ဗိုလ်ချုပ်ရုပ်တု စိုက်ထူရမယ်လို့ မညွှန်ကြားထားတဲ့အတွက် မကြေညာထားတဲ့အမိန့်ကို ပြန်လည်ရုပ်သိမ်းစရာ အကြောင်းမရှိပါဘူး

လတ်တလော ဖြစ်ပေါ်နေတဲ့ ဗိုလ်ချုပ်ရုပ်တု စိုက်ထူနေခြင်းကို ဒေသခံအချို့က ကန့်ကွက်မှုတွေရှိ နေတဲ့အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြော ရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်ကို မေးမြန်းထား သည်များ ဖော်ပြပေးလိုက်ပါတယ်။
မေး။ ။နှစ်စဉ်အာဇာနည်နေ့တိုင်း ဗိုလ်ချုပ်အောင် ဆန်းရုပ်တုစိုက်ထူခြင်းနဲ့ပတ်သက်ပြီး အခုနှစ်မှာ ဘယ်လိုသုံးသပ်မိပါလဲ၊၊
ဖြေ။ ။ဒီနှစ်ရဲ့ထူးခြားချက်က ဗိုလ်ချုပ်ရဲ့ ရုပ်တု တွေကို တချို့မြို့နယ်တွေမှာ စိုက်ထူတဲ့အခါ  ကန့် ကွက်ဆန်္ဒပြတာတွေ၊ အထူးသဖြင့် တိုင်းရင်းသား နယ်မြေတွေမှာတွေ့လာရတယ်၊၊ ဒါကဒီနှစ်ရဲ့ထူးခြား ချက်ပါ။ ပြီးခဲ့တဲ့နှစ်ကလည်း ဧရာဝတီတိုင်းမြန် အောင်၊ ကြံခင်းမှာ ဗိုလ်ချုပ်ရုပ်တုတွေရဲ့ ဦးခေါင်းကို ဖြုတ်ခဲ့တဲ့ အဖြစ်အပျက်မျိုးတွေလည်း ရှိခဲ့ပါတယ်၊၊ ဒါပေမဲ့ အဲဒါကတော့ လူတစ်ဦးတစ်ယောက်ရဲ့ ဆောင်ရွက်ချက်ပဲဖြစ်ပြီး အခုကျတော့ နိုင်ငံရေး ရည်ရွယ်ချက်ပါလာတာ တွေ့ရပါတယ်။ အဲဒါ ကျွန် တော်တို့ တော်တော်ကို ၀မ်းနည်းရပါတယ်။
မေး။ ။ဗိုလ်ချုပ်ရုပ်တု စိုက်ထူခြင်းကို အခုကန့် ကွက်နေတဲ့အပေါ်မှာ ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ။ ။အများသဘောတူညီမှုကို ရအောင်လုပ် တာ ဒီမိုကရေစီရဲ့ အဆင့်အတန်းပါ။ အဲ့လိုရုပ်တု တွေစိုက်ထူတာကို ကန့်ကွက်တဲ့လူတွေ၊ တချို့က လည်း ကျွန်တော်တို့လို ဗိုလ်ချုပ်ကိုချစ်မြတ်နိုးတဲ့ သူတွေလို့ သိရတဲ့အတွက် ကျွန်တော်တို့အထူးပဲ စိတ်မကောင်းဖြစ်ရပါတယ်။
မေး။ ။ ကန့်ကွက်နေသူတွေရှိနေရက်နဲ့ ဗိုလ်ချုပ် ရုပ်တုတွေစိုက်ထူဖို့ လုပ်ဆောင်နေကြသူတွေအပေါ် ကိုကော ဘယ်လိုအမြင်ရှိပါသလဲ။
ဖြေ။ ကျွန်တော်တို့ပါတီမူဝါဒက ဒေသခံပြည် သူများက ဗိုလ်ချုပ်ရဲ့ကျေးဇူးကို အမှတ်ရသောအား ဖြင့် ဗိုလ်ချုပ်ရဲ့လမ်းစဉ်တွေကို အကောင်အထည် ဖော်မယ်ဆိုပြီး ဒီရုပ်တုတွေ စိုက်ထူကြတာဖြစ်ပါ တယ်။ ကျွန်တော်တို့က ဒေသခံပြည်သူအများစုနဲ့ ညှိနှိုင်းပြီးတော့မှ ရုပ်တုစိုက်ထူခြင်းလုပ်ငန်းကို လုပ် ဆောင်ပြီး အာဏာပိုင်က ခွင့်ပြုရုံမျှနဲ့၊ ငွေကြေး ကောက်ခံလို့ ရရုံမျှနဲ့ မလုပ်စေချင်ပါဘူး။
မေး။ ။အခုလို ကန့်ကွက်တာတွေရော၊ စိုက်ထူဖို့ လုပ်နေတဲ့သူတွေကိုရော ဘယ်လိုအကြံပြုချင်လဲ။
ဖြေ။ ။ကျွန်တော်တို့နိုင်ငံရေး လှုပ်ရှားမှုလုပ်ပြီဆို ရင် နိုင်ငံရေးသမားဆိုတာ အမြင်ကျယ်ရပါတယ်။ လတ်တလောဖြစ်နေတာတင်မဟုတ်ဘဲ ရှေ့ကို လည်းမြင်ရပါတယ်။ ဒီလိုလုပ်ရပ်ဟာ  ဒီမိုကရေစီကို အနှောင့်အယှက်ဖြစ်စေမလား။ တိုင်းရင်းသား တွေရဲ့ တောင်းဆိုနေတဲ့အချက်တွေကို အထောက် အကူပြုမလား။ အသေအချာ စဉ်းစားစေချင်ပါ တယ်။ ကိုယ့်မှာလိုအပ်ချက်ရှိရင် သက်ဆိုင်ရာတိုင်း ရင်းသားခေါင်းဆောင်ရဲ့ ရုပ်တုကို ကျွန်တော်တို့ အလားတူ ထုလုပ်ချင်တယ်ဆို ဒါဟာညှိနှိုင်းလို့ရတဲ့ ကိစ်္စပါ။ တစ်ခါဗိုလ်ချုပ်ပေးခဲ့တဲ့ ကတိတွေမတည်လို့ ဆိုတာကလည်း အင်မတန်ကို ယုတ်္တိမရှိဘူးလို့ ထင် ပါတယ်။ ဗိုလ်ချုပ်က ကတိမတည်ခဲ့တာလား၊၊ ဗိုလ် ချုပ်ပေးတဲ့ကတိတွေကို အခုတိုင်းရင်းသားခေါင်း ဆောင်တွေ တစ်ခုတ်တရနဲ့ တောင်းဆိုနေကြတုန်း။ အဲတော့ ဗိုလ်ချုပ်ချမှတ်ခဲ့တဲ့လမ်းစဉ်အတိုင်း ဆက် သွားဖို့လိုနေချိန်မှာ ဗိုလ်ချုပ်ရဲ့ရုပ်တုတွေကို ကန့် ကွက်နေတယ်ဆိုတာ နိုင်ငံရေးအရ ကျွန်တော်တို့ ကိုယ့်ခြေကိုယ်တော့ ပြန်ချိုးသလိုဖြစ်နေမှာ စိုးရိမ်ပါ တယ်။
မေး။ ။အခုကန့်ကွက်မှုတွေက ၂၀၂၀ ရွေးကောက် ပွဲကို ထိခိုက်နိုင်တယ်လို့ မြင်ပါသလား။
ဖြေ။ ။ဘယ်လိုကန့်ကွက်ဆန်္ဒပြမှုပဲဖြစ်ဖြစ် ကျွန် တော်တို့နိုင်ငံရေးမှာတော့ ယုံကြည်မှုကို တစ်နည်း တစ်ဖုံ ထိခိုက်နိုင်ပါတယ်။ ဒါပေမဲ့ အများစုရဲ့ ဆန်္ဒလားဆိုတာတော့ ကျွန်တော်တို့အမြဲတမ်း သတိ ထားရမယ်၊၊
မေး။ ။ဗိုလ်ချုပ်ရုပ်တုကို တစ်မြို့နယ်တစ်ရုပ် စိုက် ထူရန် ညွှန်ကြားထားတယ်လို့ ကြားရတယ် ဟုတ်ပါ လား၊၊
ဖြေ။ ။အဲလိုတွေစိုက်ထူရမယ်လို့ ညွှန်ကြားထား တာမဟုတ်ပါဘူးခင်ဗျ။ အဲဒါလုံးဝမဟုတ်ပါဘူး၊၊ ကျွန်တော်တို့ နဂိုတည်းက မကြေညာထားတဲ့ အမိန့် ကိုပြန်လည်ရုပ်သိမ်းစရာအကြောင်းမရှိပါဘူး။ 
မေး။ ။ဒါဆို အချို့မြို့နယ်တွေမှာ ရုပ်တုတွေ ထုလုပ်နေ၊ စိုက်ထူနေကြတာ အောက်ခြေပါတီဝင် တွေက လုပ်နေတာလား၊၊
ဖြေ။ ။အောက်ခြေပြည်သူလူထုက ဆန်္ဒရှိလို့ ရုပ်တုထူထောင်ချင်တယ်ဆိုရင် ပါတီဝင်တွေက ပူးပေါင်းပါဝင်တာပဲ ဖြစ်ပါတယ်။ ပါတီဝင်တွေက မဖြစ်မနေလုပ်မယ်ဆိုတာမျိုးတော့မရှိပါဘူး။
အခုလို ဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ရှိ တယ်ရှင့်။
အေမီအောင်(မြစ်မခ)
Date: 
Tuesday, July 24, 2018