ကျုံပျော်မြို့နယ်၌ ဘုရားနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ နေအိမ်မပြန်သည့် လူငယ် ၁၀၀ ခန့် နေထိုင်သည့်ခြံဝန်းကို တိုင်းအစိုးရအဖွဲ့ စစ်ဆေးတော့မည်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော် မြို့နယ်၊ လှည်းဆိပ်ကျေးရွာ၌ ဘုရားနှင့် အဆက်အသွယ်ရှိသည်ဟုဆိုကာ နေအိမ်မပြန်သည့် လူငယ် ၁၀၀ ခန့် စုစည်းနေထိုင်သည့်ဧက၀က်ခန့်ရှိခြံဝန်း ကို အစိုးရအဖွဲ့က စစ်ဆေးသွားမည်ဟု နိုဝင်ဘာလ ၁၀ ရက်တွင်ပြုလုပ်သည့် ဧရာဝတီတိုင်းအစိုးရအဖွဲ့ကက်ဘိနက် အစည်းအဝေးတွင်ဆုံးဖြတ်လိုက်ကြောင်း သိရသည်။

အဆိုပါခြံဝန်း၌ ခရစ်ယာန်ဘာ သာဝင်မန်းကျော်စိုးဆိုသူဦးဆောင်သည့် အဖွဲ့သည်ခွင့်ပြုချက်မရှိဘဲ ဘာသာရေး ကိစ်္စများ ဆွေးနွေးခြင်း၊ တရားမ၀င် စုစည်းနေထိုင်ခြင်းကို ခရစ်ယာန်ဘာသာ ရေးဂိုဏ်းသုံးဂိုဏ်းမှ သာသနာပိုင်ဆရာ တော်သုံးဦးက အစိုးရထံတင်ပြခဲ့ကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။

ထို့ပြင် ခြံဝန်းထဲရောက်ရှိသွားသည့် လူငယ်များ၏ မိဘများကလည်း ၎င်းင်းတို့ ၏ သားသမီးများအားအိမ်ပြန်ခေါ်၍ မရတော့ကြောင်း၊ မိဘများကိုလည်း မထောက်ပံ့တော့ကြောင်း၊ စုဝေးနေထိုင်မှု တွင်လည်း ကျား၊ မရောထွေးနေပြီး လိင်မှုဆိုင်ရာအလွဲသုံးစားမှုများရှိနေ ကြောင်း၊ တိုင်းအစိုးရထံတိုင်ကြားခဲ့သဖြင့် အစိုးရအဖွဲ့မှ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့မှစည်ပင်သာယာရေး ၀န်ကြီး ဦးကျော်မြင့်က ပြောသည်။

“ဒီလိုလူစုလူဝေးနဲ့ စုဝေးနေတာက ဘယ်လိုခွင့်ပြုချက်နဲ့ စုဝေးနေထိုင်တာ လဲဆိုတာစစ်ဆေးရမယ်။  ရောက်နေတဲ့ လူငယ်တွေကိုလည်း ဘာသာရေးရည် ရွယ်ချက်နဲ့ စုစည်းနေတယ်ဆိုလည်း စုစည်းခွင့်မရှိဘဲစုစည်းနေတာအရေး ယူရမယ့်ကိစ်္စဖြစ်နေတယ်။ ဥပဒေနဲ့ မညီဘဲ စုစည်းမနေထိုင်ကြဖို့ အသိပေး ပြီးဆောင်ရွက်သွားမယ်”ဟု စည်ပင်သာ ယာရေးဝန်ကြီးဦးကျော်မြင့်ကပြော သည်။

၎င်းင်းခြံဝန်းထဲသို့ ပြည်ထောင်စုသာ သနာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက် အရခရစ်ယာန်အသင်းချုပ်၊ နှစ်ခြင်း ခရစ်ယာန်အသင်းချုပ်၊ ပိုးကရင်အသင်း ချုပ်မှတာဝန်ရှိသူများလာရောက်စစ် ဆေးခဲ့ပြီး တွေ့ရှိချက်များကို ၀န်ကြီးဌာန ထံ ပြန်တင်ပြဖို့ကို စောင့်နေရကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့  ကရင်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူထံမှ သိရသည်။

မြန်မာနိုင်ငံခရစ်ယာန်ကောင်စီ (MCC) ၌ ဂိုဏ်းဂဏပေါင်း၁၃ခုရှိပြီး ခရစ်ယာန်ဘာသာရေးဆိုင်ရာဝတ်ပြု ကိုးကွယ်မှုများ၊ဆွေးနွေးမှုများကို သမ္မာ ကျမ်းစာပါအတိုင်းသက်ဆိုင်ရာဂိုဏ်းဂဏ များကဦးဆောင်မှုဖြင့် စီစဉ်ဆောင်ရွက် နေကြကြောင်း ဂိုဏ်းဂဏပုံစံများကို ခရစ်ယာန်ဘာသာရေးအရခွင့်ပြုထား ခြင်းမရှိသလိုလုပ်လို့လည်းမရကြောင်း မြောင်းမြမြို့စနေအသင်းကျောင်းအုပ် ကြီးစောတင်လေးကပြောသည်။

ခြံထဲရောက်ပြီး ပြန်ခေါ်မရသည့် သူများကို မိဘများညီအစ်ကို မောင်နှမ များကပြန်လည်ခေါ်ဆောင်နိုင်ရန် တရား စွဲဆိုမှုများလုပ်ခဲ့သော်လည်း တရားရုံး ထွက်ဆိုရာတွင် ခြံထဲရောက်နေသည့် အသက် ၁၈ နှစ်ပြည့်ပြီး လူငယ်များက အိမ်မပြန်ဟုထွက်ဆိုခဲ့သဖြင့် တရားရှုံး ခဲ့သည့်မိသားစုများလည်းရှိကြောင်း လှည်းဆိပ်ကျေးရွာဒေသခံများထံမှ သိရ သည်။

“သမီးအစ်မကစင်ကာပူမှာ အလုပ် သွားလုပ်ရင်းချက်(စ်)ကျောင်းသွားတက် ရင်းအဲအဖွဲ့နဲ့တွေ့ပြီးပါသွားတာ၊လွန်ခဲ့တဲ့ လေးနှစ်လောက်က အိမ်ကိုပြန်လာသေး တယ်။ အဲနောက်ပိုင်းလုံးဝမလာတော့ ဘူး။ လွန်ခဲ့တဲ့တစ်လလောက်ကလမ်း မှာသမီးနဲ့ မျက်နှာချင်းဆိုင်တွေ့ပေမယ့် နှုတ်မဆက်ဘူး။ မသိတဲ့သူတွေလိုပဲခြံထဲ ပြန်ဝင်သွားတယ်”ဟုလှည်းဆိပ်ကျေးရွာ နေမနန့်အိအိဇာကပြောသည်။

မိမိတို့အဖွဲ့သည်ဘာသာရေးအဖွဲ့ မဟုတ်ကြောင်း၊ လာရောက်သူများက ခံစားသိရှိပြီး ၎င်းင်းတို့ပဲနားလည်ကြောင်း၊ သာမန်အနေနှင့် မသိနိုင်ကြောင်း၊ ဘုရား၏အသက်နှင့်ဖြစ်တည်နေသည့် မိသားစုသာဖြစ်ကြောင်း၊ ဘုရား၏ထိ တွေ့မှုအား ကိုယ်တိုင်ခံစားရသည်ကို သိသည့်သူများမှမိသားစုများကိုပြော ခဲ့ကြောင်း၊ ဘုရား၏အချစ်၊ ဘုရား၏ အသက်ကိုခံစားရသောမိသားစုများစု ပေါင်းနေထိုင်ခြင်းသာဖြစ်ကြောင်း၊ ခရစ် တော်၏၀ိညာဉ်ကိုရသူသည်ဝိဥာဏ်လူ ဖြစ်ပြီး အပြင်လူများမသိနိုင်ကြောင်း၊ လူအများကိုပြန်မလွှတ်သေးခြင်းကလည်း ၀ိညာဉ်အရခိုင်မာမှုမရှိသေးလို့သာဖြစ် ကြောင်း အဆိုပါခြံဝန်းမှတာဝန်ရှိသူ ဒေါ်နီလာထွန်းကပြောသည်။

အဆိုပါခြံဝန်းထဲ၌ ၂၀၁၁ နှစ် ကုန်မှစကာခရစ်ယာန်ဘာသာနှင့် ပတ် သက်သည့်သင်ကြားမှုများကို ၄၀ ရက် တစ်ဖြတ်စီသင်ကြားပေးနေပြီး သင်တန်း တက်ရန်သွားသူများသည်ငွေကြေးမပေး ရသော်လည်း မိသားစုဝင်များအပါအ၀င် ပြင်ပနှင့် အဆက်အသွယ်ဖြတ်ထားပြီး ပါလာသည့်ငွေနှင့် ဖုန်းများအားသိမ်း ဆည်းခြင်း ပြင်ပအစားအစာများကို လည်း စားသောက်ခွင့်မရခြင်းဖြစ်ကြ ကြောင်း လှည်းဆိပ်ကျေးရွာဒေသခံများ ထံမှ သိရသည်။     မျိုးမင်းထွန်း (မြစ်မခ)

Date: 
Tuesday, November 14, 2017