ကိုယ်ထမင်းကိုယ်စားအမေစုသား လို့ ကြွေးကြော်ခဲ့တဲ့ အနှေးယာဉ်လုပ်သားများ ဘ၀ကို သနားကြပါ

Author: 
အနှေးယာဉ်လုပ်သားများ

အယ်ဒီတာခင်ဗျား

၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက် က အမေစုခေါင်းဆောင်သောအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမဲအနိုင်ရရှိရေး အတွက် ကိုယ့်ထမင်းကိုယ်စားအမေစု သားဆိုသည့်ကြွေးကြော်သံဖြင့် အနှေး ယာဉ် (ဆိုက်ကား) ကိုယ်စီနင်းကာမဲပေး ခဲ့ကြသော မင်္ဂလာဒုံမြို့နယ်၊ထောက်ကြန့် မြို့မှ အနှေးယာဉ်လုပ်သားကျွန်တော်တို့ မှာ လိုင်စင်မဲ့ကယ်ရီသမားများ၊လိုင်စင်မဲ့ ဘေးတွဲဆိုင်ကယ်သမားများ၊ကုန်ပစ်္စည်း သယ်သည့်အငှားလက်တွန်းလှည်းသမား များကြောင့် အုံနာခပင်မပေးနိုင်ကြဘဲ မိသားစုစားဝတ်နေရေးအခက်အခဲများနှင့် ကြုံတွေ့နေကြရပါသည်။

ထောက်ကြန့်မြို့သည် ကားလမ်းဆုံ ရာမြို့ဖြစ်ပြီး ယခင်က ကျွန်တော်တို့ အနှေးယာဉ်လုပ်သားများသာရှိသဖြင့် ညနေအုံနာခပေးပြီးလျှင် မိသားစုဝမ်းဝ ရုံစားဝတ်နေရေးအဆင်ပြေခဲ့ကြပါသည်။ ၂၀၁၆ ခုနှစ် နှစ်လည်လောက်ကစပြီး ကျွန်တော်တို့ ထောက်ကြန့်မြို့တွင် လိုင် စင်မဲ့ ကယ်ရီသမားများ၊လိုင်စင်မဲ့ဘေးတွဲ ဆိုင်ကယ်နှင့် ယခုလိုင်စင်မဲ့ ကုန်ပစ္စည်း သယ်သည့်အငှားလက်တွန်းလှည်းသမား များက ကားဂိတ်နှင့်ဈေးရှေ့တွင် ခရီး သည်များကို အတင်းခေါ်၍ ပို့ဆောင်ပေး ခြင်း၊ ကုန်ပစ်္စည်းများကို သယ်ယူပေးခြင်း တို့ကို ပြုလုပ်နေကြပါသည်။ ယခင်က ထောက်ကြန့်မြို့တွင် အနှေးယာဉ်လုပ် သား ၄၄၃ စီးရှိသော်လည်း ယခုအခါ အစီး ၅၀ ပင်မပြည့်တော့ပါ။ အနှေးယာဉ် ပိုင်ရှင်များက မြို့နယ်စည်ပင်သာယာသို့ ၂၀၁၇-၂၀၁၈ အတွက် နိုင်ငံတော်မှ စည်းကျပ်သော အခွန်ကို အနှေးယာဉ် များအတွက် ပေးဆောင်ကြပြီးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ် ဇန်န၀ါရီလဆန်းက ဒလမြို့ နယ်နှင့် ဆိပ်ကြီးခနောင်တိုမြို့နယ်များ တွင် မော်တော်ဆိုင်ကယ်စီးနင်းခွင့်ပြုပြီး ကျန် ၃၃မြို့နယ်ကိုမော်တော်ဆိုင်ကယ်စီး နင်းခွင့်မပြုဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အမိန့်ထုတ်ထားသော်လည်း၎င်းင်း အမိန့်မှာအသက်မ၀င်ဘဲလိုင်စင်မဲ့ကယ်ရီ ဆိုင်ကယ်များပြေးဆွဲနေကြသည်ကိုထောက် ကြန့်မြို့နှင့်အခြားမြို့နယ်များတွင်ပါတွေ့မြင် နေရပါသည်။ ထောက်ကြန့်ရဲစခန်းက လိုင်စင်မဲ့ကယ်ရီသမားများကို အဖမ်းပြပြီး အခြားသူထံမှလိုင်စင် ပြသနိုင်ပါက ငွေ လေးသောင်းကျပ်မှ ငါးသောင်းကျပ်ယူပြီး ပြန်လွှတ်ပေးနေကြောင်း သိရပါသည်။

လိုင်စင်မဲ့ကယ်ရီသမားများနှင့် လိုင် စင်မဲ့ဘေးတွဲဆိုင်ကယ်သမားများက ကျွန်တော်တို့အနှေးယာဉ်လုပ်သားများ ကို အတိုက်ခံပြုပြီး ဈေးဖျက်ကာ ပြေးဆွဲ ပေးနေကြပါသည်။ အနှေးယာဉ်လုပ် သားများမှာ ခရီးသည်မရသဖြင့် အုံနာ ကြေးကို မှန်မှန်မပေးနိုင်ကြဘဲ မိသားစု စားဝတ်နေရေးအတော်ပင်ဒုက်္ခရောက်နေ ကြပါသည်။ သို့ပါသောကြောင့် တာဝန် ရှိသူများအနေဖြင့် လိုင်စင်မဲ့ကယ်ရီသမား များနှင့် လိုင်စင်မဲ့ဘေးတွဲဆိုင်ကယ်သမား များက အနှေးယာဉ်လုပ်သားများအပေါ် တရားမဲ့ဆောင်ရွက်နေခြင်းကို ထိရောက် စွာအရေးယူပေးပါရန် အယ်ဒီတာမှတစ် ဆင့်အသနားခံတင်ပြလိုက်ရပါသည်။

 

အနှေးယာဉ်လုပ်သားများ

Date: 
Tuesday, May 2, 2017