ရန်ကုန်တိုင်းဒေသကြီးအစိုးရအပေါ် မျှော်လင့်ထားသလိုမဖြစ်သေးဘူး၊ မစွမ်းဆောင်နိုင်သေးဘူး

Author: 
ဖြိုးအောင်

ရန်ကုန်တိုင်းဒေသကြီးတွင် စည်ပင်သာယာရွေးကောက်ပွဲများပြုလုပ်ရန် နှောင့်နှေးကြန့်ကြာနေခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်စောင့်ကြည့်ရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ Yangon Watch  အဖွဲ့ တည်ထောင်သူ၊ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါက်တာညိုညိုသင်းအား တွေ့ဆုံမေးမြန်းဖြစ်ခဲ့ ပါသည်။

မေး - လက်ရှိ  Yangon Watch  အနေနဲ့ ဆောင် ရွက်နေတဲ့ကိစ်္စလေးတွေကို အကျဉ်းချုံးလေးပြောပြ ပေးပါ။

ဖြေ - လက်ရှိ အန်တီတို့ Yangon Watch အနေနဲ့ ကတော့ ရဲစခန်းတွေကိုစောင့်ကြည့်တာတို့၊ လွှတ် တော်တွေကိုစောင့်ကြည့်တာတို့ ရှိတယ်။ အဲဒါက တော့ အစိုးရကို စောင့်ကြည့်တဲ့အပိုင်း။ အစိုးရကို ကူညီတဲ့အပိုင်းလည်းရှိတယ်။ အဲဒါဘာလဲဆိုတော့ စည်ပင်သာယာဥပဒေရေးရာနဲ့ပတ်သက်ပြီးအထောက် အကူပေးတာရှိတယ်။ အန်တီတို့က အစိုးရရယ်၊လွှတ် တော်ရယ်တင်မကဘူး။ အရပ်ဘက်အဖွဲ့အစည်းတွေ ကိုပါပေးတယ်။ သူတို့သုံးမျိုးလုံး အန်တီတို့ကို ဖိတ် ခေါ်တိုင်းမှာ လိုအပ်တဲ့ဥပဒေရေးရာအကူအညီတွေ ပေးတယ်။ ပြီးတော့ စည်ပင်သာယာရေးအလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ပေးတယ်။ပြီးရင်စည်ပင်သာယာ ရွေးကောက်ပွဲတွေမှာ လိုက်နာရမယ့်အခြေခံမူတွေ၊ အပြည်ပြည်ဆိုင်ရာ အနှိမ့်ဆုံးစံနှုန်းတွေ၊ ပြည်သူ လူထုကလိုချင်တဲ့ စည်ပင်သာယာရေးရွေးကောက်ပွဲ တွေကို အသိပညာပေးတာတွေလုပ်တယ်။ အရပ် ဘက်အဖွဲ့အစည်းတွေကိုလည်း ဒီစည်ပင်သာယာ ရေးရွေးကောက်ပွဲတွေဟာ ဘယ်လောက်အရေးကြီး တယ်ဆိုတာ advocacy လုပ်ပေးတယ်။ အလုပ်ရုံ ဆွေးနွေးပွဲတွေကို လုပ်ပေးတယ်။ အဲဒီအရပ်ဘက် အဖွဲ့အစည်းက ခေါင်းဆောင်တွေရဲ့အသံတွေကို လည်း လွှတ်တော်ထဲကိုပို့ပေးတယ်။ အဓိကကတော့ စည်ပင်သာယာရေးရာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေမှာ ဥပဒေရေးရာ အထောက်အကူပေးတယ်။

မေး - ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရွေး ကောက်ပွဲတွေကို ၀န်ကြီးချုပ်က နောက်နှစ်လောက် မှာ ပြုလုပ်ပေးမယ်လို့ သိပ်မကြာသေးခင်အချိန်က ပြောသွားတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင်လဲ။

ဖြေ - အန်တီတို့ကတော့ ဟိုးအရင်ကတည်းက လည်း ပြောတယ်။ ရန်ကုန်အစိုးရဟာ သူတက်က တည်းက စည်ပင်သာယာရွေးကောက်ပွဲတွေကို ပြု လုပ်ပေးဖို့ သူ့မှာတာဝန်ရှိတယ်။ ရွေးကောက်ပွဲပြုလုပ် ဖို့ကို ရွေးကောက်ပွဲနဲ့ဆိုင်တဲ့ နည်းဥပဒေတွေကိုတော့ ပြင်ရမှာတွေရှိတယ်။ ပြင်ရမယ့်ကိစ်္စတွေကလည်း အများကြီး ထူးထူးထွေထွေပြင်ရမှာတွေ မဟုတ်ဘူး။ ဒီမိုကရေစီစံနှုန်းတွေနဲ့ဖြစ်အောင် ပြင်ရတာပဲ။ ဆန်္ဒ ရှိမယ်ဆိုရင် ဒါက လွှတ်တော်မှာ တစ်လအတွင်း လုပ်လို့ရတဲ့ကိစ်္စ။ အမှန်တကယ်ဆိုရင် ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီမှာ လူထုတင် မြောက်တဲ့သူတွေကို လိုလားတယ်ဆိုရင် ပြီးခဲ့တဲ့နှစ် ၂၀၁၆ ကတည်းက အစိုးရက ရွေးကောက်ပွဲတွေကို လုပ်ပြီးလောက်ပြီ။ အန်တီတို့ သိရသလောက်က တော့ မြို့တော်ဝန်ကြီးလည်း မီဒီယာတွေမှာ အတိ အလင်းပြောထားတယ်။ အန်တီတို့လည်း ကြားရတာ ပဲ။  ပြီးတော့  ရွေးကောက်ခံတွေကို  ကြောက်တဲ့ သဘောတွေ တွေ့နေတယ်။ သူတို့ပြောတဲ့စကား တွေကိုကြည့်ရခြင်းအားဖြင့်ကတော့ အစိုးရအနေနဲ့ ဒီကော်မတီကြီးမှာ ရွေးကောက်ခံတွေကို နည်းနည်း လန့်တဲ့သဘောတွေ အန်တီတို့တွေ့ရတယ်။ အမှန် ကတော့ ဒီရွေးကောက်ပွဲတွေက ဖြစ်သင့်တာ ကြာပြီ။ လွှတ်တော်အနေနဲ့လည်း ဒီဥပဒေ၊ နည်း ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့သင့်တယ်။ တကယ် လို့ လွှတ်တော်က မရေးဆွဲနိုင်ရင်တောင်မှ အစိုးရ က လုပ်လို့ရတယ်။ သဘောကတော့ နည်းဥပဒေကို အစိုးရက ထုတ်လို့ရတာကို အစိုးရက နည်းဥပဒေ ထုတ်ပြီး ရွေးကောက်ပွဲကို လုပ်လို့ရတယ်။

အပြည့်အစုံကို ကြာသပတေးနေ့ထွက် Hot News Journal တွင်ဆက်လက်ဖတ်ရှုပါရန်

 

ဖြိုးအောင်

Date: 
Tuesday, August 22, 2017