ချမ်းအေးသာစံမြို့နယ် ရဲအရာရှိအတတ်သင်ကျောင်း(မန္တလေး)ရှိ လူနေတိုက်ခန်း၌ နေထိုင်သူများ သြဂုတ် ၃၁ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရမည်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေး သာစံမြို့နယ်၊ ရဲအရာရှိ အတတ်သင် ကျောင်း(မန္တလေး)ရှိ လူနေတိုက်ခန်း၌ နေထိုင်သူများသည် သြဂုတ် ၃၁ ရက် နောက်ဆုံးထား၍ ဖယ်ရှားပေးရမည်ဖြစ် ကြောင်း ယင်းတိုက်ခန်း၌ နေထိုင်သူ များထံမှ သိရှိရသည်။

၁၉၅၅ ခုနှစ်အစိုးရဥပစာနှင်ထုတ် ခြင်း အက်ဥပဒေအရ သြဂုတ် ၅ ရက် နံနက်ပိုင်းတွင် ပြည်ထဲရေးဝန်ကြီးဌာန အမိန့်ဖြင့်ဖယ်ရှားပေးရန်ဆောင်ရွက်ခဲ့ရာ နေထိုင်သူများနှင့် တာဝန်ရှိသူတို့ နှစ်ဖက် ညှိနှိုင်းမှုများဖြင့် သြဂုတ်လအကုန်ကို ပြောင်းရွှေ့ပေးရန် ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

““အခုကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တို့အနေနဲ့က သမ္မတရုံးအထိ တင်ပြထား ပါတယ်။ သမ္မတရုံးကလည်း အောက် လက်ကိုဆိုင်းငံ့ထားဖို့အတွက် စာထွက် ပေးထားပေမယ့် အောက်လက်ကလည်း သမ္မတရုံးရဲ့အမိန်ကိုတောင် ဆက်လုပ် နေတာဆိုတော့ သမ္မတအနေနဲ့ပါဝါ မရှိ သလိုတောင် ဖြစ်နေပြီ။ အခုဆိုရင် ပြည် သူတွေကလည်း ဒုက်္ခရောက်နေပြီ။ ဒီနေ့ သူတို့လာတဲ့အခါ အခန်းတွေကို သော့ ခတ်ထားတယ်ဆိုရင် သော့ကိုရိုက်ချိုးပြီး လူတွေပါ အရေးယူမယ်လို့ပြောပါတယ်။ ချက်ချင်းထွက်ပေးရမယ်ဆိုတာကတော့ မဖြစ်နိုင်ပါဘူး။ ဒီအတွက် ရဲသိပ္ပံ ကျောင်းက တာဝန်ရှိသူကိုပဲ ကျွန်တော် တို့က ညှိနှိုင်းပြီးနောက် ထပ်တစ်လထပ် စောင့်ပေးဖို့ တောင်းဆိုညှိနှိုင်းခဲ့တဲ့ အတွက် ဒီမှာ နောက်ထပ်တစ်လ ဆက် လက်နေထိုင်ခွင့်ရခဲ့ပါတယ်””ဟု ယင်း တိုက်ခန်း၌ နေထိုင်သူဦးမျိုးအောင်က ပြောသည်။

အဆိုပါ တိုက်ခန်းများ၌ နေထိုင် သူများကို ဖယ်ရှားခိုင်းသည်မှာ လက်ရှိ အကြိမ်သည် တတိယအကြိမ်မြောက် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခန်းများကို ၁၉၉၅ ခုနှစ်ကတည်းကကန်ထရိုက်နှင့် ညှိပြီး ပြည်သူများကိုရောင်းချခဲ့သည့်အတွက် ၁၉၉၆ ခုနှစ်တွင် စတင်ဝယ်ယူကြပြီး ပြည်သူများနေထိုင်ခဲ့ကြရာ လက်ရှိတွင် နေထိုင်သူများကို ကျူးကျော်နေထိုင် သည်ဟုဆိုကာ ဖယ်ခိုင်းကြောင်း သိရ သည်။

““ပြည်သူတွေရဲ့ တင်ပြချက်အရ လိုက်ပြီးစုံစမ်းတဲ့အခါမှာ ဒီမြေက ရဲသိပ်္ပံကျောင်းကပိုင်တဲ့မြေ မဟုတ်ဘူး ဆိုတာကို စည်ပင်မြေယာဌာနက သိရ တယ်။ ဒီကိစ္စကို သမ္မတက ပြန်စိစစ် ရန်ဆိုပြီးပြောထားတာကို သမ္မတအမိန့် ကိုတောင် ဖီဆန်ပြီးလုပ်တယ်ဆိုတာ။ ပြည်သူနဲ့ အစိုးရကို ရန်တိုက်ပေးနေ တာပဲ””ဟု ချမ်းအေးသာစံမြို့နယ် မဲဆန်္ဒ နယ်အမှတ်(၁)မှ တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးအောင်ရွှေက ပြောသည်။         

    မင်းခန့်(မြစ်မခ)

 

Date: 
Tuesday, August 7, 2018