လက်ရှိအစိုးရကို ဝေဖန်ထောက်ပြတဲ့ ဂျာနယ်ရှားပါးနေလို့ ကျည်ဆန်ဂျာနယ် ထုတ်ရတာပါဟု ဦးလှဆွေဆို

၂ဝ၁၅ ရွေးကောက်ပွဲပြီး၍ အစိုးရ သစ်တက်လာသည့်အချိန်တွင် ဦးသိန်းစိန် လက်ထက်ကဲ့သို့ အစိုးရကိုဝေဖန်ထောက် ပြသည့်ဂျာနယ် ရှားပါးနေသဖြင့် ဂျာနယ် ထုတ်ဝေရခြင်းဖြစ်ကြောင်း ဇူလိုင် ၂ ရက်က စီးတီးစတားဟိုတယ်၌ကျင်းပ ပြုလုပ်သည့် Bullet ဂျာနယ်မီဒီယာမိတ် ဆက်ပွဲတွင် Bullet လှဆွေက ပြောကြားလိုက်သည်။
 
ဂျာနယ်ဆိုသည်မှာ တိုင်းပြည်နှင့် ပြည်သူ့ကောင်းကျိုးအတွက် အစိုးရကို ဝေဖန်ထောက်ပြရန် တာဝန်ရှိကြောင်း၊ ယခင်အစိုးရ လက်ထက်တွင် ဂျာနယ် ၉ဝ ရာခိုင်နှုန်းက အစိုးရကိုထောက်ပြခဲ့သော် လည်း ယခုအစိုးရလက်ထက်တွင် အစိုးရကို ဝေဖန် ထောက်ပြသည့် ဂျာနယ်ရှားပါးနေကြောင်း ၎င်းက ဆိုသည်။
 
''အစိုးရကို ဝေဖန်ထောက်ပြတယ် ဆိုတာလည်း တိုင်းပြည်ကောင်းကျိုး၊ ပြည်သူ့ကောင်းကျိုးအတွက် ထောက်ပြရတာ ဖြစ်တယ်။ ဦးသိန်းစိန်အစိုးရလက် ထက်မှာ ဂျာနယ် ၉ဝ ရာခိုင်နှုန်းက အစိုး ရကို ထောက်ပြခဲ့တယ်။ အဲဒီတုန်းက အာဏာရ နေတဲ့ ကြံ့ခိုင်ရေးပါတီနဲ့ ပတ် သက်တဲ့ဟာကို တစ်ရာခိုင်နှုန်းလောက် တောင် မထောက်ခံဘူး။ အခု ၂ဝ၁၅ ရွေးကောက်ပွဲပြီး တဲ့အခါမှာ အစိုးရသစ် တက်လာတဲ့အခါ ဦးသိန်းစိန်လက်ထက် ကလို ဝေဖန်ထောက်ပြတဲ့ ဂျာနယ်ရှားပါးနေတာကို ကျွန်တော့် အနေနဲ့ မြင်တွေ့ ရပါတယ်။ ဒါကြောင့် ဒီကွက်လပ်ကို တစ်တတ်တစ်အား ဖြည့်ဆည်းပေးလိုတဲ့ ဆန္ဒနဲ့ မိသားစု စတိုင် ဂျာနယ်လေးဖြစ်ပါတယ်။ ကျွန်တော့်ဂျာနယ်ကို ပါလီမန်ခေတ်က လိုပုံစံမျိုးနဲ့ စိတ်ဝင်စားအောင် ကြိုးစား ထားပါတယ်'' ဟု ဦးလှဆွေက ပြော သည်။ဦးလှဆွေ၏ ကျောင်းဆရာမဖြစ်ခဲ့ ဖူးသူ စာရေးဆရာမကြီး ရွှေကူမေနှင်းကလည်း ဦးလှဆွေဗိုလ် ကလေးဘဝက တာဝန်ထမ်းဆောင်ခဲ့ပုံများကိုလည်း ပြောကြားမိတ်ဆက်ပေးခဲ့သည်။ Bullet ဂျာနယ်ကို အပတ်စဉ် ကြာသပတေးနေ့တိုင်း ထုတ်ဝေသွားမည်ဖြစ်ကြောင်း သိရသည်။ 
Date: 
Saturday, July 16, 2016