ကမ္ဘာ့အမွေအနှစ်စာရင်းဝင် သရေခေတ္တရာပျူမြို့ဟောင်းမှ ဘောဘောကြီးစေတီနှင့်ရှေးဟောင်းကုန်းအချို့အား မူလပုံစံမပျက် ထိန်းသိမ်းမှုများပြုလုပ်နေ

ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ပြည်မြို့အနီးတွင် တည်ရှိသည့် ကမ္ဘာ့ အမွေအနှစ်စာရင်းဝင်ဖြစ်သော သရေ ခေတ္တရာ ပျူမြို့ဟောင်းရှိ ဘောဘောကြီး စေတီနှင့် မသီးကျကုန်းတို့အား မူလ ပုံစံမပျက်ထိန်းသိမ်းမှုလုပ်ငန်းများပြုလုပ် လျက်ရှိကြောင်း ကမ်္ဘာ့အမွေအနှစ်ဌာန ခွဲ သရေခေတ္တရာဌာနစုမှ သိရှိရသည်။  

ဘောဘောကြီးစေတီလုံးပတ်တော် ပတ်ပတ်ချာလည်အမြင့် ၁၂ ပေကျော်ထိ ပြုလုပ်နေခြင်းဖြစ်ပြီး ၁၉၈၈ ခုနှစ် နောက်ပိုင်းက ပြန်လည်ပြင်ဆင်ခဲ့ရာတွင် ဘိလပ်မြေအသုံးပြုထားခြင်းကို ပြန်လည် ခွာထုတ်ပြီး ရှေးမူလက်ရာနှင့် အနီးစပ် ဆုံးဖြစ်သော မူလပုံစံအတိုင်း မြေနီ သရွတ်ကိုအသုံးပြုကာ ပြန်လည်ပြင်ဆင် နေခြင်းဖြစ်သည်။ ထို့အတူ မသီးကျကုန်း တွင်လည်း ရှေးယခင်နှစ်များက အသုံးပြု ခဲ့သည့် ခေတ်ပေါ်အုတ်ခဲနှင့် ဘိလပ်မြေ  အသုံးပြုမှုများကိုခွာထုတ်ပြီး ရှေးဟောင်း အုတ်များအစားထိုးကာ မြေနီသရွတ် အသုံးပြုကာ ထိန်းသိမ်းခြင်းလုပ်ငန်းများ ကို ပြုလုပ်နေကြောင်း သိရသည်။

““အရင်ပြင်ခဲ့တာက ဘိလပ်မြေတွေ ဆိုတော့ ဓာတုဗေဒအရ ရှေးဟောင်း အုတ်တွေ ဆွေးမြည့်တာမျိုးဖြစ်စေတယ်။ ပြီးတော့ ရှေးဟောင်းအဆောက်အအုံနဲ့ လိုက်လျောညီထွေမှုလည်း မရှိတော့တဲ့ အတွက် ရှေးမူမပျက် ပြန်ပြီးတော့လုပ် တာပါ။ ကမ်္ဘာ့အမွေအနှစ် ၀င်ပြီးဖြစ်တဲ့ အတွက်လည်း ဘိလပ်မြေ အသုံးပြုခွင့် မရှိပါဘူး””ဟုအဆိုပါထိန်းသိမ်းရေးလုပ်ငန်း များ လုပ်ဆောင်နေသော ကမ်္ဘာ့အမွေ အနှစ်ဌာနခွဲ သရေခေတ်္တရာဌာနစုမှ အင်ဂျင်နီယာ တစ်ဦးက  ပြောသည်။ မြေနီသရွတ်ဆိုသည်မှာ ထုံး၊ မြေနီ(မြေနီ မရသောကြာင့်အုတ်နီမှုန့်သုံး)၊ဥသျှစ်ရည်၊ တင်လဲရည်နှင့်  အရောင်စေးကပ်မှု အတွက် ရှားစေးတို့ကို အချိုးကျရောစပ် ကာ ဘိလပ်မြေအစားအသုံးပြုခြင်းဖြစ် ကြောင်း သိရသည်။

““အခုဇုန်က ကမ္ဘာ့အမွေ အနှစ်စာ ရင်းဝင်တာ သုံးနှစ်ရှိပြီ နောက်ပိုင်း လူသိ များလာတယ်။ ဒီရှေးဟောင်းအမွေအနှစ် နေရာတွေကလည်း ဘာသာရေးနဲ့ ဆက် စပ်နေတော့ လူတွေရဲ့ ယုံကြည်မှုနဲ့  စေ တနာ သဒ္ဓါတရားတွေကြောင့် လှူချင် တန်း ချင်ကြတယ်ပေါ့။ ဒါကမ်္ဘာ့အမွေ အနှစ်ဖြစ်တဲ့အတွက် ဘာလုပ်ငန်းတွေပဲ လုပ်လုပ် မူလတန်ဖိုးမပျက်အောင် ထိန်း သိမ်းရတယ်။ အဲဒီအတွက် လှူတဲ့သူ တွေ လှူတာမမှားစေဖို့ သတိထားဖို့ စနစ် တကျ လှူစေဖို့ သတိထားစေချင်တယ်”” ဟုကမ္ဘာ့အမွေအနှစ်ဌာနခွဲသရေခေတ်္တရာ ဌာနစုမှ ဒုတိယညွှန်ကြားရေးမှူးဦးကျော် မျိုးဝင်းက ပြောသည်။    

ပျူယဉ်ကျေးမှုထွန်းကားခဲ့သည့် မြန်မာနိုင်ငံ အလယ်ပိုင်းရပ်ဝန်းနှင့် ဧရာ ၀တီမြစ်ဝှမ်း တစ်လျှောက်တွင် တည်ရှိ ခဲ့သော သရေခေတ်္တရာပျူမြို့ဟောင်း အပါအ၀င် ဟန်လင်းနှင့် ဗိဿနိုးတို့အား ကုလသမဂ္ဂ ပညာရေးသိပံ္ပနှင့် ယဉ်ကျေး မှုအဖွဲ့(ယူနက်စကို)က ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် ၂၀၁၄ ခုနှစ် ဇွန်လ ၂၂ ရက်က ကာတာနိုင်ငံဒိုဟာမြို့၌ ပြုလုပ် သော (၃၈)ကြိမ်မြောက်ကမ်္ဘာ့အမွေအနှစ် အစည်းဝေးတွင် သတ်မှတ်ပြီးနောက် ရှေးဟောင်းဇုန်များအတွင်းရှိ အဆောက် အအုံများ တူးဖော်ခြင်း၊ သုတေသနပြု ခြင်း ထိန်းသိမ်းခြင်းလုပ်ငန်းများ တိုးမြှင့် လုပ်ဆောင်နေခြင်းဖြစ်သည်။ သရေ ခေတ်္တရာမြို့ဟောင်းသည် ပြည်မြို့၏ တောင်ဘက် ငါးမိုင်ခန့်အကွာတွင် တည် ရှိပြီး အေဒီ (၄)ရာစုမှ  အေဒီ (၉)ရာစု အတွင်း ထွန်းကားခဲ့သော ရှေးပျူမြို့ ဟောင်း တစ်မြို့ဖြစ်ကာ မြို့ရိုး၊ ကျုံး၊ နန်းတော်ရာ၊ ဘာသာရေးဆိုင်ရာ အဆောက်အအုံများ၊ ဒင်္ဂါးများ၊ ဆင်းတု တော်များ၊ ပျူကချေသည် အရုပ်များနှင့် ရွှေပေလွာများကို တွေ့ရှိခဲ့ရပြီး မြို့ရိုး ပတ်ပတ်လည်သည် ၈ မိုင် ၅ ဖာလုံရှည် လျားပြီး ဧရိယာအားဖြင့် ၅.၅ စတုရန်း မိုင်ကျယ်ဝန်းသည်။ 

သီဟလွင်(မြစ်မခ)

Date: 
Tuesday, November 28, 2017