပေါ့။ ပျော်လို့ဆက်လုပ်တော့လည်း အမြဲတမ်း နေထိုင်ခွင့် PR တို့၊ နိုင်ငံသားခံယူခွင့်တို့ရကြပြီး ပညာရှင်တွေ တိုးပွားကုန်တယ်။
တစ်ဖန် သူနာပြုနယ်ပယ်မှာ လျှောက် ထားသူရှားနေရင် သူနာပြုတက်္ကသိုလ်မှာ စကော လားရှစ်ပေးပြီး အိမ်နီးချင်းနိုင်ငံက ကျောင်းသားတွေ ခေါ်ပြီးစာချုပ်နဲ့ ဘယ်နှနှစ်လုပ်ရမယ်ဆိုတာရှိတယ်။ တစ်ချိန်ချိန်မှာ သူနာပြုအရေအတွက် လုံလောက် သွားရင် သူနာပြုတက်္ကသိုလ်ပေးတဲ့ စကောလားရှစ် အရေအတွက်ကို လျှော့လိုက်မှာပါ။
အဲဒီလို လုပ်တဲ့လုပ်ဟန်က Country Level HR Management ဖြစ်ပါတယ်။Labour Market ခေါ် အလုပ်သမားဈေးကွက်ကို အစိုးရက၀င်ရောက် စွက်ဖက်တာကို Goverment Intervention လို့ ခေါ်ပါတယ်။ စီမံခန့်ခွဲပုံကိုမြင်ရလို့ Visible Hand(မြင်ရသောလက်)လို့ ခေါ်ပါတယ်။
မြန်မာနိုင်ငံမှာကတော့ အင်္ဂလိပ်ခေတ်က BA. BCS အောင်ရင် မြို့အုပ်ဖြစ်တယ်။ မြို့အုပ်တွေ ကောင်းစားတော့ ဟိုလူကမြို့အုပ်လုပ်ချင်၊ ဒီလူက မြို့အုပ်လုပ်ချင်နဲ့ မြို့အုပ်လိုင်းမှာ စုပြုံတိုးကြတယ်။ တစ်ဖန် ၁၉၆၂ ခုနောက်ပိုင်း ကုန်ဈေးနှုန်းတဖြည်း ဖြည်းတက်တော့ လခစားက ခေတ်မကောင်းတော့ ဘဲ ကုန်သည်လုပ်ငန်းတွေလည်း ပြည်သူပိုင်သိမ်းခံ ရတော့ ကုန်သည်တွေ၊ လခစားတွေခေတ်မကောင်း ဘဲ ဆရာဝန်ကတော့ ဆေးကုခန်းမှာ ၀င်ငွေကောင်း ကြတော့ ဆရာဝန်လိုင်းမှာ လူတွေစုပြုံတိုးကြပြန် ပါတယ်။ တစ်ဖန် ဆရာဝန်တွေများလာပြီး သင်္ဘော သားက ဒေါ်လာနဲ့ လခရလို့ အဲဒီခေတ်က ကား သွင်းခွင့်ရပြန်တော့ ဟိုလူက သင်္ဘောသားလုပ်ချင်၊ ဒီလူက သင်္ဘောသားလုပ်ချင်ဖြစ်ကြပြန်ပါတယ်။ ၀ါသနာပါလို့လုပ်ချင်တာလည်း ရှိပါတယ်။
အဲဒီလိုဖြစ်စဉ်တွေဖြစ်တာ အစိုးရက စီမံတာ မဟုတ်ပါဘူး။ 
ဒေါက်တာထွန်းဝင်း
အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်