စကားဝါချောင်ကျောင်းတိုက် ဂေါပကဖွဲ့စည်းခြင်းနှင့် ပတ်သက်၍ ပုပ်္ပားကျေးရွာဒေသခံများ ကျောက်ပန်းတောင်းမြို့ ၌ဆန္ဒဖော်ထုတ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက် ပန်းတောင်းမြို့နယ်၊ ပုပ်္ပားတောင်ကလပ် စကားဝါချောင်မြေ၊ အောင်မင်းခေါင် ကျောင်းတိုက်ဂေါပကဖွဲ့စည်းမှုနှင့် ပတ် သက်သည့်ဆန်္ဒဖော်ထုတ်ပွဲတစ်ရပ်ကို ကျောက်ပန်းတောင်းမြို့၊ မြတ်ရွှေဂူစာ သင်တိုက်ရှေ့၌ ဇန်န၀ါရီ ၂၆ ရက် မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ပုပ်္ပားကျေးရွာ ဒေသခံအင်အား ၁၀၀ ကျော်ဖြင့်ပြု လုပ်ခဲ့ကြောင်း သိရသည်။

“ဂေါပကဖွဲ့ဖို့ကိစ္စကို သာသာနာရေး ကတာဝန်ရှိသူတွေ ဆက်လုပ်နေတာ ကြောင့် ဒါနဲ့ဆိုဆန္ဒပြတာ(၅)ကြိမ်ရှိသွား ပါပြီ။ နိုင်ငံတော်သံဃမဟာနာယက အဖွဲ့ကထုတ်ပြန်တဲ့ ညွှန်ကြားလွှာ (၃၆) အရဘုန်းတော်ကြီးကျောင်းတိုက်မှာ ဂေါပကဖွဲ့စည်းဖို့မလိုအပ်ဘူးလို့သိထား ပါတယ်။ နာယကဆရာတော်ကြီးတွေက ညွှန်ကြားထားတာတောင်သူတို့ကဘာ လို့ဂေါပကဖွဲ့ချင်နေရတာလဲမသိဘူး”ဟု ငြိမ်းချမ်းစွာ ဆန်္ဒဖော်ထုတ်ရာတွင် ဦး ဆောင်သူ ကိုဟိန်းဇော်ဝင်း(ခ)ဖိုးသားက ပြောသည်။

ဒေသတွင်းသာသနာရေးတာဝန်ရှိ သူများစီစဉ်ထားသည့်ဂေါပကအဖွဲ့တွင် ဥပဒေပုဒ်မ၄၀၆/၄၄၇ တို့ဖြင့် တရားစွဲ ဆိုခံထားရသူများပါရှိနေခြင်းအား ဘုန်းတော်ကြီးကျောင်းဆွမ်းကွမ်းဒါယ ကာ၊ ဒါယိကာမများကလက်မခံနိုင်ကြ ၍ (၄) ကြိမ်တိုင်တိုင်ဆန္ဒထုတ်ဖော်ခဲ့ သော်လည်းလျစ်လျူရှုခံနေရကြောင်း၊ ဂေါပကဖွဲ့စည်းမှုလုပ်ငန်းအား ညောင်ဦး ခရိုင်သာသနာရေးဦးစီးဌာနနှင့် ကျောက် ပန်းတောင်းမြို့နယ်သံဃနာယကအဖွဲ့က အတည်ပြုရန် ဆက်လက်ဆောင်ရွက်နေ သည့်အတွက် (၅) ကြိမ်မြောက်ဆန္ဒဖော် ထုတ်ရခြင်းဖြစ်ကြောင်း ဦးဆောင်သူက ရှင်းပြသည်။

ဆန္ဒဖော်ထုတ်ပွဲတွင် “စကားဝါ ချောင်အောင်မင်းခေါင်ကျောင်းတိုက် တွင် တရားရုံး၌အမှုရင်ဆိုင်နေရသော ဂေါပကများပါဝင်နေသည့်အတွက် ဂေါပကဖွဲ့စည်းခြင်းကို လက်မခံနိုင်ပါ”ဟု ရေးထိုးထားသောဗီနိုင်းများကိုကိုင်ဆောင် ၍ ငြိမ်းချမ်းစွာဆန်္ဒဖော်ထုတ်ခဲ့ကြောင်း၊ ကျောက်ပန်းတောင်းမြို့သို့အစည်းအဝေး တက်ရောက်ရန်လာသည့် အောင်မင်း ခေါင်ကျောင်းတိုက်ဆရာတော်အား အစည်းအဝေးတက်ရောက်ခြင်းမပြုပါရန် ဆန္ဒဖော်ထုတ်သူများက၀ိုင်းဝန်းတောင်း ပန်လျောက်ထားသဖြင့် ဆရာတော်က လက်ခံကာစကားဝါချောင်ကျောင်းတိုက် သို့ပြန်လည်ကြွချီသွားကြောင်း သိရ သည်။

“ဆွမ်းကွမ်းကအစ ဒီဒကာ၊ ဒကာမ တွေကပဲလှူဒါန်းကြတာ။ သူတို့က ဂေါပကဖွဲ့ဖို့မလိုလားဘူးဆိုပြီး ဆန္ဒတွေ အကြိမ်ကြိမ်ဖော်ထုတ်နေကြတယ်။ ကျောင်းတိုက်မှာလည်း ကပ်္ပိယကာရက ပြည့်စုံစွာရှိတယ်။ ဒကာ၊ဒကာမတွေ ဆန်္ဒကလည်း  ဒီတစ်ကြိမ်လျစ်လျူရှုလို့ မကောင်းတော့ဘူးဆိုတော့ ဘုန်းကြီး အနေနဲ့လည်း ဂေါပကဖွဲ့ဖို့ကိစ္စကိုမလုပ် စေချင်တော့ဘူး”ဟု ပုပ်္ပားတောင်ကလပ် စကားဝါချောင်ကျောင်းတိုက်ဆရာတော် ဦးကုသလကမိန့်ကြားသည်။

အဆိုပါဆန္ဒဖော်ထုတ်နေမှုနှင့် ပတ်သက်၍ ခရိုင်သာသနာရေးဦးစီးမှူး ဦးအား မီဒီယာများကသဘောထားမှတ် ချက်တောင်းခံရာမည်သည့်မှတ်ချက်မှ မပြုလိုကြောင်း ပြန်လည်ပြောကြား ခဲ့သည်။                 စိန်မင်း(မကွေး)

Date: 
Tuesday, January 30, 2018