ကျိုက်ထီးရိုးဒေသ ဖွံ့ ဖြိုးတိုးတက်ရေးဇုန် ဇန်န၀ါရီလတွင် အကောင်အထည်ဖော်မည်

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးသာသနာ့နယ်မြေပိုမိုဖွံ့ဖြိုး တိုးတက်စေရန် ကျိုက်ထီးရိုးဒေသဖွံ့ဖြိုး တိုးတက်ရေးဇုန်ကို မွန်ပြည်နယ်အစိုးရ က ဦးဆောင်၍ ဇန်န၀ါရီလတွင်စတင် အကောင်အထည်ဖော်မည်ဟုမွန်ဝန်ကြီး ချုပ်ဒေါက်တာအေးဇံကပြောသည်။

“စီမံကိန်းကအကြီးကြီး။အခုဒီဇိုင်းဆွဲ နေဆဲပဲ။ ဒီစီမံကိန်းရဲ့ရည်ရွယ်ချက်က တော့ အချက်၂၀လောက်ရှိတယ်။ (၁) စီးပွားရေးမဆန်ဘဲ အများပြည်သူ အပန်း ဖြေနားနေခရီးသွားလာမှုလွယ်ကူအောင်၊ ယာဉ်ကြောကျပ်တည်းမှုမရှိအောင်နောင် ၁၀ နှစ်လောက်မှာများလာမယ့် ဘုရား   ဖူးလူဦးရေအကုန်လုံးတွက်ချက်ပြီး ကျွန် တော်တို့ အစိုးရအနေနဲ့ ကြီးမားတဲ့ဇုန် ဆောက်ဖို့  ဆုံးဖြတ်ခဲ့တာဖြစ်တယ်” ဟု မွန်ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာအေးဇံ ကပြောသည်။

အဆိုပါစီမံကိန်းအကောင်အထည် ဖော်ဆောင်မည့်မြေနေရာမှာ စက်မှု၂ ၀န်ကြီးဌာနမှကစွန့်လိုက်သည့်မြေဖြစ်ပြီး  မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်ပွန်း စခန်းမှနှစ်မိုင်ခန့်အကွာရှိဝင်းကလော့ ကျေးရွာအနီးမြေဧက၅၀၀ပေါ်၌စီမံကိန်း လုပ်ဆောင်မည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းဇုန်အတွင်း ကျိုက်ထီး ရိုးဘုရားဖူးကားများနားနေနိုင်ရန် ကား ၀င်း၊  ဟိုတယ်ဇုန်၊  Supermarket  အပါ အ၀င်ဘုရားဖူးများအနားယူအပန်းဖြေ နိုင်ရန် အဆောက်အအုံများ၊ ဆင်စခန်း၊ မြင်းစခန်း၊ စာသောက်ဆိုင်များ၊ တောင် တက်ကားစခန်းများစသည်တို့ပါဝင်မည် ဖြစ်ကြောင်း သိရသည်။

“ဒီစီမံကိန်းကိုအကောင်အထည်ဖော် ဆောင်တာအရမ်းကောင်းတယ်။ ဒေသခံ တွေအတွက် အလုပ်အကိုင် အခွင့်လမ်း တွေပေါလာမယ်။ ကျိုက်ထိုမြို့လည်း စနစ်တကျနဲ့စည်ကားလာမယ်။ ဒီစီမံကိန်း ဇုန်ကြီးအကောင်အထည် ဖော်ဖြစ်ရင် ဒီဇုန်မှာဟိုတယ်၊ တည်းခိုခန်း၊ နားနေ ဆောင်တွေ၊စားသောက်ဆိုင်တွေ၊ အနယ် နယ်အရပ်ရပ်ကလာတဲ့ ကားတွေရပ်နား နိုင်မည့် ကားဝင်းဒါတွေ ပါလာမယ်ဆိုတဲ့ အတွက်အရမ်းကောင်းတယ်”ဟုကျိုက်ထို မြို့နယ်မှဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစီမံကိန်းကိုယခင်အစိုးရ လက်ထက်တွင် အကောင်အထည်ဖော် ဆောင်ရန် စီစဉ်မှုများ ရှိခဲ့သော်လည်း လက်တွေ့တွင် အကောင်အထည်ဖော် ဆောင်နိုင်ခြင်း မရရှိဘဲ စီမံကိန်းလုပ် ဆောင်မည်ဟု  အသံများထွက်ပေါ်နေ သည့်အပေါ်စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စီမံကိန်းအနီးပတ်ဝန်းကျင်ရှိ မြေများကို ယခင်အစိုးရလက်ထက်က တည်းကပင်ဝယ်ယူထားမှုများရှိကြောင်း ကျိုက်ထိုမြို့နယ်လွှတ်တော်ကိုယ်စား လှယ်ဦးစိန်မြင့်ကပြောသည်။

ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် သို့နှစ်စဉ်ပြည်တွင်း၊ ပြည်ပဘုရားဖူး ဦးရေသိန်း၂၀နှင့် သိန်း၃၀ ကြားလာ ရောက်ဖူးမြော်လျက်ရှိသည့်အတွက် မွန် ပြည်နယ်အစိုးရအနေဖြင့် နောင်လာမည့် ၁၀ နှစ် တိုးပွားလာနိုင်မည့်ဘုရားဖူး ခရီးသည်များကိုတွက်ချက်၍ စီမံကိန်း အကောင်အထည်ဖော်ဆောင်ရန် စီစဉ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

ချိုမာအောင် (မြစ်မခ)

Date: 
Tuesday, October 31, 2017