အနုပညာရှင်များ အခွန်မဆောင်ခဲ့ကြသဖြင့် နိုင်ငံတော်က အနုပညာလောကအတွက် ငွေကြေးထောက်ပံ့နိုင်မှု အားနည်းနေဟုဆို

Author: 
ဝါးဝါး(မြစ်မခ)

အနုပညာရှင်အများစုအနေဖြင့် ယခင်အစိုးရအဆက်ဆက်များ လက် ထက်ကတည်းက အခွန်မဆောင်ခဲ့ကြသ ဖြင့် နိုင်ငံတော်အစိုးရက အနုပညာလော ကအတွက် ငွေကြေးထောက်ပံ့နိုင်မှု အပိုင်းတွင် အားနည်းနေကြောင်း ဒါ ရိုက်တာ ၀ိုင်းက ပြောဆိုလိုက်သည်။
““ကျွန်တော်တို့ အစိုးရကို ဒါလုပ်ပေး ပါလို့ပြောနေရအောင် ကျွန်တော်တို့က ဘယ်လောက်သူတို့ကိုပေးထားလို့လဲ။ ကျွန်တော်တို့ကပေးမှ သူတို့ကလုပ်လို့ရ မှာပါ။ Computer Pre-Cash System ကို ရုံတိုင်းမှာလုပ်ရင် တစ်ပတ်အတွင်း လုပ်လို့ရပေမဲ့ မလုပ်ကြဘူး။ အဲဒါ အခွန်ရှောင်ချင်လို့ပါ”” ဟု ဒါရိုက်တာ ၀ိုင်းက ပြောသည်။ ရုပ်ရှင်ရုံများတွင် အဆိုပါ Computer Pre-Cash System ကို  အသုံးပြုခြင်းဖြင့် ကြည့်ရှုသည့် ပရိသတ်အရေအတွက်၊ ဇာတ်ကားမှရရှိ သည့် ၀င်ငွေအမှန်ကို သိရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ ရုပ်ရှင်ရုံအနည်းငယ်ကသာ အဆိုပါစနစ်ကို ကျင့်သုံးကြကြောင်း သိရသည်။
““ကျွန်တော် သရုပ်ဆောင်စလုပ်က တည်းက အခွန်ဆောင်တယ်။ တစ်နှစ် ၀င်ငွေအပေါ်မှာ လိုက်ပြီးဆောင်တယ်။ ကျွန်တော်တို့ရျဲွ့နခသမိ တွေက အစည်း အရုံးမှာရှိပါတယ်။ အမြဲတမ်းဆောင် ပါတယ်။ ကျွန်တော်တို့ဝင်ငွေရဲ့ သုံးပုံ တစ်ပုံက ကျွန်တော်တို့ ဇာတ်ကားရိုက် ကူးဖို့လိုတဲ့ပစ်္စည်းတွေ၊ အ၀တ်အစား တွေမှာ သုံးတယ်။ ကျန်တဲ့(၂)ပုံထဲကပဲ ဆောင်ရတာပါ”” ဟု သရုပ်ဆောင် အကယ်ဒမီနေတိုးက ပြောသည်။
ရုပ်ရှင်လောကသားများအနေဖြင့် ပေးဆောင်ရမည့် အခွန်အား မပေး ဆောင်ခဲ့သလို အခွန်ဦးစီးဌာနဘက် မှလည်း အဆိုပါကိစ်္စအပေါ် ထိရောက် စွာ အရေးယူခြင်းမရှိခဲ့ကြောင်း ပြည် တွင်းအခွန်များဦးစီးဌာနမှ ညွှန်ကြား ရေးမှူး ဦးမင်းလွင်စိုးက ပြောသည်။
““ကျွန်တော်တို့ ဘာလို့ဖိဖိစီးစီး မလုပ်ခဲ့လဲဆိုရင် ကျွန်တော်တွေ့လာတဲ့ အတွေ့အကြုံအရ အနုပညာရှင်တစ် ယောက်ရဲ့ဝင်ငွေအပေါ် အခွန်ကောက် တယ်။ (၈)သိန်းဆောင်ရမယ်ပေါ့။ အဲ့အနုပညာရှင်က ခဏနေပါဦးဆရာ ရယ်၊ ဒီတစ်ညလောက် စောင့်ပါလို့ ပြောတယ်။ စောင့်ပေးလိုက်တယ်။ နောက်နေ့ တိုင်းဦးစီးရုံးက ဖုန်းဆက် တယ်။ အဲ့အခွန်ကို ပြန်ပြင်လိုက်၊ ဘယ် လောက်ပဲချပေးလိုက်ဆိုပြီး ပြောတယ်။ ဒါကြောင့် ဒီနေ့ကစပြီးပဲဖြစ်ဖြစ်၊ ရှေ့ လျှောက်ဝင်ငွေတွေကို အမှန်အတိုင်းပွင့် ပွင့်လင်းလင်း ပြောစေချင်တယ်”” ဟု ဦးမင်းလွင်စိုးက ပြောသည်။
အနုပညာရှင်များအနေဖြင့် ယခင်အစိုးရလက်ထက်များတွင် ၎င်းင်းတို့ ၏ ၀င်ငွေအပေါ် အခွန်ရှောင်ခဲ့ကြပြီး ယခုအစိုးရလက်ထက်တွင် အခွန်ဆောင် ခြင်းဖြင့် ရုပ်ရှင်လောကဖွံ့ဖြိုးတိုးတက်မှုကို လုပ်ဆောင်သွားကြရန်လိုအပ်ကြောင်း သြဂုတ် ၁၉ နှင့် ၂၀ တို့တွင်ပြုလုပ်သည့် မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်တွင် ဆွေးနွေးခဲ့ကြသည်။       

ဝါးဝါး(မြစ်မခ)

Date: 
Monday, August 29, 2016