“တိမ်ပြာသောနေ့” ရုပ်ရှင်ဇာတ်ကားကို တိုက်ပွဲဖြစ်ရာဒေသများတွင် လူအင်အားထောင်ကျော်အသုံးပြုကာ သွားရောက်ရိုက်ကူးမည်

Author: 
မဟာ(မြစ်မခ)

ဒီမိုကရေစီ ရုပ်ရှင်ပွဲတော်အတွက် “တိမ်ပြာသောနေ့” ရုပ်ရှင်ဇာတ်ကားကို တိုက်ပွဲဖြစ်ခဲ့သည့်နေရာများနှင့် တိုက်ပွဲ ဖြစ်ဆဲနေရာများတွင် ဇွန် ၁ရက်မှ စတင် ၍ လူအင်အားထောင်ကျော်အသုံးပြု ကာ သွားရောက်ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာ ဒေါင်းလွဏ်းထံမှ သိရသည်။

ယင်းဇာတ်ကားတွင် လူအင်အား ထောင်ကျော်အသုံးပြုကာ ရိုက်ကူးသွား မည်ဖြစ်ပြီး အဓိကသရုပ်ဆောင်များ အဖြစ် သရုပ်ဆောင် အယောက် ၃၀ခန့် ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

““ဇာတ်ကားမှာ ကချင်ပြည်နယ် ဘက်က သရုပ်ဆောင်အသစ်တွေလည်း ပါဝင်မှာပါ။ အခု သူတို့ကို ရွေးချယ်နေ ဆဲဖြစ်ပါတယ်။  မြန်မာပြည်ဘက်က အတွေ့အကြုံရင့်သရုပ်ဆောင်တွေလည်း ပါဝင်မှာပါ။ အဲသရုပ်ဆောင်တွေ ရိုက် ကူးမယ့် တစ်လနှစ်လအတွင်းမှာ အမြဲ အချိန်ပေးနိုင်မယ့် သရုပ်ဆောင်တွေကို ကြည့်ပြီး ရွေးချယ်ရိုက်ကူးသွားမှာပါ။ ဒီ ကားရိုက်ဖို့ ဇာတ်ညွှန်းလည်း တည်ထား ပြီးပါပြီ။ အဓိကက ငြိမ်းချမ်းပြီး အမှန် တကယ် ဒီမိုကရေစီအနှစ်သာရကို ပေါ် လွင်စေချင်တာပါ။ ရိုက်ကူးမှုက အချိန် နှစ်လပဲရတာပါ””  ဟု  အဆိုတော် ဒါရိုက်တာ ဒေါင်းလွဏ်းက ပြောသည်။

ယင်းဇာတ်ကားကို ရန်ကုန်၊မန်္တလေး မြို့များအပါအ၀င်ကချင်ပြည်နယ်အတွင်း ရှိ ဝေးလံခေါင်ဖျားသည့်နေရာများ၊ တိုက် ပွဲဖြစ်နေဆဲနေရာများ၊ စစ်ဘေးရှောင် နေရာများတွင် သွားရောက်ရိုက်ကူးမည် ဖြစ်ပြီးရုပ်ရှင်ပွဲတော်တင်သာမက ရန်ကုန် မြို့ရှိ ရုပ်ရှင်ရုံများတွင်လည်း ပြသခွင့် ရရှိရန် ပြန်ကြားရေးဝန်ကြီးဌာနက စီစဉ် ပေးမည်ဖြစ်ကြောင်း သိရသည်။

““ဇာတ်ကားမှာပါဝင်တဲ့သရုပ်ဆောင် တွေ စားသောက်နေထိုင်ရေး၊ လုံခြုံရေး တွေအတွက် စီစဉ်မှုက ၈၀ရာခိုင်နှုန်း ပြီး စီးနေပါပြီ။ ဒီအတွက် မေ ၁၉ ရက်မှာ ကွင်းဆင်းပြီး အသုံးပြုမှုကုန်ကျစရိတ် တွေကို တွက်ချက်ရမှာပါ။ ဇာတ်ကား အတွက် ကုန်ကျစရိတ်ဘယ်လောက်ရှိ တယ်ဆိုတာ တွက်ချက်လို့မရသေးပါဘူး။ အတော်လေးကုန်ကျမှာပါ။ ထူးခြားမှုက ခဲရာခဲဆစ်မိုးတွင်းကြီးမှာ စစ်ရှောင်ဒုက်္ခ သည်စခန်းတွေက ဘ၀တွေ၊ ငြိမ်းချမ်းနေ တဲ့ မိသားစုဘ၀တွေကနေမိကွဲဖကွဲနေရ တာကနေအလွတ်ရုန်းပြီးအောင်မြင်တဲ့ ဘ၀တစ်ခုရသွားတဲ့အပေါ်ကို အခြေခံ ရိုက်ကူးမယ့်ဇာတ်ကားပါ”” ဟု ဇာတ်ကား ထုတ်လုပ်သည့် Moon Myanmar Media ဥက္ကဋ္ဌဒေါ်နန်းမောက်လောဝ်ဆိုင် ကပြောသည်။

ဒီမိုကရေစီရုပ်ရှင်ပွဲတော်ကို ပြန် ကြားရေးဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ် မြင်သံကြားဌာန (MRTV) က ဦးဆောင် ပြုလုပ်ခြင်းဖြစ်ပြီး စက်တင်ဘာ၁၅ရက်မှ ၂၁ရက်အထိရန်ကုန်မြို့၌ပြုလုပ်သွားမည် ဖြစ်ကြောင်းသိရသည်။   

 

မဟာ(မြစ်မခ)

Date: 
Tuesday, May 23, 2017