ကျိုက်ထီးရိုးတောင်တက်ယာဉ်လိုင်းတွင် ဒေသခံပြည်သူများ၏ယာဉ်များ ပြေးဆွဲခွင့်မရသေးသဖြင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ်္ဂိုလ်ထံ စာပို့တင်ပြ

ကျိုက်ထီးရိုးတောင်တက်ယာဉ်လိုင်း တွင် ဒေသခံပြည်သူများ၏ ယာဉ်များ ပြေးဆွဲခွင့်ရရှိရန် နှစ်နှစ်ကျော်ကြာ တင်ပြ ထားသော်လည်း ထူးခြားမှုမရှိသဖြင့် နိုင်ငံတော်သမ်္မတနှင့် နိုင်ငံတော်အတိုင် ပင်ခံပုဂ်္ဂိုလ်တို့ထံ ဒေသခံလူထုကိုယ်စား ဦးကျော်မင်းဦးအပါ ကိုးဦးတို့က စာများ ပေးပို့၍ အသနားခံတင်ပြလိုက်ကြောင်း သိရသည်။
ဆံတော်ရှင်ကျိုက်ထီးရိုးတောင်သို့ တက်သည့် မော်တော်ယာဉ်လိုင်းတွင် ဒေသခံပြည်သူအစစ်အမှန်တို့၏ တောင် တက်ကားအစီး ၃၀ အား လာမည့် သီတင်းကျွတ်ဘုရားဖူးရာသီပွဲတော်အမီ  ပြေးဆွဲခွင့်ပေးပါရန် ၁၃ ကြိမ်မြောက် တင်ပြခြင်းဖြစ်ကြောင်း၊ ကျိုက်ထီးရိုး တောင်တက်မော်တော်ယာဉ်အသင်းအား စီးပွားရေးလုပ်ငန်းရှင်တစ်စုက ခြယ်လှယ် ချုပ်ကိုင်ထားသဖြင့် အများပိုင် ယာဉ် လိုင်းစစ်စစ် ဖြစ်စေရန် တောင်းဆိုလိုက် ကြောင်း ဦးကျော်မင်းဦးက ပြောသည်။
““ကျွန်တော်တို့ ဒေသခံတွေက အိမ် ပေါင်မြေပေါင်ပြီး ဒီကားတွေကို ရင်းနှီး ထားတာပေါ။ အခုလို ခွင့်ပြုချက်မရ တော့ နှစ်နှစ်ကြာ ရင်းနှီးထားရတဲ့ အတိုး တွေတက်ပြီး တချို့ဆို အိမ်အပေါင်ဆုံး တာတွေ ဖြစ်နေရပါပြီ။ နိုင်ငံတော်အကြီး အကဲတွေအနေနဲ့ ဒါကို ညှာတာထောက် ထားပြီး စီမံပေးဖို့ အသနားခံပါတယ်””ဟု ၎င်းင်းက ပြောသည်။
လက်ရှိပြေးဆွဲနေသည့် ယာဉ်လိုင်း တွင် အချို့သော စီးပွားရေးလုပ်ငန်းရှင် များမှာ မော်တော်ယာဉ်ငါးစီး၊ ခြောက်စီး အထိ ပိုင်ဆိုင်ကြပြီး တစ်နှစ်လျှင် ကား တစ်စီး၏ အမြတ်သိန်း၆၀၀ခန့်ရှိကြောင်း၊ ဒေသခံများမှာ  အလုပ်အကိုင်အခွင့် အလမ်း ရှားပါးလျက်ရှိကြောင်း သိရ သည်။                       
 ဇော်မြင့်
Date: 
Tuesday, September 18, 2018